သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် လောင်းကစားလုပ်မှုနဲ့ မသင်္ကာသူ တရုတ်နိုင်ငံသား ၉ ဦး ထိုင်းရဲဖမ်းဆီး


တရားမဝင် လောင်းကစားလုပ်မှုနဲ့ မသင်္ကာသူ တရုတ်နိုင်ငံသား ၉ ဦး ထိုင်းရဲဖမ်းဆီးနေ။ (Photo- ထိုင်းနယ်ခြားစောင့်တပ်)
တရားမဝင် လောင်းကစားလုပ်မှုနဲ့ မသင်္ကာသူ တရုတ်နိုင်ငံသား ၉ ဦး ထိုင်းရဲဖမ်းဆီးနေ။ (Photo- ထိုင်းနယ်ခြားစောင့်တပ်)

[[ ZAWGYI / UNICODE ]]

တရားမဝင် လောင်းကစားလုပ်မှုနဲ့ မသင်္ကာသူ တရုတ်နိုင်ငံသား ၉ ဦး ထိုင်းရဲဖမ်းဆီး

အွန်လိုင်းကနေ လောင်းကစားလုပ်ငန်းနဲ့ ငွေကြေးလိမ်လည်မှုတွေ ကြပ်မတ် နှိမ်နှင်းနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်က တရားမဝင် ဝင်လာတဲ့ ဝင်လာတဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်တယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၉ ယောက်ကို မနေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့အတူ ဒါဇင်နဲ့ ချီတဲ့ လက်ကိုင်ဖုံးတွေ၊ ဘဏ်ကဒ်တွေကိုလည်း ထိုင်း ရဲအရာရှိတွေက သိမ်းဆည်းမိခဲ့ပါတယ်။ ထိုင်းနိုင်ငံ မှာလိုပဲ တခြား အာရှနိုင်တချို့မှာလည်း အွန်လိုင်းက လောင်းကစားလုပ်ငန်းတွေကို အထူးကြပ်ကြပ်မတ်မတ် နှိမ်နှင်းနေတဲ့အကြောင်း VOA သတင်းထောက် မအေးအေမာ ထိုင်းနယ်စပ်ကနေ သတင်းပေးပို့ပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်ထဲကနေ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုပ်နိုင်ငံသား ၉ ဦးကို ထိုင်းအမှတ်(၃) နယ်ခြားစောင့်တပ်က စက်တင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။

ချင်းရိုင် ပြည်နယ် မဲဖါလွမ်နယ်စပ်မှာ ထိုင်း အမှတ် ၃ နယ်ခြားစောင့် တပ်ဖွဲ့က ကင်းလှည့်နေတုန်းမှာပဲ မြန်မာနိုင်ငံ နယ်စပ်ကနေ မောင်းနှင်လာတဲ့ ကားငယ်တစ်စီးကို တားဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ် ကားပေါ်မှာတော့ ယာဉ်မောင်း လာတာက ထိုင်းနိုင်ငံသား မယ့်ဖါလွင် ကျေးရွာသူကြီးဖြစ်ပြီးသူနဲ့အတူတရုပ်နိုင်ငံသား၉ဦးကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

တရုပ်နိုင်ငံသားတွေဟာ သက်သေခံစာရွက်စာတမ်းတွေ ကိုင်ဆောင်ထားတာမရှိသလို့တရားမဝင်ဝင်ရောက်လာတာဖြစ်တဲ့အတွက် နယ်ခြားစောင့်တပ်က ဖမ်းဆီးအရေးဖို့လုပ်ဆောင်နေပါတယ် နယ်ခြားစောင့်အမှတ်သုံးက တာဝန်ရှိသူ ဗိုလ်မူး ဘွန်ရန် အင်ဝမ်ကတော့ ဖမ်းမိတဲ့ တရုပ်နိုင်ငံသား(၉ ) ဦးကို ချင်းရိုင်ပြည်နယ် ရဲတပ်ဖွဲ့ထံ လွဲပြောင်းပေးမှာဖြစ်ပြီး လိုအပ်တဲ့ စစ်ဆေးမူတွေဆက်လ က် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ထိုင်းဘာသာနဲ့ ပြောကြားသွားပါတယ်။

တာချီလိတ်ဘက်ကနေ မဲဆိုင်ဘက်ကို ဝင်ရောက်လာတဲ့ တရုပ်နိုင်ငံသား (၉ ) ဦး ဟာ တာချီလိတ် အွန်လိုင်း ငွေလိမ် ဂိုဏ်းမှာလုပ်ကိုင်နေသူများဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။

ဆက်လက် စစ်ဆေးတွေ့ရှိချက်တွေမှာတော့ ဖမ်းမိတဲ့ တရုပ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့က အွန်လိုင်း လိမ်လည်ဂိုဏ်း call canter မှာ လုပ်ကိုင်နေကြ သူတွေဖြစ်ပြီး အခုရက်ပိုင်း တာချီလိတ်မြို့မှာ မူခင်းနိမ်နင်းရေးနယ်မြေရှင်းလင်း ရေးတွေကိုလုပ်ဆောင်နေတာကြောင့် ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်တယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုပ်နိုင်ငံသားတွေနဲ့ အတူပါလာတဲ့ ခရီးဆောင်အိပ်တွေမှာတော့ လက်ကိုင် ဖုန်းအလုံး ၄၀ ကျော်နဲ့ ဘဏ်ကပ် အတော်များများတွေ့ရှိခဲ့တယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံမှာလည်း အွန်လိုင်း လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုပ်နိုင်ငံသားတွေကို မကြာခန ဖမ်းမိနေပါတယ်။အထူးသဖြင့် ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိပ် ဘက်ကနေ ခိုးဝင်လာတဲ့သူတွေ ကရင်ပြည်နယ် မြဝတီမြို့ဖက်က ခိုးဝင်လာတဲ့ တရုပ်နိုင်ငံသားတွေကို မကြာခန ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာလည်း လောင်းကစား လုပ်ငန်းတွေမှာ ပြန်ပေးဆွဲမှု၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ လူသတ်မှုများ ဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဖိလစ်ပိုင်အစိုးရက လိုင်စင်မဲ့ အွန်လိုင်းဂိမ်း လုပ်ငန်းကို ဖြိုခွင်းခဲ့ပါတယ်။ ဒီနောက် တရုတ်လုပ်သား ၄၀,၀၀၀ ကို ပြည်နှင်ဒဏ်ပေးမှာဖြစ်ကြောင်း တရားရေးဌာန တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ကပဲ ပြောကြားခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}











XS
SM
MD
LG