သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား ေခါင္းေဆာင္ေဟာင္း ဂိုဗာေခ်ာ့ဗ္ ကြယ္လြန္


ဆိုဗီယက္ ယူနီယံေခါင္းေဆာင္ေဟာင္း မီေခး ဂိုဗာေခ်ာ့ဗ္ ( ၂၀၁၆ ဒီဇင္ဘာ - ပုံေဟာင္း )

[[ ZAWGYI / UNICODE ]]

႐ုရွားေခါင္းေဆာင္ေဟာင္း ဂိုဗာေခ်ာ့ဗ္ ကြယ္လြန္

တခ်ိန္က ဆိုဗီယက္ ယူနီယံေခါင္းေဆာင္ Mikhail Gorbachev ကြယ္လြန္ေၾကာင္း ႐ုရွားသတင္းမီဒီယာေတြက ေဖာ္ျပလိုက္ၾကပါတယ္။

အသက္ ၉၁ ႏွစ္အ႐ြယ္ ႐ုရွားေခါင္းေဆာင္ေဟာင္းဟာ နာတာရွည္ ေရာဂါေဝဒနာ ခံစားခဲ့ရၿပီးေနာက္ ကြယ္လြန္သြားေၾကာင္း ေဆး႐ုံတာဝန္ရွိသူေတြကို ကိုးကားၿပီး ေဖာ္ျပခဲ့ၾကတာပါ။ Gorbachev ရဲ႕ ႐ုံးကေတာ့ Central Clinical Hospital မွာ ေဆးကုသမႈ ခံယူေနေၾကာင္း အေစာပိုင္းမွာ သတင္းထုတ္ျပန္ထားပါတယ္။

ကြယ္လြန္သူ ႐ုရွားေခါင္းေဆာင္ေဟာင္းဟာ စစ္ေအးေခတ္ကို ေသြးထြက္သံယို မရွိေအာင္ အဆုံးသတ္ခဲ့သူအျဖစ္ ၁၉၉၀ ျပည့္ႏွစ္မွာ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆု ရရွိခဲ့ဖူးပါတယ္။

တခ်ိန္က ဆိုဗီယက္ ယူနီယံရဲ႕ ေနာက္ဆုံး သမၼတအျဖစ္ အေမရိကန္နဲ႔ လက္နက္ေလွ်ာ့ခ်ေရး ေစ့စပ္ညႇိႏႈိင္းႏိုင္ခဲ့သလို၊ ဒုတိယကမာၻစစ္ေနာက္ပိုင္း ဥေရာပကို ပိုင္းျခားထားတဲ့ သံကန႔္လန႔္ကာနဲ႔ ဂ်ာမနီႏိုင္ငံ ျပန္လည္ေပါင္းစည္းေရးကိုလည္း အေနာက္မဟာမိတ္ေတြနဲ႔အတူ ေဆာင္က်ဥ္းေပးခဲ့သူ အျဖစ္နဲ႔လည္း ထင္ရွားခဲ့တာပါ။

သူ႔အရင္ ႐ုရွားေခါင္းေဆာင္ေတြလက္ထက္ ၁၉၅၆ ခုႏွစ္က ဟန္ေဂရီနဲ႔ ၁၉၆၈ ခုႏွစ္ ခ်က္ကို-ဆလိုဗက္ကီးယားတို႔မွာ အုံႂကြမႈေတြကို အျပင္းအထန္ ႏွိမ္နင္းခဲ့ဖူးေပမဲ့ အေရွ႕ဥေရာပ ကြန္ျမဴနစ္ႏိုင္ငံေတြမွာ ၁၉၈၉ ခုႏွစ္ အုံႂကြမႈေတြကို အင္အားမသုံးပဲ ထိန္းထိန္းသိမ္းသိမ္း ကိုင္တြယ္ခဲ့သူလည္း ျဖစ္ပါတယ္။

၁၉၈၆ ခုႏွစ္မွာ ဆိုဗီယက္ ကြန္ျမဴနစ္ပါတီ အေထြေထြ အတြင္းေရးမႉးအျဖစ္ စတင္တာဝန္ယူခဲ့ၿပီး ႏိုင္ငံေရး၊ စီးပြားေရး လြတ္လပ္ခြင့္ တခ်ိဳ႕ရရွိလာခဲ့ေပမဲ့ ေနာက္ပိုင္းမွာ ဆိုဗီယက္ယူနီယံ ၿပိဳကြဲတဲ့အေျခအေနကို ဦးတည္ခဲ့တာပါ။

ဇြန္လ ၃၀ ရက္ေန႔က Gorbachev ကို ေဆး႐ုံမွာ သြားၾကည့္ခဲ့တဲ့ လစ္ဘရယ္စီးပြားေရး ပညာရွင္ Ruslan Grinberg ကေတာ့ “သူဟာ က်ေနာ္တို႔ကို လြတ္လပ္ခြင့္ေတြ အားလုံးေပးခဲ့ေပမဲ့၊ က်ေနာ္တို႔က ဘာလုပ္ရမွန္း မသိၾကဘူး။” လို႔ ကာကြယ္ေရးစာေစာင္ Zvezda ကို မွတ္ခ်က္ေပးခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

{{ UNICODE }}

ရုရှားခေါင်းဆောင်ဟောင်း ဂိုဗာချော့ဗ် ကွယ်လွန်

တချိန်က ဆိုဗီယက် ယူနီယံခေါင်းဆောင် Mikhail Gorbachev ကွယ်လွန်ကြောင်း ရုရှားသတင်းမီဒီယာတွေက ဖော်ပြလိုက်ကြပါတယ်။

အသက် ၉၁ နှစ်အရွယ် ရုရှားခေါင်းဆောင်ဟောင်းဟာ နာတာရှည် ရောဂါဝေဒနာ ခံစားခဲ့ရပြီးနောက် ကွယ်လွန်သွားကြောင်း ဆေးရုံတာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြခဲ့ကြတာပါ။ Gorbachev ရဲ့ ရုံးကတော့ Central Clinical Hospital မှာ ဆေးကုသမှု ခံယူနေကြောင်း အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ကွယ်လွန်သူ ရုရှားခေါင်းဆောင်ဟောင်းဟာ စစ်အေးခေတ်ကို သွေးထွက်သံယို မရှိအောင် အဆုံးသတ်ခဲ့သူအဖြစ် ၁၉၉၀ ပြည့်နှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ဖူးပါတယ်။

တချိန်က ဆိုဗီယက် ယူနီယံရဲ့ နောက်ဆုံး သမ္မတအဖြစ် အမေရိကန်နဲ့ လက်နက်လျှော့ချရေး စေ့စပ်ညှိနှိုင်းနိုင်ခဲ့သလို၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပကို ပိုင်းခြားထားတဲ့ သံကန့်လန့်ကာနဲ့ ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းရေးကိုလည်း အနောက်မဟာမိတ်တွေနဲ့အတူ ဆောင်ကျဉ်းပေးခဲ့သူ အဖြစ်နဲ့လည်း ထင်ရှားခဲ့တာပါ။

သူ့အရင် ရုရှားခေါင်းဆောင်တွေလက်ထက် ၁၉၅၆ ခုနှစ်က ဟန်ဂေရီနဲ့ ၁၉၆၈ ခုနှစ် ချက်ကို-ဆလိုဗက်ကီးယားတို့မှာ အုံကြွမှုတွေကို အပြင်းအထန် နှိမ်နင်းခဲ့ဖူးပေမဲ့ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံတွေမှာ ၁၉၈၉ ခုနှစ် အုံကြွမှုတွေကို အင်အားမသုံးပဲ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်မှာ ဆိုဗီယက် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် စတင်တာဝန်ယူခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့် တချို့ရရှိလာခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆိုဗီယက်ယူနီယံ ပြိုကွဲတဲ့အခြေအနေကို ဦးတည်ခဲ့တာပါ။

ဇွန်လ ၃၀ ရက်နေ့က Gorbachev ကို ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ လစ်ဘရယ်စီးပွားရေး ပညာရှင် Ruslan Grinberg ကတော့ “သူဟာ ကျနော်တို့ကို လွတ်လပ်ခွင့်တွေ အားလုံးပေးခဲ့ပေမဲ့၊ ကျနော်တို့က ဘာလုပ်ရမှန်း မသိကြဘူး။” လို့ ကာကွယ်ရေးစာစောင် Zvezda ကို မှတ်ချက်ပေးခဲ့ဖူးပါတယ်။

XS
SM
MD
LG