သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း အိုဘားမားနဲ့ သမ္မတကတော် ပုံတူပန်းချီတွေ အိမ်ဖြူတော်မှာ ဖွင့်လှစ်ပြသ


Biden Obama Portraits
Biden Obama Portraits

[[ ZAWGYI / UNICODE ]]

သမ္မတဟောင်း အိုဘားမားနဲ့ သမ္မတကတော် ပုံတူပန်းချီတွေ အိမ်ဖြူတော်မှာ ဖွင့်လှစ်ပြသ

အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ထားရှိမယ့် သမ္မတဟောင်း Barack Obama နဲ့ သမ္မတဟောင်းကတော် Michelle Obama တို့ရဲ့ ပုံတူပန်းချီတွေကို အခမ်းအနားနဲ့ ဖွင့်လှစ်ပြသလိုက်ပါတယ်။ သမ္မတနဲ့ သမ္မတဟောင်းကတော်တို့ကို သမ္မတ Joe Biden က ပုံတူပန်းချီ ဖွင့်ပွဲအတွက် ဗုဒ္ဓဟူးနေ့မှာပဲ အိမ်ဖြူတော်ကို ဖိတ်ကြားခဲ့တာပါ။

ပုံတူပန်းချီမှာတော့ သမ္မတဟောင်းအိုဘားမားကို နောက်ခံအဖြူရှေ့မှာ အနက်ရောင် ဝတ်စုံနဲ့ မတ်တပ်ရပ်နေတာ တွေ့ရပြီး၊ သမ္မတဟောင်းကတော်ကိုတော့ အနီရောင်အခန်းထဲက ဆိုဖာခုံပေါ်မှာ မိုးပြာရောင် ဂါဝန်ဝတ်စုံနဲ့ ထိုင်နေတာ တွေ့ရပါတယ်။ ပုံတူဆွဲဖို့ သမ္မတဟောင်း အိုဘားမားက ပန်းချီဆရာ Robert McCurdy ကို ရွေးချယ်ခဲ့ပြီး၊ သမ္မတဟောင်းကတော်ကတော့ ပန်းချီဆရာမ Sharon Sprung ကိုရွေးချယ်ခဲ့တာပါ။

မျက်နှာမှာ ခံစားချက် တစုံတရာ မပြဘဲ အဖြူရောင် နောက်ခံထား ပုံတူကားတွေ ရေးဆွဲလေ့ရှိတဲ့ ပန်းချီဆရာ McCurdy ရဲ့ လက်ရာမှာတော့ အမေရိကန်ရဲ့ ၄၄ ဆက်မြောက် သမ္မတလည်းဖြစ်၊ ပထမဆုံးလူမည်းသမ္မတလည်း ဖြစ်ခဲ့တဲ့ အိုဘားမားကို အနက်ရောင်ဝတ်စုံ၊ မီးခိုးရောင် လည်စည်း ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

ပန်းချီဆရာမ Sprung ကတော့ သမ္မတဟောင်းကတော်ရဲ့ ပုံတူကို ၈ လကြာ အချိန်ယူရေးဆွဲခဲ့ပြီး ပုံတပုံအတွက် အချိန်အများဆုံး ပေးခဲ့တာလို့လည်း ပြောပါတယ်။ အိမ်ဖြူတော်မှာ တရားဝင် ထားရှိမယ့် အမေရိကန်သမ္မတတွေရဲ့ ပုံတူတွေကို နောက်တက်တဲ့ သမ္မတတွေက အစဉ်အလာအားဖြင့် ဖွင့်လှစ်ပြသလေ့ ရှိပေမဲ့ အိုဘားမား သမ္မတသက်တမ်းနောက်ပိုင်း တာဝန်ယူခဲ့တဲ့ သမ္မတဟောင်း Donald Trump လက်ထက်မှာတော့ အစဉ်အလာကိုဖျက်ခဲ့တာပါ။

ဒီအတွက်လည်း သမ္မတဟောင်း အိုဘားမားလက်ထက်မှာ ဒုသမ္မတ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိသမ္မတ ဘိုင်ဒင်က သမ္မတဟောင်းနဲ့ သမ္မတဟောင်းကတော်တို့ရဲ့ ပုံတူပန်းချီတွေ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}

သမ်မတဟောငျး အိုဘားမားနဲ့ သမ်မတကတောျ ပုံတူပနျးခြီတှေ အိမျဖွူတောျမှာ ဖှင့ျလှဈပွသ

အမရေိကနျသမ်မတ အိမျဖွူတောျမှာ ထားရှိမယ့ျ သမ်မတဟောငျး Barack Obama နဲ့ သမ်မတဟောငျးကတောျ Michelle Obama တို့ရဲ့ ပုံတူပနျးခြီတှကေို အခမျးအနားနဲ့ ဖှင့ျလှဈပွသလိုကျပါတယျ။ သမ်မတနဲ့ သမ်မတဟောငျးကတောျတို့ကို သမ်မတ Joe Biden က ပုံတူပနျးခြီ ဖှင့ျပှဲအတှကျ ဗုဒ်ဓဟူးနေ့မှာပဲ အိမျဖွူတောျကို ဖိတျကွားခဲ့တာပါ။





XS
SM
MD
LG