သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာျပည္သူေတြရဲ႕အေျခအေန ေၾကာက္ခမန္းလိလိ ဆိုး႐ြား (Tom Andrews)


Tom Andrews, the U.N. special rapporteur

[[ ZAWGYI / UNICODE ]]

ျမန္မာျပည္သူေတြရဲ႕အေျခအေန ေၾကာက္ခမန္းလိလိ ဆိုး႐ြား (Tom Andrews)

ျမန္မာႏိုင္ငံတြင္းက အျပစ္မဲ့ ျပည္သူအမ်ားအျပားရဲ႕ အေျခအေနဟာ ဆိုး႐ြားသထက္ ဆိုး႐ြားလာေနၿပီး ေၾကာက္မက္ဖြယ္ အေျခအေန ျဖစ္ေနေၾကာင္း ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews က ဗုဒၶဟူးေန႔မွာ လူ႔အခြင့္ေရး ေကာင္စီကို တင္ျပခဲ့ပါတယ္။

လူေပါင္း ၁ သန္း ၃ သိန္းေလာက္ဟာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရၿပီး စစ္တပ္ကလည္း ျပာက်တဲ့အထိ ႐ြာလုံးကြၽတ္ မီးရႈိ႕ေနၿပီး အိမ္ေပါင္း ၂၈,၀၀၀ ေက်ာ္ ဖ်က္စီးခဲ့ၿပီးျဖစ္ေၾကာင္းလည္း အထူးကိုယ္စားလွယ္က တင္ျပခဲ့ပါတယ္။ ေျမျမႇဳပ္မိုင္းေၾကာင့္ ေသဆုံး ဒဏ္ရာရတဲ့ အျပစ္မဲ့ ျပည္သူ အေရအတြက္ကလည္း သိသိသာသာ တိုးလာေၾကာင္း၊ စားနပ္ရိကၡာ ျပႆနာ ရွိေနၿပီး ကေလးဘ၀ အဟာရ မျပည့္ဝမႈလည္း တိုးလာေၾကာင္း၊ အမ်ိဳးသမီးေတြရဲ႕ စီးပြားေရးနဲ႔ လူမႈေရးပိုင္း တိုးတက္မႈလည္း ဆုံးရႈံးေနၿပီး ၁၃၀,၀၀၀ ေသာ ႐ိုဟင္ဂ်ာေတြလည္း ႏိုင္ငံတြင္းက ပိတ္ေလွာင္ခံေနရတဲ့ ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနရဆဲ ျဖစ္တယ္လို႔လည္း ထည့္သြင္း တင္ျပသြားပါတယ္။

တရားမဝင္တဲ့ ရက္စက္တဲ့ စစ္ေကာင္စီကို ရန္ပုံေငြပံ့ပိုး၊ ကုန္သြယ္ေရး၊ လက္နက္ေတြ၊ ေနာက္ တရားဝင္မႈ ျဖစ္လာေအာင္ ပံ့ပိုးေနၾကတဲ့ အဖြဲ႕ဝင္ ႏိုင္ငံေတြေၾကာင့္ ျမန္မာလူထုၾကားမွာ စိတ္ဆိုး ေဒါသ ထြက္ၾကရတယ္လို႔လည္း ျမန္မာ့ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ မစၥတာ Andrews က ေျပာပါတယ္။

ျမန္မာလူထုကို ႏႈတ္အားျဖင့္ ပံ့ပိုးကူညီၿပီး ေျပာထားတဲ့အတိုင္း လက္ေတြ႕မပါတဲ့ ႏိုင္ငံေတြကိုလည္း ျမန္မာလူထုက စိတ္ပ်က္တယ္လို႔လည္း သူက ေျပာပါတယ္။ ႀကီးထြားလာေနတဲ့ ျမန္မာ့ျပႆနာကို ႏိုင္ငံတကာရဲ႕ တုံ႔ျပန္ေဆာင္႐ြက္မႈေတြက မေအာင္ျမင္ဘူးလို႔လည္း ေထာက္ၾကပါတယ္။ စစ္ေကာင္စီနဲ႔ သူ႔ရဲ႕ တပ္ဖြဲ႕ေတြရဲ႕ ဘ႑ာေငြေၾကးနဲ႔ လက္နက္ ျပတ္လပ္ေစၿပီး တရားဝင္မႈ မရွိေစေရး အတြက္ ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံေတြ ဘက္က ပိုၿပီး ထိထိေရာက္ေရာက္ ခိုင္ခိုင္မာမာ ေဆာင္႐ြက္ဖို႔လည္း တိုက္တြန္းသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

မြန်မာပြည်သူတွေရဲ့အခြေအနေ ကြောက်ခမန်းလိလိ ဆိုးရွား (Tom Andrews)

မြန်မာနိုင်ငံတွင်းက အပြစ်မဲ့ ပြည်သူအများအပြားရဲ့ အခြေအနေဟာ ဆိုးရွားသထက် ဆိုးရွားလာနေပြီး ကြောက်မက်ဖွယ် အခြေအနေ ဖြစ်နေကြောင်း မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ဗုဒ္ဓဟူးနေ့မှာ လူ့အခွင့်ရေး ကောင်စီကို တင်ပြခဲ့ပါတယ်။

လူပေါင်း ၁ သန်း ၃ သိန်းလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်တပ်ကလည်း ပြာကျတဲ့အထိ ရွာလုံးကျွတ် မီးရှို့နေပြီး အိမ်ပေါင်း ၂၈,၀၀၀ ကျော် ဖျက်စီးခဲ့ပြီးဖြစ်ကြောင်းလည်း အထူးကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။ မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရတဲ့ အပြစ်မဲ့ ပြည်သူ အရေအတွက်ကလည်း သိသိသာသာ တိုးလာကြောင်း၊ စားနပ်ရိက္ခာ ပြဿနာ ရှိနေပြီး ကလေးဘ၀ အဟာရ မပြည့်ဝမှုလည်း တိုးလာကြောင်း၊ အမျိုးသမီးတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးပိုင်း တိုးတက်မှုလည်း ဆုံးရှုံးနေပြီး ၁၃၀,၀၀၀ သော ရိုဟင်ဂျာတွေလည်း နိုင်ငံတွင်းက ပိတ်လှောင်ခံနေရတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်တယ်လို့လည်း ထည့်သွင်း တင်ပြသွားပါတယ်။

တရားမဝင်တဲ့ ရက်စက်တဲ့ စစ်ကောင်စီကို ရန်ပုံငွေပံ့ပိုး၊ ကုန်သွယ်ရေး၊ လက်နက်တွေ၊ နောက် တရားဝင်မှု ဖြစ်လာအောင် ပံ့ပိုးနေကြတဲ့ အဖွဲ့ဝင် နိုင်ငံတွေကြောင့် မြန်မာလူထုကြားမှာ စိတ်ဆိုး ဒေါသ ထွက်ကြရတယ်လို့လည်း မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Andrews က ပြောပါတယ်။

မြန်မာလူထုကို နှုတ်အားဖြင့် ပံ့ပိုးကူညီပြီး ပြောထားတဲ့အတိုင်း လက်တွေ့မပါတဲ့ နိုင်ငံတွေကိုလည်း မြန်မာလူထုက စိတ်ပျက်တယ်လို့လည်း သူက ပြောပါတယ်။ ကြီးထွားလာနေတဲ့ မြန်မာ့ပြဿနာကို နိုင်ငံတကာရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေက မအောင်မြင်ဘူးလို့လည်း ထောက်ကြပါတယ်။ စစ်ကောင်စီနဲ့ သူ့ရဲ့ တပ်ဖွဲ့တွေရဲ့ ဘဏ္ဍာငွေကြေးနဲ့ လက်နက် ပြတ်လပ်စေပြီး တရားဝင်မှု မရှိစေရေး အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ဘက်က ပိုပြီး ထိထိရောက်ရောက် ခိုင်ခိုင်မာမာ ဆောင်ရွက်ဖို့လည်း တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG