သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



Thai Police statement ( Justice for Myanmar Twitter )

[[ ZAWGYI / UNICODE ]]


မြန်မာစစ်တပ်အကြီးအကဲနဲ့ နီးစပ်တဲ့ မြန်မာစီးပွားရေး သမားကြီးတစ်ဦးကို မူးယစ်ကုန်ကူးမှု ငွေကြေးခဝါချမှု သံသယနဲ့ ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။



တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}

မြန်မာ စီးပွါရေးသမား ထိုင်းရဲဖမ်းဆီးတာ ဘာကြောင့်လဲ

မြန်မာစစ်တပ်အကြီးအကဲနဲ့ နီးစပ်တဲ့ မြန်မာစီးပွားရေး သမားကြီးတစ်ဦးကို မူးယစ်ကုန်ကူူးမှု ငွေကြေးခဝါချမှု သံသယနဲ့ ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။

Star Sapphire Group လုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ကို ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့အပတ် အာရုံတက်ချိန် ဝင်ဖမ်းခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ပြောခွင့်ရ Kissana Pathanacharoen က ရိုက်တာ့စ် သတင်းဌာနကို မနေ့က ပြောခဲ့ပါတယ်။

ထိုင်းမှာ ကျင်လည်ခဲ့သူ ဖမ်းခံရမှုက ထူးခြားတယ်လို့ သုံးသပ်နေချိန်မှာ၊ Justice for Myanmar အဖွဲ့ကလည်း ဒေါက်တာထွန်းမင်းလတ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုနဲ့နီးတဲ့ လက်နက်ပွဲစားလို့ စွပ်စွဲခံထားရသူမို့ ဆက်လက် အရေးယူဖို့ တောင်းဆိုပါတယ်။ ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG