သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလေၾကာင္းက ပစ္ခတ္မႈ စစ္ကိုင္းတိုင္း ႐ြာသားတခ်ိဳ႕ထိခိုက္ေသဆုံး (ေဒသခံမ်ား)


စစ္ကိုင္းတိုင္း ကၽြန္းလွျမဳိ႕

[[ ZAWGYI / UNICODE ]]

ေလေၾကာင္းက ပစ္ခတ္မႈ စစ္ကိုင္းတိုင္း ႐ြာသားတခ်ိဳ႕ထိခိုက္ေသဆုံး (ေဒသခံမ်ား)

စစ္ကိုင္းတိုင္း ကြၽန္းလွနဲ႔ ေကာလင္းနယ္အစပ္က ေက်း႐ြာေတြကို ဒီကေန႔ ညေနပိုင္းကစၿပီး စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဩဂုတ္လ ၂၃ရက္ေန႔ျဖစ္တဲ့ ေဒသတြင္းတိုက္ပြဲမွာ အရပ္သားထိခိုက္ေသဆုံးမႈရွိသလို၊ ေက်း႐ြာ ၃၀ ထက္မနည္းက ေဒသခံေတြ အိုးအိမ္စြန႔္ပစ္ ထြက္ေျပးရတယ္လို႔သိရပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာကို မျမသဇင္ေအာင္က ေျပာျပပါမယ္။

ၾသဂုတ္ ၂၅ ရက္ ေန႔လည္ ၃ နာရီေက်ာ္မွာ ကြၽန္းလွၿမိဳ႕နယ္နဲ႔ ေကာလင္းၿမိဳ႕အစပ္က သဖန္းဆိပ္အေနာက္မွာ ရွိတဲ့ တည္ပင္ဆိပ္ ႐ြာေရွ႕ သိုက္ပင္ဆိပ္ ရွမ္းကုန္း ဆိပ္ဖူး စတဲ့ေက်း႐ြာေတြကို စစ္တပ္က ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ၿပီးေနာက္၊ တည္ပင္ဆိပ္ေက်း႐ြာမွာ စစ္ေကာင္စီတပ္သားေတြ တပ္စြဲေနတယ္လို႔ ေဒသခံတဦးက ဗြီအိုေအကိုေျပာပါတယ္။

“ကြၽန္းလွနယ္ေပါ့ေလ သူတို႔ တည္ပင္ဆိပ္နားကို ပစ္ၿပီးေတာ့မွ အဲ့နားေလးကို ေအာင္ခ်မ္းသာ႐ြာက ဟိုဟာေတြ (စစ္ေကာင္စီတပ္) ကို ကဲ့ၿပီးေတာ့မွ တည္ပင္ဆိပ္ကို ခ်တယ္လို႔ေျပာတယ္။ ဒီအတိုင္းပဲပစ္ၿပီးေတာ့ ေအာက္ကို စစ္ေၾကာင္းကို လမ္းေၾကာင္းရွင္းတဲ့ ပုံစံထင္ပါတယ္။ အခုက ႐ြာထဲက လူေတြကလည္း ေျပးၾကလႊားၾကဆိုေတာ့ေလ။”

အခုေလေၾကာင္းကေန ပစ္ခံရတဲ့ ေက်း႐ြာေတြအနီးမွာ တိုက္ပြဲေတြ ျဖစ္ပြားတာမရွိဘဲ ႐ုတ္တရက္ လာေရာက္ပစ္ခတ္ၿပီး၊ စစ္ေကာင္စီတပ္သားေတြကို ရဟတ္ယာဥ္နဲ႔ လာခ်သြားတာလို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီဖက္ကေတာ့ ဒါကို တစုံတရာထုတ္ျပန္တာမ်ိဳးမရွိေသးပါဘူး။

ကြၽန္းလွၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီက စစ္ေၾကာင္း ၂ ေၾကာင္းနဲ႔ နယ္ေျမရွင္းလင္းတာေတြ လုပ္ေနတဲ့အတြက္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေရးတင္းမာေနတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ကန႔္ဘလူၿမိဳ႕နယ္နဲ႔ ေကာလင္းအစပ္ ေအာင္ခ်မ္းသာေက်း႐ြာအနီးမွာေတာ့ ၾသဂုတ္လ ၂၃ ရက္ေန႔က စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူကာကြယ္ေရးတပ္ဖြဲ႕ေတြအၾကား ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး၊ စစ္ေကာင္စီတပ္ေတြဖက္က ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္မႈေတြ လုပ္ခဲ့တယ္လို႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။ အဲဒီမွာ စစ္ေဘးေရွာင္ေနၾကတဲ့ ေကာလင္းၿမိဳ႕နယ္ေနာက္ျခမ္း ေက်း႐ြာတ႐ြာက အမ်ိဴးသမီးတစ္ဦးနဲ႔ ကေလး ၂ ဦး ေသဆုံးခဲ့တယ္လို႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

“တိုက္ၾကတာ စကစဖက္က ၃၀ ေလာက္က်တယ္လို႔ၾကားတယ္။ ကြၽန္ေတာ္တို႔လည္း ေလယာဥ္နဲ႔ Jet Fighter နဲ႔ ၃ ႀကိမ္၊ ေနာက္ ကြၽန္ေတာ္တို႔ အေပၚက ပုစဥ္းနဲ႔က ၂ ေခါက္လာပစ္ေတာ့ ကြၽန္ေတာ္တို႔လည္း ကိုယ့္႐ြာကိုျပန္ ဆုတ္ေျပးခဲ့၇တာေပါ့။ ကြၽန္ေတာ္တို႔ဖက္ ၃ ေယာက္ေလာက္ေတာ့ထိတယ္ မစိုးရိမ္ရဘူး။ အဲ့ဒီတိုက္ပြဲ ၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္တို႔ဖက္က ပကဖေတြေရာ PDF ေတြေရာ အကုန္ေရွာင္ေနရေတာ့ သူတို႔ေတြ ညဖက္ကို Jet Fighter နဲ႔ ဗုံးလာႀကဲေသးတယ္။ အဲ့မွာ ကြၽန္ေတာ္တို႔ ျပည္သူ သာားအမိ ၃ ေယာက္ အဲ့မွာ ဆုံးသြားတာေပါ့၊ ဗုံးမိၿပီးေတာ့။ ႐ြာစြန္မွာ ေနတဲ့ျပည္သူေတြေပါ့၊ တိုက္ပြဲေၾကာက္လို႔ ႐ြာစြန္ထြက္ေနတာ ဗုံးမိတာေပါ့။”

လက္ရွိ ကန႔္ဘလူ၊ ေကာလင္း၊ ကြၽန္းလွ နယ္ေတြမွာ စစ္ေကာင္စီဖက္က ဆက္တိုက္ထိုးစစ္ဆင္လာေနမႈ ေၾကာင့္ အဲ့ဒီနယ္အတြင္းက ေက်း႐ြာေတြက ေဒသခံေတြ အိုးအိမ္စြန႔္ခြာ တိမ္းေရွာင္ေနၾကရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေၾကာင္းထိုးလာတဲ့အခ်ိန္ အေျပးအလြားေရွာင္ၾကရတာျဖစ္တဲ့အတြက္ ေနေရးနဲ႔ စားေသာာက္ေရး ခက္ခဲမွႈေတြ ရွိၾကသလို ေဆးဝါးလိုအပ္ခ်က္ေတြလည္း ရွိတယ္လို႔ ေျပာၾကပါတယ္။

“ေတာ္ေတာ္မ်ားမ်ား စစ္ေရွာင္ေနရတယ္ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ပဲ။ တစ္ခ်ိဳ႕လည္း ႐ြာေတြ၊ စစ္လြတ္တဲ့ ႐ြာေတြဆီကို ေျပးရတာေတြရွိတယ္။ တခ်ိဳ႕လည္းေတာတိုက္ေတြထဲမွာ ေတာင္သူလုပ္ရင္းနဲ႔ ပုန္းေနရတဲ့သူ ေတြရွိတယ္။ေတာထဲ တဲထိုးၿပီး ေရွာင္ပုန္း၇တာေတြရွိတယ္။ အကုန္လုံးက ဒုကခေတြေရာက္ေနၾကတယ္။ ေရွာင္ေျပးရတာက သူတို႔ ဝင္လာၿပီဆိုေတာ့ ေတာထဲက ထြက္ၿပီးေတာ့ ေဘာင္းဒိုင္း ေဘာင္းဒိုင္းနဲ႔ပစ္တာ ဆိုေတာ့ အကုန္လုံး ေျခလြတ္ေျပးရတာေတြ။ ဘယ္ႏွ႐ြာေလာက္ေရွာင္ရလဲဆို ကန႔္ဘလူ၊ ေကာလင္း၊ ကြၽန္းလွ တစ္နယ္လုံးပဲ။ ႐ြာ ၂၀၊ ၃၀ ဆိုတာ ကြၽန္ေတာ္ေျပာရင္ နည္းေတာင္နည္းအုံးမယ္။ လိုတာေတာ့ အကုန္လိုတာပဲ ေဆးဝါးဘာမ် မရွိဘူး ဒီဖက္မွာက။ ရိက္ခါဆိုတဲ့ဟာက မွ်ေဝေပါ့၊ ခုေတာ့မွ်ေဝႏိုင္ေသးတယ္ေလ ရွိတာေလးကို။ သူတို႔ေတြကလည္း ႐ြာတစ္႐ြာဝင္လိုက္ၿပီဆိုရင္ အကုန္ရႈိ႕တာကိုး၊ စပါးတိုက္ေတြကို ဦးစားေပးၿပီး အကုန္ရႈိ႕တာဆိုေတာ့ ေျမလွန္စနစ္နဲ႔ သြားေနတာဆိုေတာ့ ရွိတဲ့ အရႈိ႕မခံရေသးတဲ့ ႐ြာက ရိက္ခါ မွ်ေဝစားေပါ့၊ အဲ့လိုပဲ လုပ္ေနရတယ္။”

စစ္ကိုင္းတိုင္းအတြင္း ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတဲ့အတြက္ ထိုးစစ္ဆင္တာလို႔ စစ္ေကာင္စီဘက္က အေၾကာင္းျပ ေျပာဆိုခဲ့ဖူးပါတယ္။ ေဒသခံေတြကလည္း နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးအတြင္းမွာ သူတို႔ ေက်း႐ြာေနအိမ္ေတြကို စစ္တပ္ဘက္က မီးရႈိ႕ဖ်က္ဆီးတာကို ခံရတယ္ဆိုၿပီး ေျပာဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{UNICODE}}

လေကြောင်းက ပစ်ခတ်မှု စစ်ကိုင်းတိုင်း ရွာသားတချို့ထိခိုက်သေဆုံး (ဒေသခံများ)

စစ်ကိုင်းတိုင်း ကျွန်းလှနဲ့ ကောလင်းနယ်အစပ်က ကျေးရွာတွေကို ဒီကနေ့ ညနေပိုင်းကစပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လ ၂၃ရက်နေ့ဖြစ်တဲ့ ဒေသတွင်းတိုက်ပွဲမှာ အရပ်သားထိခိုက်သေဆုံးမှုရှိသလို၊ ကျေးရွာ ၃၀ ထက်မနည်းက ဒေသခံတွေ အိုးအိမ်စွန့်ပစ် ထွက်ပြေးရတယ်လို့သိရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မမြသဇင်အောင်က ပြောပြပါမယ်။

သြဂုတ် ၂၅ ရက် နေ့လည် ၃ နာရီကျော်မှာ ကျွန်းလှမြို့နယ်နဲ့ ကောလင်းမြို့အစပ်က သဖန်းဆိပ်အနောက်မှာ ရှိတဲ့ တည်ပင်ဆိပ် ရွာရှေ့ သိုက်ပင်ဆိပ် ရှမ်းကုန်း ဆိပ်ဖူး စတဲ့ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီးနောက်၊ တည်ပင်ဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတယ်လို့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“ကျွန်းလှနယ်ပေါ့လေ သူတို့ တည်ပင်ဆိပ်နားကို ပစ်ပြီးတော့မှ အဲ့နားလေးကို အောင်ချမ်းသာရွာက ဟိုဟာတွေ (စစ်ကောင်စီတပ်) ကို ကဲ့ပြီးတော့မှ တည်ပင်ဆိပ်ကို ချတယ်လို့ပြောတယ်။ ဒီအတိုင်းပဲပစ်ပြီးတော့ အောက်ကို စစ်ကြောင်းကို လမ်းကြောင်းရှင်းတဲ့ ပုံစံထင်ပါတယ်။ အခုက ရွာထဲက လူတွေကလည်း ပြေးကြလွှားကြဆိုတော့လေ။”

အခုလေကြောင်းကနေ ပစ်ခံရတဲ့ ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ ရုတ်တရက် လာရောက်ပစ်ခတ်ပြီး၊ စစ်ကောင်စီတပ်သားတွေကို ရဟတ်ယာဉ်နဲ့ လာချသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဖက်ကတော့ ဒါကို တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ကျွန်းလှမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းနဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်နေတဲ့အတွက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်နဲ့ ကောလင်းအစပ် အောင်ချမ်းသာကျေးရွာအနီးမှာတော့ သြဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်တွေဖက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီမှာ စစ်ဘေးရှောင်နေကြတဲ့ ကောလင်းမြို့နယ်နောက်ခြမ်း ကျေးရွာတရွာက အမျိူးသမီးတစ်ဦးနဲ့ ကလေး ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“တိုက်ကြတာ စကစဖက်က ၃၀ လောက်ကျတယ်လို့ကြားတယ်။ ကျွန်တော်တို့လည်း လေယာဉ်နဲ့ Jet Fighter နဲ့ ၃ ကြိမ်၊ နောက် ကျွန်တော်တို့ အပေါ်က ပုစဉ်းနဲ့က ၂ ခေါက်လာပစ်တော့ ကျွန်တော်တို့လည်း ကိုယ့်ရွာကိုပြန် ဆုတ်ပြေးခဲ့၇တာပေါ့။ ကျွန်တော်တို့ဖက် ၃ ယောက်လောက်တော့ထိတယ် မစိုးရိမ်ရဘူး။ အဲ့ဒီတိုက်ပွဲ ပြီးတဲ့နောက်မှာ ကျွန်တော်တို့ဖက်က ပကဖတွေရော PDF တွေရော အကုန်ရှောင်နေရတော့ သူတို့တွေ ညဖက်ကို Jet Fighter နဲ့ ဗုံးလာကြဲသေးတယ်။ အဲ့မှာ ကျွန်တော်တို့ ပြည်သူ သာားအမိ ၃ ယောက် အဲ့မှာ ဆုံးသွားတာပေါ့၊ ဗုံးမိပြီးတော့။ ရွာစွန်မှာ နေတဲ့ပြည်သူတွေပေါ့၊ တိုက်ပွဲကြောက်လို့ ရွာစွန်ထွက်နေတာ ဗုံးမိတာပေါ့။”

လက်ရှိ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ နယ်တွေမှာ စစ်ကောင်စီဖက်က ဆက်တိုက်ထိုးစစ်ဆင်လာနေမှု ကြောင့် အဲ့ဒီနယ်အတွင်းက ကျေးရွာတွေက ဒေသခံတွေ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့အချိန် အပြေးအလွားရှောင်ကြရတာဖြစ်တဲ့အတွက် နေရေးနဲ့ စားသောာက်ရေး ခက်ခဲမှှုတွေ ရှိကြသလို ဆေးဝါးလိုအပ်ချက်တွေလည်း ရှိတယ်လို့ ပြောကြပါတယ်။

“တော်တော်များများ စစ်ရှောင်နေရတယ် ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ။ တစ်ချို့လည်း ရွာတွေ၊ စစ်လွတ်တဲ့ ရွာတွေဆီကို ပြေးရတာတွေရှိတယ်။ တချို့လည်းတောတိုက်တွေထဲမှာ တောင်သူလုပ်ရင်းနဲ့ ပုန်းနေရတဲ့သူ တွေရှိတယ်။တောထဲ တဲထိုးပြီး ရှောင်ပုန်း၇တာတွေရှိတယ်။ အကုန်လုံးက ဒုကခတွေရောက်နေကြတယ်။ ရှောင်ပြေးရတာက သူတို့ ဝင်လာပြီဆိုတော့ တောထဲက ထွက်ပြီးတော့ ဘောင်းဒိုင်း ဘောင်းဒိုင်းနဲ့ပစ်တာ ဆိုတော့ အကုန်လုံး ခြေလွတ်ပြေးရတာတွေ။ ဘယ်နှရွာလောက်ရှောင်ရလဲဆို ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ တစ်နယ်လုံးပဲ။ ရွာ ၂၀၊ ၃၀ ဆိုတာ ကျွန်တော်ပြောရင် နည်းတောင်နည်းအုံးမယ်။ လိုတာတော့ အကုန်လိုတာပဲ ဆေးဝါးဘာမျ မရှိဘူး ဒီဖက်မှာက။ ရိက်ခါဆိုတဲ့ဟာက မျှဝေပေါ့၊ ခုတော့မျှဝေနိုင်သေးတယ်လေ ရှိတာလေးကို။ သူတို့တွေကလည်း ရွာတစ်ရွာဝင်လိုက်ပြီဆိုရင် အကုန်ရှို့တာကိုး၊ စပါးတိုက်တွေကို ဦးစားပေးပြီး အကုန်ရှို့တာဆိုတော့ မြေလှန်စနစ်နဲ့ သွားနေတာဆိုတော့ ရှိတဲ့ အရှို့မခံရသေးတဲ့ ရွာက ရိက်ခါ မျှဝေစားပေါ့၊ အဲ့လိုပဲ လုပ်နေရတယ်။”

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတဲ့အတွက် ထိုးစစ်ဆင်တာလို့ စစ်ကောင်စီဘက်က အကြောင်းပြ ပြောဆိုခဲ့ဖူးပါတယ်။ ဒေသခံတွေကလည်း နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်းမှာ သူတို့ ကျေးရွာနေအိမ်တွေကို စစ်တပ်ဘက်က မီးရှို့ဖျက်ဆီးတာကို ခံရတယ်ဆိုပြီး ပြောဆိုနေပါတယ်။

XS
SM
MD
LG