သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ပြဲေၾကာင့္ ဝမ္းေရးခက္ေနရတဲ့ စစ္ကိုင္းတိုင္း ႐ြာသားမ်ား


စစ္ကိုင္းတိုင္း တန္႔ဆည္၊ ခင္ဦး၊ ပခုကၠဴ၊ ေရဦး ျမဳိ႕ေတြမွာ စစ္တပ္က ေက်း႐ြာ ၈ ႐ြာကို မီးရႈိ႕ဖ်က္ဆီးေန။ (Photo: Citizen Journalist )

[[ ZAWGYI / UNICODE ]]

စစ္ပြဲေၾကာင့္ ဝမ္းေရးခက္ေနရတဲ့ စစ္ကိုင္းတိုင္း ႐ြာသားမ်ား

စစ္ကိုင္းတိုင္းအတြင္းမွာ စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြေၾကာင့္ ေဒသခံေတြ ထြက္ေျပးေနၾကရတာေၾကာင့္ေရာ စစ္ေကာင္စီတပ္ေတြက ပိတ္ဆို႔တားဆီးထားတာေတြေၾကာင့္ပါ စိုက္ပ်ိဳးေရးကို ေကာင္းေကာင္း မလုပ္ႏိုင္ၾကတဲ့ အေျခအေနေတြ ျဖစ္ေနတယ္လို႔ စစ္ေဘးေရွာင္ေနၾကရတဲ့ ေဒခံေတြကေျပာပါတယ္။ ခင္ဦးၿမိဳ႕နယ္မွာအေနာက္ျခမ္းမွာ စစ္ေကာင္စီစစ္ေၾကာင္းဝင္လာလို႔ ႐ြာေပါင္း ၆ ႐ြာထက္မနည္း အိမ္ေျခ ၂၆၀၀ နီးပါးေလာက္က ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရပါတယ္။ ဒီအေၾကာင္း အျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္က ေျပာျပပါမယ္။


စစ္ကိုင္းတိုင္းက ၿမိဳ႕နယ္အေတာ္ေတာ္မ်ားမ်ားမွာ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းစစ္ဆင္ေရး ေတြေၾကာင့္ ေဒသခံ ေက်း႐ြာေတြေတာ္ေတာ္မ်ား ေဘးလြတ္ရာကို ထြက္ေျပးေနၿပီး ေဘးလြတ္ရာကို ထြက္ေျပးေနရတဲ့အတြက္ စိုက္ပ်ိဳးေရးနဲ႔ စီးပြားေရးကို ေကာင္းေကာင္း မလုပ္ႏိုင္ၾကတဲ့ အေျခအေနေတြ ျဖစ္ေနၾကပါတယ္။ စစ္ေကာင္စီစစ္ေၾကာင္းေတြ ျပန္ထြက္သြားခ်ိန္ ႐ြာကို ျပန္ဝင္လာေပမယ့္ စိုက္ပ်ိဳးေရးေရာ စီးပြားေရးပါ ေကာင္းေကာင္းမလုပ္ႏိုင္တာေၾကာင့္ ေဒသခံေတြ စားဝတ္ေနေရးအခက္အခဲ ျဖစ္ၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စက္တင္ဘာ ၁၉ ရက္ေန႔က စစ္ေကာင္စီစစ္ေၾကာင္းေတြ ဝင္လာတာေၾကာင့္ ခင္ဦးၿမိဳ႕နယ္ အေနာက္ဖက္ျခမ္းက ေက်း႐ြာ ၆ ႐ြာေလာက္က ေဒသခံေတြ ေဘးလြတ္ရာ ေတာထဲကို ထြက္ေျပး တိမ္းေရွင္ခဲ့ရတဲ့အေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

လယ္ဧကတခ်ိဳ႕ကို စိုက္ပ်ိဳးလို႔ မရေအာင္ စစ္တပ္ဘက္က ပိတ္ထားတယ္လို႔လည္း ေဒသခံတစ္ဦးက ေျပာျပပါတယ္။

“အခု ကြၽန္မတို႔ ေဒသမွာ ဆိုလို႔ရွိရင္ ဧက ၆၀၀၀ ေလာက္ရွိတာမွာ ၂၀၀၀ ေလာက္ပဲ လုပ္လို႔ရတယ္။ ၄၀၀၀ ေလာက္က မလုပ္ရဘူးရွင့္။ ကြၽန္မတို႔ဖက္မွာက မူးေရေသာက္ဆိုေတာ့ ေျမာက္ဖက္မွာ ကာဘိုးဆည္ေရေသာက္ မူးေရေသာက္ဆိုေတာ့ ခင္ဦးၿမိဳ႕နယ္ရဲ႕ အေနာက္ဖက္ျခမ္း ၁ မိုင္ေက်ာ္ ၁မိုင္ခြဲေလာက္ ေဝးတဲ့ ပ်ဥ္ေထာင္ဆိုတဲ့႐ြာက မူးေဘးမွာဆိုေတာ့ အဲ့မွာ တပ္က စြဲထားတဲ့ခါက်ေတာ့ အဲ့မွာ မူးေရကို တပ္ကဟာေတြက သူတို႔အကုန္လုံး တံတားမွာ တပ္စြဲထားတဲ့ဟာေတြက သူတို႔ အခ်ိတ္အဆက္ လုပ္တဲ့အခါ လယ္ေတြမွာ ေရရွိရင္ သူတို႔ သြားလမ္းလာလမ္း မေျဖာင့္မွာစိုးလို႔ မူးေရကို လုံးဝ ေရမလာေအာင္ လုပ္ထားပါတယ္။ ကြၽန္မတို႔ရဲ႕ အေနာက္ဖက္ကမွာက စစ္အုပ္စုရဲ႕ တပ္စြဲထာားတဲ့ တပ္နဲ႔ ကပ္ရပ္ လုပ္ရမယ့္ ေဒသေတြ ေနရာေတြကိုက်ေတာ့ သူတို႔ဖက္က လုပ္ပိုင္ခြင့္ မေပးဘူး မရဘူးရွင့္။

စပ္တပ္တပ္စြဲထားတဲ့ ေနရာနား ေရာက္သြားရင္ ၿခိမ္းေျခာက္ ပစ္ခတ္ခံရတာ ဖမ္းဆီးခံရတာေတြ ရွိတာေၾကာင့္လည္း ေဒသခံတခ်ိဳ႕ ေၾကာက္လန႔္ၿပီး စိုက္ပ်ိဳးေရးကို ေကာင္းေကာင္း မလုပ္ႏိုင္တာလို႔ ေျပာပါတယ္။

“ကြၽန္မတို႔ ကြၽဲေက်ာင္းသားေတြကအစ လူေတြနဲ႔ လြတ္ရာနားဖက္မွာ သူတို႔နဲ႔ နီးရာမေရာက္ခင္ ကြၽဲေက်ာင္းသာားေတြျမင္ရင္လဲ ဖမ္းတာ ပစ္တာေတြ လုပ္တတ္ေတာ့ ကြၽန္မတို႔ ဘာမွ လုပ္ကိုင္စားလို႔ မရေတာ့ပါဘူးရွင့္။ ေန႔ည အဆက္မျပတ္ လက္နက္ႀကီးေတြနဲ႔လည္း ထုေနတာပါရွင္။”

စက္တင္ဘာလ ၁၉ ရက္ေန႔ မနက္ ၃ နာရီေလာက္က ေရဦးၿမိဳ႕နယ္ဖက္ကေန ခင္ဦးၿမိဳ႕နယ္ အေနာက္ဖက္ျခမ္းကို စစ္တပ္ အင္အား ၂၀၀ ဝန္းက်င္ေလာက္နဲ႔ ဝင္လာတာလို႔ ေဒသခံေတြက ေျပာပါတယ္။ သာဂယာ႐ြာနဲ႔ ေဂြးကုန္း႐ြာၾကားမွာ တပ္စြဲထားၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာေတြ ရွိသလို ဒီေန႔ သာဂယာေက်း႐ြာနဲ႔ ဘိုကုန္းေက်း႐ြာေတြမွာ ေနအိမ္တခ်ိဳ႕ မီးရႈိ႕ခံေနရတယ္လို႔လည္း ေျပာပါတယ္။ သာဂယ ေက်း႐ြာဟာ ဇူလိုင္လတုန္းကလည္း တခါ မီးရႈိ႕ခံခဲ့ရၿပီး အိမ္ေျခ ၆၀ ေလာက္မီးေလာင္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ဆင္ေရးေတြမွာ အရပ္သားေတြရဲ႕ ေနအိမ္ေတြကို မီးရႈိ႕ဖ်က္ဆီးတာေတြ မလုပ္ဘူးဆိုၿပီး စစ္ေကာင္စီဘက္က ျငင္းဆိုထားပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ စစ္ကိုင္းတိုင္းအတြင္း နယ္ေျမရွင္းလင္းေရးေတြ တိုးလုပ္ေနပါတယ္။ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနၿပီး စစ္ေဘးေရွာင္ေတြ ထြက္ေျပးေနတဲ့ သတင္းေတြနဲ႔ ေက်း႐ြာေတြ မီးရႈိ႕ခံရတဲ့သတင္းေတြ၊ အရပ္သားေတြ ထိခိုက္ဒဏ္ရရတဲ့ သတင္းေတြလည္း ေန႔စဥ္လိုလို ထြက္ေပၚေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

{{ UNICODE }}

စစ်ပွဲကြောင့် ဝမ်းရေးခက်နေရတဲ့ စစ်ကိုင်းတိုင်း ရွာသားများ

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတာကြောင့်ရော စစ်ကောင်စီတပ်တွေက ပိတ်ဆို့တားဆီးထားတာတွေကြောင့်ပါ စိုက်ပျိုးရေးကို ကောင်းကောင်း မလုပ်နိုင်ကြတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေကြရတဲ့ ဒေခံတွေကပြောပါတယ်။ ခင်ဦးမြို့နယ်မှာအနောက်ခြမ်းမှာ စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ရွာပေါင်း ၆ ရွာထက်မနည်း အိမ်ခြေ ၂၆၀၀ နီးပါးလောက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန်က ပြောပြပါမယ်။


စစ်ကိုင်းတိုင်းက မြို့နယ်အတော်တော်များများမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေး တွေကြောင့် ဒေသခံ ကျေးရွာတွေတော်တော်များ ဘေးလွတ်ရာကို ထွက်ပြေးနေပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့အတွက် စိုက်ပျိုးရေးနဲ့ စီးပွားရေးကို ကောင်းကောင်း မလုပ်နိုင်ကြတဲ့ အခြေအနေတွေ ဖြစ်နေကြပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေ ပြန်ထွက်သွားချိန် ရွာကို ပြန်ဝင်လာပေမယ့် စိုက်ပျိုးရေးရော စီးပွားရေးပါ ကောင်းကောင်းမလုပ်နိုင်တာကြောင့် ဒေသခံတွေ စားဝတ်နေရေးအခက်အခဲ ဖြစ်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းတွေ ဝင်လာတာကြောင့် ခင်ဦးမြို့နယ် အနောက်ဖက်ခြမ်းက ကျေးရွာ ၆ ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာ တောထဲကို ထွက်ပြေး တိမ်းရှေင်ခဲ့ရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

လယ်ဧကတချို့ကို စိုက်ပျိုးလို့ မရအောင် စစ်တပ်ဘက်က ပိတ်ထားတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပြပါတယ်။

“အခု ကျွန်မတို့ ဒေသမှာ ဆိုလို့ရှိရင် ဧက ၆၀၀၀ လောက်ရှိတာမှာ ၂၀၀၀ လောက်ပဲ လုပ်လို့ရတယ်။ ၄၀၀၀ လောက်က မလုပ်ရဘူးရှင့်။ ကျွန်မတို့ဖက်မှာက မူးရေသောက်ဆိုတော့ မြောက်ဖက်မှာ ကာဘိုးဆည်ရေသောက် မူးရေသောက်ဆိုတော့ ခင်ဦးမြို့နယ်ရဲ့ အနောက်ဖက်ခြမ်း ၁ မိုင်ကျော် ၁မိုင်ခွဲလောက် ဝေးတဲ့ ပျဉ်ထောင်ဆိုတဲ့ရွာက မူးဘေးမှာဆိုတော့ အဲ့မှာ တပ်က စွဲထားတဲ့ခါကျတော့ အဲ့မှာ မူးရေကို တပ်ကဟာတွေက သူတို့အကုန်လုံး တံတားမှာ တပ်စွဲထားတဲ့ဟာတွေက သူတို့ အချိတ်အဆက် လုပ်တဲ့အခါ လယ်တွေမှာ ရေရှိရင် သူတို့ သွားလမ်းလာလမ်း မဖြောင့်မှာစိုးလို့ မူးရေကို လုံးဝ ရေမလာအောင် လုပ်ထားပါတယ်။ ကျွန်မတို့ရဲ့ အနောက်ဖက်ကမှာက စစ်အုပ်စုရဲ့ တပ်စွဲထာားတဲ့ တပ်နဲ့ ကပ်ရပ် လုပ်ရမယ့် ဒေသတွေ နေရာတွေကိုကျတော့ သူတို့ဖက်က လုပ်ပိုင်ခွင့် မပေးဘူး မရဘူးရှင့်။

စပ်တပ်တပ်စွဲထားတဲ့ နေရာနား ရောက်သွားရင် ခြိမ်းခြောက် ပစ်ခတ်ခံရတာ ဖမ်းဆီးခံရတာတွေ ရှိတာကြောင့်လည်း ဒေသခံတချို့ ကြောက်လန့်ပြီး စိုက်ပျိုးရေးကို ကောင်းကောင်း မလုပ်နိုင်တာလို့ ပြောပါတယ်။

“ကျွန်မတို့ ကျွဲကျောင်းသားတွေကအစ လူတွေနဲ့ လွတ်ရာနားဖက်မှာ သူတို့နဲ့ နီးရာမရောက်ခင် ကျွဲကျောင်းသာားတွေမြင်ရင်လဲ ဖမ်းတာ ပစ်တာတွေ လုပ်တတ်တော့ ကျွန်မတို့ ဘာမှ လုပ်ကိုင်စားလို့ မရတော့ပါဘူးရှင့်။ နေ့ည အဆက်မပြတ် လက်နက်ကြီးတွေနဲ့လည်း ထုနေတာပါရှင်။”

စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၃ နာရီလောက်က ရေဦးမြို့နယ်ဖက်ကနေ ခင်ဦးမြို့နယ် အနောက်ဖက်ခြမ်းကို စစ်တပ် အင်အား ၂၀၀ ဝန်းကျင်လောက်နဲ့ ဝင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။ သာဂယာရွာနဲ့ ဂွေးကုန်းရွာကြားမှာ တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိသလို ဒီနေ့ သာဂယာကျေးရွာနဲ့ ဘိုကုန်းကျေးရွာတွေမှာ နေအိမ်တချို့ မီးရှို့ခံနေရတယ်လို့လည်း ပြောပါတယ်။ သာဂယ ကျေးရွာဟာ ဇူလိုင်လတုန်းကလည်း တခါ မီးရှို့ခံခဲ့ရပြီး အိမ်ခြေ ၆၀ လောက်မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဆင်ရေးတွေမှာ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဘူးဆိုပြီး စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကိုင်းတိုင်းအတွင်း နယ်မြေရှင်းလင်းရေးတွေ တိုးလုပ်နေပါတယ်။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်တွေ ထွက်ပြေးနေတဲ့ သတင်းတွေနဲ့ ကျေးရွာတွေ မီးရှို့ခံရတဲ့သတင်းတွေ၊ အရပ်သားတွေ ထိခိုက်ဒဏ်ရရတဲ့ သတင်းတွေလည်း နေ့စဉ်လိုလို ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG