သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မႏၲေလးမွာ အခ်ဳပ္ကား တိုက္ခိုက္ခံရ


Myanmar Police

[[ ZAWGYI / UNICODE ]]

မႏၲေလးမွာ အခ်ဳပ္ကား တိုက္ခိုက္ခံရ

စက္တင္ဘာ ၂၉ ရက္ မနက္ပိုင္းက မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္ ျမစ္ငယ္တံတားအနီးမွာ ႏိုင္ငံေရး အက်ဥ္းသား ေတြတင္ေဆာင္လာတဲ့ အခ်ဳပ္ကားတစ္စီးကို လက္နက္ကိုင္အဖြဲ႕တဖြဲ႕က တိုက္ခိုက္ၿပီး အက်ဥ္းသားေတြကို ကယ္ထုတ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ တိုက္ခိုင္မႈအတြင္း ႏိုင္ငံေရးအက်ဥ္းသာား ၂ ဦးလြတ္ေျမာက္ၿပီး ၆ ဦးကေတာ့ ျပန္လည္ပစ္ခတ္ဖမ္းဆီး ခံရတယ္လို႔ ဒီတိုက္ခိုက္မႈမွာ ပါဝင္တဲ့ တိုက္ခိုက္ေရးတာ၀န္ခံက ေျပာပါတယ္။ ျမစ္ငယ္တံတား အခ်ဳပ္ကားတိုက္ခိုက္မႈအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုေဇာ္မိုးေက်ာ္က ေျပာျပထားပါတယ္။

ဒီကေန႔ စက္တင္ဘာ ၂၉ ရက္ မနက္ပိုင္း ၉ နာရီဝန္းက်င္ေလာက္က အိုးဘိုအက်ဥ္းေထာင္ကေန ေက်ာက္ဆည္ တရား႐ုံးကို ႐ုံးထုတ္တဲ့ ႏိုင္ငံေရး အက်ဥ္းသားေတြပါတဲ့ အခ်ဳပ္ကားကို ေက်ာက္ဆည္တရား႐ုံးက အျပန္ ျမစ္ငယ္တံတားအနီးမွာ လက္နက္ကိုင္အဖြဲ႕ တဖြဲ႕က ၀င္တိုက္ခဲ့တာပါ။

ဒီတိုက္ခိုက္မႈမွာ ရဲ ၂ ဦးေသဆုံးၿပီး ထြက္ေျပးတဲ့ အက်ဥ္သားေတြကို ျပန္လည္ပစ္ခတ္ဖမ္းဆီးတာေၾကာင့္ ၆ ဦးျပန္ဖမ္းဆီးခံရပါတယ္။ အဖမ္းခံရသူေတြထဲက တစ္ဦးကေတာ့ ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔ တိုက္ခိုက္မႈမွာပါ၀င္တဲ့ ၿမိဳ႕ျပ ေပ်ာက္က်ားအဖြဲ႕လို႔ နာမည္ေပးထားတဲ့ အဖြဲ႕က တာ၀န္ခံ ဗိုလ္ေနလင္းက VOA ကို ေျပာပါတယ္။

“ဒီေန႔မနက္ ၉ နာရီဝန္းက်င္ေလာက္ကေပါ့ေနာ ကြၽန္ေတာ္တို႔က သတင္းေပးမႈေၾကာင့္မို႔လို႔ အိုးဘိုကေန ေက်ာက္ဆည္ကို ႐ုံးထုတ္မယ့္ အခ်ဳပ္ကားေပါ့ အခ်ဳပ္ကားကို သတင္းေပးမႈေၾကာင့္ ႏိုင္ငံေရး အက်ဥ္းသား ၈ ဦးပါလာတယ္ဆိုတဲ့သတင္း ရတယ္ဗ်။ အဲ့မွာ ျပန္တဲ့အခ်ိန္ကို ၾကားဝင္ျဖတ္ၿပီးေတာ့ တိုက္ခဲ့တာေပါ့။ တိုက္ခိုက္တဲ့အခ်ိန္မွာ ရဲ ၂ ေကာင္ေသဆုံးၿပီးေတာ့ ၆ ေယာက္ေတာ့ က်န္ခဲ့ပါတယ္(ႏိုင္/က်ဥ္း)။ လြတ္ေျမာက္လာသူကေတာ့ ၂ ေယာက္ေပါ့။ ၂ ေယာက္က အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ ကြဲသြားတဲ့အတြက္ သူတို႔ကေတာ့ မဟာမိတ္အဖြဲ႕ေတြနဲ႔ ပါသြားတယ္ဗ်။”

ျပန္လည္ဖမ္းဆီးခံလိုက္ရတဲ့ ႏိုင္ငံေရး အက်ဥ္းသားေတြကို ညႇင္းပန္းႏွိပ္စက္၊ သတ္ျဖတ္ခံရႏိုင္ေခ် ရွိတဲ့ အတြက္ စိုးရိမ္တယ္လို႔လဲ ဗိုလ္ေနလင္းက ေျပာပါတယ္။

“အဲ့ဒီ ၆ ေယာက္ကို သတင္းအေစာႀကီးတင္လိုက္ရေတာ့ အဲ့ဒီ ၆ ေယာက္ရဲ႕ သတင္းအစအန မေပ်ာက္သြားေအာင္လို႔။ ႏိုင္ငံေရးသမား ေတာ္ေတာ္မ်ားမ်ားက ဘယ္သူမွ မသိဘဲ ေႂကြလြင့္တာေတြလည္း မ်ားေနၿပီ သူတို႔ရဲ႕ လက္စေဖ်ာက္တဲ့ဟာေပၚမူတည္ၿပီးေတာ့ေပါ့ေနာ။ အဲ့ဒါေၾကာင့္မို႔ ကြၽေတာ္တို႔ သတင္းအေစာႀကီး တင္လိုက္ရတာပါ။”

ဒီတိုက္ခိုက္မႈအၿပီးမွာ မႏၲေလးတိုင္း ျမစ္ငယ္ၿမိဳ႕နဲ႔ အနီးမွာ စစ္တပ္က လမ္းေတြပိတ္ထားပါတယ္။ ျဖတ္သြားတဲ့ ကားေတြကို ပိတ္ဆို႔ၿပီး တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီသတင္းနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္တာမရွိေသးပါဘူး။ အက်ဥ္းသားေတြ ဘယ္သူဘယ္ဝါဆိုတဲ့ သီးျခား အတည္ျပဳခ်က္ေတြ မရေသးပါဘူး။ မႏၲေလးတိုင္းအတြင္း ေနရာတခ်ဳိ႕မွာ ပစ္ခတ္မႈ၊ ေပါက္ကြဲမႈေတြ မၾကာခန ျဖစ္ေပၚေနတာေၾကာင့္ စစ္တပ္ဘက္က လုံျခဳံေရးကို တိုးခ်ထားပါတယ္။ ေနအိမ္ေတြကို ၀င္ေရာက္ရွာေဖြတာ ဖမ္းဆီးတာေတြလည္း မၾကာခန ရွိတဲ့အေၾကာင္း ႏိုင္ငံေရးအသိုင္းအဝိုင္းနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

မႏၲေလးမွာ အခ်ဳပ္ကား တိုက္ခိုက္ခံရ
please wait

No media source currently available

0:00 0:02:27 0:00
တိုက္႐ိုက္ လင့္ခ္

===================

{{ UNICODE }}

မန္တလေးမှာ အချုပ်ကား တိုက်ခိုက်ခံရ

စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်တံတားအနီးမှာ နိုင်ငံရေး အကျဉ်းသား တွေတင်ဆောင်လာတဲ့ အချုပ်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က တိုက်ခိုက်ပြီး အကျဉ်းသားတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ တိုက်ခိုင်မှုအတွင်း နိုင်ငံရေးအကျဉ်းသာား ၂ ဦးလွတ်မြောက်ပြီး ၆ ဦးကတော့ ပြန်လည်ပစ်ခတ်ဖမ်းဆီး ခံရတယ်လို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ တိုက်ခိုက်ရေးတာဝန်ခံက ပြောပါတယ်။ မြစ်ငယ်တံတား အချုပ်ကားတိုက်ခိုက်မှုအကြောင်း သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က ပြောပြထားပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က အိုးဘိုအကျဉ်းထောင်ကနေ ကျောက်ဆည် တရားရုံးကို ရုံးထုတ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေပါတဲ့ အချုပ်ကားကို ကျောက်ဆည်တရားရုံးက အပြန် မြစ်ငယ်တံတားအနီးမှာ လက်နက်ကိုင်အဖွဲ့ တဖွဲ့က ဝင်တိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုမှာ ရဲ ၂ ဦးသေဆုံးပြီး ထွက်ပြေးတဲ့ အကျဉ်သားတွေကို ပြန်လည်ပစ်ခတ်ဖမ်းဆီးတာကြောင့် ၆ ဦးပြန်ဖမ်းဆီးခံရပါတယ်။ အဖမ်းခံရသူတွေထဲက တစ်ဦးကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ မြို့ပြ ပျောက်ကျားအဖွဲ့လို့ နာမည်ပေးထားတဲ့ အဖွဲ့က တာဝန်ခံ ဗိုလ်နေလင်းက VOA ကို ပြောပါတယ်။

“ဒီနေ့မနက် ၉ နာရီဝန်းကျင်လောက်ကပေါ့နော ကျွန်တော်တို့က သတင်းပေးမှုကြောင့်မို့လို့ အိုးဘိုကနေ ကျောက်ဆည်ကို ရုံးထုတ်မယ့် အချုပ်ကားပေါ့ အချုပ်ကားကို သတင်းပေးမှုကြောင့် နိုင်ငံရေး အကျဉ်းသား ၈ ဦးပါလာတယ်ဆိုတဲ့သတင်း ရတယ်ဗျ။ အဲ့မှာ ပြန်တဲ့အချိန်ကို ကြားဝင်ဖြတ်ပြီးတော့ တိုက်ခဲ့တာပေါ့။ တိုက်ခိုက်တဲ့အချိန်မှာ ရဲ ၂ ကောင်သေဆုံးပြီးတော့ ၆ ယောက်တော့ ကျန်ခဲ့ပါတယ်(နိုင်/ကျဉ်း)။ လွတ်မြောက်လာသူကတော့ ၂ ယောက်ပေါ့။ ၂ ယောက်က အခြေအနေ အမျိုးမျိုးကြောင့် ကွဲသွားတဲ့အတွက် သူတို့ကတော့ မဟာမိတ်အဖွဲ့တွေနဲ့ ပါသွားတယ်ဗျ။”

ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်ခံရနိုင်ချေ ရှိတဲ့ အတွက် စိုးရိမ်တယ်လို့လဲ ဗိုလ်နေလင်းက ပြောပါတယ်။

“အဲ့ဒီ ၆ ယောက်ကို သတင်းအစောကြီးတင်လိုက်ရတော့ အဲ့ဒီ ၆ ယောက်ရဲ့ သတင်းအစအန မပျောက်သွားအောင်လို့။ နိုင်ငံရေးသမား တော်တော်များများက ဘယ်သူမှ မသိဘဲ ကြွေလွင့်တာတွေလည်း များနေပြီ သူတို့ရဲ့ လက်စဖျောက်တဲ့ဟာပေါ်မူတည်ပြီးတော့ပေါ့နော။ အဲ့ဒါကြောင့်မို့ ကျွတော်တို့ သတင်းအစောကြီး တင်လိုက်ရတာပါ။”

ဒီတိုက်ခိုက်မှုအပြီးမှာ မန္တလေးတိုင်း မြစ်ငယ်မြို့နဲ့ အနီးမှာ စစ်တပ်က လမ်းတွေပိတ်ထားပါတယ်။ ဖြတ်သွားတဲ့ ကားတွေကို ပိတ်ဆို့ပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အကျဉ်းသားတွေ ဘယ်သူဘယ်ဝါဆိုတဲ့ သီးခြား အတည်ပြုချက်တွေ မရသေးပါဘူး။ မန္တလေးတိုင်းအတွင်း နေရာတချို့မှာ ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေ မကြာခန ဖြစ်ပေါ်နေတာကြောင့် စစ်တပ်ဘက်က လုံခြုံရေးကို တိုးချထားပါတယ်။ နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာ ဖမ်းဆီးတာတွေလည်း မကြာခန ရှိတဲ့အကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

XS
SM
MD
LG