သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အလုပ္ထုတ္ခံရတဲ့ ထိုင္းေရာက္ ျမန္မာအလုပ္သမားတခ်ိဳ႕ နစ္နာေၾကးရဖို႔ တရားစြဲ


နစ္နာမႈေတြအတြက္ အကူအညီေပးဖို႔ ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမားမ်ား ဆႏၵျပေတာင္းဆို ( Photo: NUG အလုပ္သမားေရးဝန္ႀကီးဌာန )

[[ ZAWGYI / UNICODE ]]

အလုပ္ထုတ္ခံရတဲ့ ထိုင္းေရာက္ ျမန္မာအလုပ္သမားတခ်ိဳ႕ နစ္နာေၾကးရဖို႔ တရားစြဲ

ထိုင္းႏိုင္ငံ စမုပရာကန္ျပည္နယ္၊ ဘန္ေဘာ္ နယ္ေျမမွာရွိတဲ့ ငါးေသတၱာစက္႐ုံက ျမန္မာအလုပ္သမား ၁၁၀ အလုပ္ထုတ္ခံရပါတယ္။ ဒီထဲက အလုပ္သမား ၃၀ ေက်ာ္ကေတာ့ နစ္နာေၾကး ရရွိဖို႔ အလုပ္ရွင္ကို တရားစြဲဆိုထားပါတယ္။ အလုပ္သမားေတြနဲ႔ သက္ဆိုင္တဲ့ စာ႐ြက္စာတမ္းေတြ ရရွိဖို႔နဲ႔ နစ္နာေၾကးရဖို႔ တရားစြဲဆိုရာမွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ အလုပ္သမားဝန္ႀကီးဌာနက အလုပ္သမားေတြဘက္က လိုက္ပါေဆာင္႐ြက္ ေပးေနတယ္လို႔ ေျပာပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအ သတင္းေထာက္ မအးေအးမာက သတင္းေပးပို႔ ထားပါတယ္။

စမုပရာကန္ျပည္နယ္ ဘန္ေဘာ္နယ္ေျမမွာရွိတဲ့ ငါးေသတၱာစက္႐ုံက အလုပ္သမားေတြဟာ ပန္းေရာင္ကဒ္ လို႔ေခၚတဲ့ အလုပ္သမားလက္မွတ္ေတြနဲ႔ အလုပ္လုပ္ကိုင္ေနၾက သူေတြမ်ားပါတယ္။ သူတို႔မွာ အေထာက္အထားလက္မွတ္ ရွိလွ်က္နဲ႔ အလုပ္သမား ၁၁၀ ေက်ာ္ အလုပ္ထုတ္ ခံရတာပါ။ အဲဒီထဲက အလုပ္သမား ၃၀ ေက်ာ္ကေတာ့ နစ္နာေၾကးရဖို႔ တရားစြဲတာကို ကူညီလုပ္ေဆာင္ေပးတယ္လို႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ျပည္ပအလုပ္သမား စီမံခန႔္ခြဲေရးဦးစီးဌာန တာဝန္ရွိသူ ဦးေဝလင္းေမာင္က ေျပာပါတယ္။

" ၃၄ ဦး ကေတာ့ ဒီစက္႐ုံကို အမူ႔ဖြင့္လိုက္တယ္ အဓိကေတာ့ က်ေနာ္တို႔ေတာင္းဆိုတာက စမုပရာကန္ အလုပ္သမားကာကြယ္ေစာင့္ေရွာက္ေရးဌာန(ဆာဝါဒီကန္)မွာ အမူဖြင့္လိုက္တယ္ တလႀကိဳတင္အေၾကာင္းၾကားရတယ္ေပါ့ ႀကိဳတင္အေၾကာင္းမၾကားတဲ့အတြက္ က်ေနာ္တို႔က ဒီအလုပ္ေတြအေနနဲ႔က ၁၅ ရက္စာလုပ္အားလခလစာရႏိုင္တယ္ ေနာက္တခ်က္က ဒီအလုပ္သမားေတြက လုပ္သက္ ၁၀ ၁၁ အထိရွိၾကတယ္ရက္ေပါင္း ၁၂၀ ထက္လုပ္သက္ရွိေနတယ္ ဒါဆိုရင္ လုပ္ခလစာတလစာေပါ့ ရက္ေပါင္း ၃၀ ရက္စာလုပ္ခလစာခံစားခြင့္ဆိုတာ ထိုင္းဥပေဒအရ ဆုံးရႈံးနစ္နာေၾကးရရွိႏိုင္ေအာင္အမူ႔ဖြင့္ေပးထားတယ္ေပါ့။"

အလုပ္ ထုတ္ခံရသူေတြထဲက တခ်ိဳ႕ကိုေတာ့ တျခားအလုပ္ေတြမွာေျပာင္းေ႐ႊ႕ လုပ္ကိုင္ေဆာင္႐ြက္ဖို႔အတြက္ အလုပ္ရွင္ဘက္က စာ႐ြက္စာတမ္းေတြ ထုတ္ေပးဖို႔ ညႇိႏိုင္းႏိုင္ခဲ့တယ္လို႔ အလုပ္သမားေတြကိုအကူညီေပးေနတဲ့ AAC မဟာမိတ္အဖြဲ႕က အလုပ္သမားေရးလႈပ္ရွားသူ ကိုရဲမင္းက ေျပာပါတယ္။

" အလုပ္ရွင္အလုပ္သမားညႇိႏႈိင္းသေဘာတူညီမူ႔ရရွိတာကေတာ့ ၃၈ေယာက္ကလြဲၿပီး က်န္တဲ့သူေတြကေတာ့ အလုပ္ရွင္က က်န္တဲ့လုပ္အားခေတြနဲ႔ တရားဝင္ေျပာင္းေ႐ႊေျပာင္ခြင့္စာ႐ြက္စာတမ္းေတြရဖို႔အတြက္ ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္ခဲ့တယ္။ "

အမ်ိဳးသားညီၫႊတ္ေရးအစိုးရ၊ အလုပ္သမားဝန္ႀကီးဌာန အေနနဲ႔ အေရးေပၚကာလ အေျခအေနမွာ ျပည္တြင္း၊ ျပည္ပ ျမန္မာအလုပ္သမားေတြရဲ႕ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြ အက်ိဳးခံစားခြင့္ေတြရရွိေအာင္ ကူညီေဆာင္႐ြက္ေပးေနၿပီး တိုင္ၾကားေရး ယႏၲယား ဖြင့္လွစ္ထားပါတယ္။ အခုဆိုရင္ ထိုင္းႏိုင္ငံရဲ႕ အလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးဌာန(ဆာဝါဒီကန္) ၊ အလုပ္အကိုင္ဌာန (က်ဟာငန္)တို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့တယ္လို႔လည္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ ျပည္ပ အလုပ္သမား စီမံခန႔္ခြဲေရးဦးစီးဌာနက ေျပာျပခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

အလုပ်ထုတ်ခံရတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတချို့ နစ်နာကြေးရဖို့ တရားစွဲ

ထိုင်းနိုင်ငံ စမုပရာကန်ပြည်နယ်၊ ဘန်ဘော် နယ်မြေမှာရှိတဲ့ ငါးသေတ္တာစက်ရုံက မြန်မာအလုပ်သမား ၁၁၀ အလုပ်ထုတ်ခံရပါတယ်။ ဒီထဲက အလုပ်သမား ၃၀ ကျော်ကတော့ နစ်နာကြေး ရရှိဖို့ အလုပ်ရှင်ကို တရားစွဲဆိုထားပါတယ်။ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ရရှိဖို့နဲ့ နစ်နာကြေးရဖို့ တရားစွဲဆိုရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားတွေဘက်က လိုက်ပါဆောင်ရွက် ပေးနေတယ်လို့ ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအးအေးမာက သတင်းပေးပို့ ထားပါတယ်။

စမုပရာကန်ပြည်နယ် ဘန်ဘော်နယ်မြေမှာရှိတဲ့ ငါးသေတ္တာစက်ရုံက အလုပ်သမားတွေဟာ ပန်းရောင်ကဒ် လို့ခေါ်တဲ့ အလုပ်သမားလက်မှတ်တွေနဲ့ အလုပ်လုပ်ကိုင်နေကြ သူတွေများပါတယ်။ သူတို့မှာ အထောက်အထားလက်မှတ် ရှိလျှက်နဲ့ အလုပ်သမား ၁၁၀ ကျော် အလုပ်ထုတ် ခံရတာပါ။ အဲဒီထဲက အလုပ်သမား ၃၀ ကျော်ကတော့ နစ်နာကြေးရဖို့ တရားစွဲတာကို ကူညီလုပ်ဆောင်ပေးတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ပအလုပ်သမား စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူ ဦးဝေလင်းမောင်က ပြောပါတယ်။

" ၃၄ ဦး ကတော့ ဒီစက်ရုံကို အမူ့ဖွင့်လိုက်တယ် အဓိကတော့ ကျနော်တို့တောင်းဆိုတာက စမုပရာကန် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်)မှာ အမူဖွင့်လိုက်တယ် တလကြိုတင်အကြောင်းကြားရတယ်ပေါ့ ကြိုတင်အကြောင်းမကြားတဲ့အတွက် ကျနော်တို့က ဒီအလုပ်တွေအနေနဲ့က ၁၅ ရက်စာလုပ်အားလခလစာရနိုင်တယ် နောက်တချက်က ဒီအလုပ်သမားတွေက လုပ်သက် ၁၀ ၁၁ အထိရှိကြတယ်ရက်ပေါင်း ၁၂၀ ထက်လုပ်သက်ရှိနေတယ် ဒါဆိုရင် လုပ်ခလစာတလစာပေါ့ ရက်ပေါင်း ၃၀ ရက်စာလုပ်ခလစာခံစားခွင့်ဆိုတာ ထိုင်းဥပဒေအရ ဆုံးရှုံးနစ်နာကြေးရရှိနိုင်အောင်အမူ့ဖွင့်ပေးထားတယ်ပေါ့။"

အလုပ် ထုတ်ခံရသူတွေထဲက တချို့ကိုတော့ တခြားအလုပ်တွေမှာပြောင်းရွှေ့ လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် အလုပ်ရှင်ဘက်က စာရွက်စာတမ်းတွေ ထုတ်ပေးဖို့ ညှိနိုင်းနိုင်ခဲ့တယ်လို့ အလုပ်သမားတွေကိုအကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ကိုရဲမင်းက ပြောပါတယ်။

" အလုပ်ရှင်အလုပ်သမားညှိနှိုင်းသဘောတူညီမူ့ရရှိတာကတော့ ၃၈ယောက်ကလွဲပြီး ကျန်တဲ့သူတွေကတော့ အလုပ်ရှင်က ကျန်တဲ့လုပ်အားခတွေနဲ့ တရားဝင်ပြောင်းရွှေပြောင်ခွင့်စာရွက်စာတမ်းတွေရဖို့အတွက် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့တယ်။ "

အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ အရေးပေါ်ကာလ အခြေအနေမှာ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ အကျိုးခံစားခွင့်တွေရရှိအောင် ကူညီဆောင်ရွက်ပေးနေပြီး တိုင်ကြားရေး ယန္တယား ဖွင့်လှစ်ထားပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံရဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) ၊ အလုပ်အကိုင်ဌာန (ကျဟာငန်)တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ပ အလုပ်သမား စီမံခန့်ခွဲရေးဦးစီးဌာနက ပြောပြခဲ့ပါတယ်ရှင်။

XS
SM
MD
LG