သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ စစ္ေရးတင္းမာမႈ ေရလမ္းခရီး အခက္ၾကံဳ


ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ AA

[[ ZAWGYI /UNICODE ]]

ရခိုင္ေျမာက္ စစ္ေရးတင္းမာမႈ ေရလမ္းခရီး အခက္ၾကံဳ

ရခိုင္လက္နက္ကိုင္အဖြဲ႕ AA နဲ႔ ျမန္မာစစ္တပ္အၾကား စစ္ေရးတင္းမာေနခ်ိန္မွာပဲ ရခိုင္ျပည္နယ္မွာ ေရေၾကာင္းကေန သြားလာမယ့္ ေဒသခံေတြ အေၾကာင္းၾကားၿပီးမွာ သြားလာဖို႔ AA အဖြဲ႕ က အမိန္႔ထုတ္ထားပါတယ္။ ျမန္မာစစ္တပ္ဘက္ကလည္း ကုန္းလမ္း အျပင္ ေရလမ္းေတြကိုပါ ထပ္ပိတ္ၿပီး စစ္ေဆးတာေတြ တိုးလုပ္လာပါတယ္။ ဒါေၾကာင့္လည္း ရေသ့ေတာင္၊ ဘူးသီးေတာင္နဲ႔ ေမာင္ေတာေဒသက ေဒသခံေတြ သြားလာေရးအခက္အခဲေတြ ရင္ဆိုင္ေနရပါတယ္။ ရခိုင္ျပည္နယ္အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုရဲမြန္က တင္ျပထားပါတယ္။


ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ရေသ့ေတာင္ ဘူူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ မၾကာေသးခင္ရက္ပိုင္းကတည္းက တိုက္ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ ေမာင္းေတာၿမိဳ႕နယ္ထဲမွာေတာ့ ဒီေန႔ပဲ အျပန္အလွန္ ပစ္ခတ္မႈေတြ ထပ္ျဖစ္ပြားခဲ့တာပါ။ ၿပီးခဲ့တဲ့ ၾသဂုတ္ ဒုတိယပတ္ေလာက္ကတည္းက ျမန္မာစစ္တပ္ဘက္က ကုန္းလမ္းေၾကာင္းေတြကို ပိတ္ထားၿပီး ဒီေန႔ ေရလမ္းေတြကို ထပ္ပိတ္လာတာပါ။

ေရလမ္းကုန္းလမ္းေတြကို ပိတ္ထားတာေၾကာင့္အဲဒီေဒသေတြမွာ ကုန္းေစ်းႏႈန္းေတြ ျမင့္တက္ေနသလို တခ်ိဳ႕ လက္လုပ္လက္စားေတြအတြက္ စာေရးေသာက္ေရး အခက္အခဲေတြ ၾကဳံေနရတယ္လို႔ ေမာင္ေတာေဒသခံ အမ်ိဳးသမီးတဦးက ေျပာပါတယ္။

“ အဲလိုမ်ိဳးလမ္းေတြ ပိတ္ထားေတာ့ က်န္းမာေရးအတြက္လည္း စိုးရိမ္ရတယ္၊ စားဝတ္ ေနေရးအတြက္လည္း စိုးရိမ္ရတယ္၊ အခုဆိုရင္ ျပည္သူေတြ တေန႔ လုပ္မွတေန႔စား ရတဲ့သူ ေတြ လူမ်ိဳးေတြ အဲလိုလူေတြ အခုငတ္ေနၾကတာ အမ်ားႀကီးရွိတယ္၊ သားသမီးေတြနဲ႔ ေနမ ေကာင္းတာေတြနဲ႔ အမ်ားႀကီး ငတ္ေနၾကတာ။”

ရေသ့ေတာင္၊ဘူးသီးေတာင္နဲ႔ ေမာင္ေတာ ေဒသအတြက္ က်န္းမာေရး ပညာေရး စီးပြားေရးနဲ႔ ကုန္စည္စီးဆင္းမႈေတြ အစစ စစ္ေတြကို အားကိုးေနရတာပါ။ ကုန္းလမ္းေရလမ္းေတြကို ဒီအတိုင္း ဆက္ၿပီး ပိတ္ထားမယ္ဆိုရင္ ေဒသခံေတြ ရပ္တည္ေရး အၾကပ္အတညး္ေတြ ပိုဆိုးလာႏိုင္တယ္လို႔လည္း ေမာင္ေတာေဒ သခံတဦးကေျပာပါတယ္။

“ ဆက္ၿပီးေတာ့ ပိတ္ထားရင္ေတာ့ အသက္ေဘးနဲ႔ ႀကဳံရလိမ့္မယ္၊ က်န္းမာေရးေၾကာင့္ တမ်ိဳးေသမယ္၊ ငတ္ျပတ္ၿပီးေတာ့ ေသမယ္၊ ေျပးမလြတ္ဘူးေသမယ့္ဟာကေတာ့။”

ကုန္းလမ္းပိတ္ထားတာေၾကာင့္ ရေသ့ေတာင္ ၿမိဳက ေဒသခံေတြ ေရလမ္းခရီးကို အားကိုးေနခဲ့၇တာပါ။ အခု ေရလမ္းေၾကာင္းကို ပိတ္လိုက္တာေၾကာင့္ စစ္ေတြကို ေက်ာင္းသြားတက္မယ့္ တကၠသိုလ္ ေက်ာင္းသူေက်ာင္းသားေတြအခက္ႀကဳံေနရသလို ေဒသ အသီးသီးမွာ ေနရပ္ျပန္မရပဲ ပိတ္မိေနသူေတြရွိေနပါတယ္။

ရေသ့ေတာင္ေဒသခံတဦးျဖစ္တဲ့ ကိုေအာင္မင္းစိုးကေတာ့ လက္နက္ကိုင္ပဋိပကၡၾကားမွာ ျပည္သူေတြ ေျမဇာပင္ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

“ ႏွစ္ဖက္အဖြဲ႕ေတြ ေဆြးေႏြးတာပဲ ျဖစ္ျဖစ္ တိုက္ပြဲျဖစ္တာပဲ ျဖစ္ျဖစ္ အဲတာသူတို႔ကိစၥ၊ က်ေနာ္တို႔ ဘာမွမဆိုင္တဲ့ ျပည္သူေတြကို ခုတုံးလုပ္ၿပီးေတာ့ လူေတြကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ႏိုင္ထက္စီးႏွင္းေတာ့ မလုပ္ေစခ်င္ဘူး။ သူတို႔မသကၤာရင္ လမ္းခရီးမွာ စစ္ေဆးၿပီးေတာ့ ဒါက ျပည္သူ အရပ္သား ဘာမွမဆိုင္ဘူးဆိုရင္ လြတ္လြတ္လပ္လပ္သြားလာခြင့္ေပးေစခ်င္တယ္”

ေမာင္ေတာေဒသခံတဦးကေတာ့ လူေတြရဲ႕ အသက္ရွင္ရပ္တည္ေရးအတြက္ လမ္းတလမ္းလမ္းေတာ့ ျပန္ဖြႈ့္ေပးသင့္တယ္လို႔ ေျပာပါတယ္။

“ စားနပ္ရိကၡာေတြ သည္ခြင့္ရေအာင္ ေရလမ္းမဟုတ္ရင္ေတာင္မွ ကုန္းလမ္းကိုေတာ့ ဖြင့္ေပးေစခ်င္ပါတယ္၊ၿပီးေတာ့ က်န္းမာေရးေၾကာင့္ ဆိုရင္လည္ ေဆးကုသဖို႔ ဘာဖို႔ညာဖို႔ အေထာက္အထားေတြ ေထာက္ခံခ်က္ေတြဘာေတြ လိုရင္လည္း ယူသြားမယ္ေပါ့၊ က်န္းမာ ေရးအတြက္ လမ္းကိုလည္း ဖြင့္ေပးေစခ်င္ပါတယ္၊ စားဝတ္ေနေရးအတြက္ ရိကၡာေတြ သည္ဖို႔ လမ္းကိုေတာ့ အျမန္ဖြင့္ေပးေစခ်င္ပါတယ္။”

ဒီလို လမ္းေတြပိတ္ထားတာနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္က သေဘာထားကို ေမးျမန္းဖို႔ ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႕ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေက်ာ္သူရကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံ ေျဖဆိုျခင္းမရွိပါဘူး။

ရခိုင္လက္နက္ကိုင္AA အဖြဲ႕ကေတာ့ ရခိုင္ျပည္နယ္မွာ စစ္တပ္ဘက္က ေရေၾကာင္း ကုန္းေၾကာင္း ေလေၾကာင္းေတြကေန နည္းမ်ိဳးစုံနဲ႔ လက္နက္ခဲယမ္းေတြ ျဖည့္တင္းေနတဲ့အတြက္ဘယ္ေနရာမွာမဆို တိုက္ပြဲျပင္းထန္လာႏိုင္တယ္လို႔ မေန႔ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။ ေရလမ္းကုန္းလမ္းေတြကို စစ္ေဆးမွာျဖစ္တဲ့အေၾကာင္းနဲ႔ ခရီးသြားမယ့္သူေတြ ႀကိဳတင္အေၾကာင္းၾကားၿပီးမွ သြားလာၾကဖို႔ သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

{{ UNICODE }}

ရခိုင်မြောက် စစ်ရေးတင်းမာမှု ရေလမ်းခရီး အခက်ကြုံ

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာနေချိန်မှာပဲ ရခိုင်ပြည်နယ်မှာ ရေကြောင်းကနေ သွားလာမယ့် ဒေသခံတွေ အကြောင်းကြားပြီးမှာ သွားလာဖို့ AA အဖွဲ့ က အမိန့်ထုတ်ထားပါတယ်။ မြန်မာစစ်တပ်ဘက်ကလည်း ကုန်းလမ်း အပြင် ရေလမ်းတွေကိုပါ ထပ်ပိတ်ပြီး စစ်ဆေးတာတွေ တိုးလုပ်လာပါတယ်။ ဒါကြောင့်လည်း ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသက ဒေသခံတွေ သွားလာရေးအခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ရခိုင်ပြည်နယ်အခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြထားပါတယ်။


ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင် ဘူူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မကြာသေးခင်ရက်ပိုင်းကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ မောင်းတောမြို့နယ်ထဲမှာတော့ ဒီနေ့ပဲ အပြန်အလှန် ပစ်ခတ်မှုတွေ ထပ်ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ် ဒုတိယပတ်လောက်ကတည်းက မြန်မာစစ်တပ်ဘက်က ကုန်းလမ်းကြောင်းတွေကို ပိတ်ထားပြီး ဒီနေ့ ရေလမ်းတွေကို ထပ်ပိတ်လာတာပါ။

ရေလမ်းကုန်းလမ်းတွေကို ပိတ်ထားတာကြောင့်အဲဒီဒေသတွေမှာ ကုန်းဈေးနှုန်းတွေ မြင့်တက်နေသလို တချို့ လက်လုပ်လက်စားတွေအတွက် စာရေးသောက်ရေး အခက်အခဲတွေ ကြုံနေရတယ်လို့ မောင်တောဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ အဲလိုမျိုးလမ်းတွေ ပိတ်ထားတော့ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်၊ စားဝတ် နေရေးအတွက်လည်း စိုးရိမ်ရတယ်၊ အခုဆိုရင် ပြည်သူတွေ တနေ့ လုပ်မှတနေ့စား ရတဲ့သူ တွေ လူမျိုးတွေ အဲလိုလူတွေ အခုငတ်နေကြတာ အများကြီးရှိတယ်၊ သားသမီးတွေနဲ့ နေမ ကောင်းတာတွေနဲ့ အများကြီး ငတ်နေကြတာ။”

ရသေ့တောင်၊ဘူးသီးတောင်နဲ့ မောင်တော ဒေသအတွက် ကျန်းမာရေး ပညာရေး စီးပွားရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ အစစ စစ်တွေကို အားကိုးနေရတာပါ။ ကုန်းလမ်းရေလမ်းတွေကို ဒီအတိုင်း ဆက်ပြီး ပိတ်ထားမယ်ဆိုရင် ဒေသခံတွေ ရပ်တည်ရေး အကြပ်အတည်းတွေ ပိုဆိုးလာနိုင်တယ်လို့လည်း မောင်တောဒေ သခံတဦးကပြောပါတယ်။

“ ဆက်ပြီးတော့ ပိတ်ထားရင်တော့ အသက်ဘေးနဲ့ ကြုံရလိမ့်မယ်၊ ကျန်းမာရေးကြောင့် တမျိုးသေမယ်၊ ငတ်ပြတ်ပြီးတော့ သေမယ်၊ ပြေးမလွတ်ဘူးသေမယ့်ဟာကတော့။”

ကုန်းလမ်းပိတ်ထားတာကြောင့် ရသေ့တောင် မြိုက ဒေသခံတွေ ရေလမ်းခရီးကို အားကိုးနေခဲ့၇တာပါ။ အခု ရေလမ်းကြောင်းကို ပိတ်လိုက်တာကြောင့် စစ်တွေကို ကျောင်းသွားတက်မယ့် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေအခက်ကြုံနေရသလို ဒေသ အသီးသီးမှာ နေရပ်ပြန်မရပဲ ပိတ်မိနေသူတွေရှိနေပါတယ်။

ရသေ့တောင်ဒေသခံတဦးဖြစ်တဲ့ ကိုအောင်မင်းစိုးကတော့ လက်နက်ကိုင်ပဋိပက္ခကြားမှာ ပြည်သူတွေ မြေဇာပင် ဖြစ်နေတယ်လို့ ပြောပါတယ်။

“ နှစ်ဖက်အဖွဲ့တွေ ဆွေးနွေးတာပဲ ဖြစ်ဖြစ် တိုက်ပွဲဖြစ်တာပဲ ဖြစ်ဖြစ် အဲတာသူတို့ကိစ္စ၊ ကျနော်တို့ ဘာမှမဆိုင်တဲ့ ပြည်သူတွေကို ခုတုံးလုပ်ပြီးတော့ လူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ထက်စီးနှင်းတော့ မလုပ်စေချင်ဘူး။ သူတို့မသင်္ကာရင် လမ်းခရီးမှာ စစ်ဆေးပြီးတော့ ဒါက ပြည်သူ အရပ်သား ဘာမှမဆိုင်ဘူးဆိုရင် လွတ်လွတ်လပ်လပ်သွားလာခွင့်ပေးစေချင်တယ်”

မောင်တောဒေသခံတဦးကတော့ လူတွေရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် လမ်းတလမ်းလမ်းတော့ ပြန်ဖွှု့်ပေးသင့်တယ်လို့ ပြောပါတယ်။

“ စားနပ်ရိက္ခာတွေ သည်ခွင့်ရအောင် ရေလမ်းမဟုတ်ရင်တောင်မှ ကုန်းလမ်းကိုတော့ ဖွင့်ပေးစေချင်ပါတယ်၊ပြီးတော့ ကျန်းမာရေးကြောင့် ဆိုရင်လည် ဆေးကုသဖို့ ဘာဖို့ညာဖို့ အထောက်အထားတွေ ထောက်ခံချက်တွေဘာတွေ လိုရင်လည်း ယူသွားမယ်ပေါ့၊ ကျန်းမာ ရေးအတွက် လမ်းကိုလည်း ဖွင့်ပေးစေချင်ပါတယ်၊ စားဝတ်နေရေးအတွက် ရိက္ခာတွေ သည်ဖို့ လမ်းကိုတော့ အမြန်ဖွင့်ပေးစေချင်ပါတယ်။”

ဒီလို လမ်းတွေပိတ်ထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သဘောထားကို မေးမြန်းဖို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။

ရခိုင်လက်နက်ကိုင်AA အဖွဲ့ကတော့ ရခိုင်ပြည်နယ်မှာ စစ်တပ်ဘက်က ရေကြောင်း ကုန်းကြောင်း လေကြောင်းတွေကနေ နည်းမျိုးစုံနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတဲ့အတွက်ဘယ်နေရာမှာမဆို တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ မနေ့ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ ရေလမ်းကုန်းလမ်းတွေကို စစ်ဆေးမှာဖြစ်တဲ့အကြောင်းနဲ့ ခရီးသွားမယ့်သူတွေ ကြိုတင်အကြောင်းကြားပြီးမှ သွားလာကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG