အင်ဒိုနီးရှားဘောလုံးပွဲတွင်း လူနင်းမိသေဆုံးသူတွေအတွက် အောက်မေ့ဖွယ် ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲကို အောက်တိုဘာလ ၂ ရက်နေ့ညမှာ ကျင်းပခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ ပြည်တွင်း အမှတ်ပေးဇယားဘောလုံးပွဲမှာ ရှုံးတဲ့အသင်းက ပရိသတ်တွေက မကျေနပ်လို့ ကွင်းထဲဆင်းခဲ့ရာကနေ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ ရဲတွေရဲ့ နှိမ်နင်းမှုကနေ ထွက်ပြေးရာကနေ လူ တရာကျော်သေဆုံး၊ ၂ ရာနီးပါး ဒဏ်ရာရခဲ့ပါတယ်။
အင်ဒိုနီးရှားဘောလုံးပွဲ သေဆုံးသူတွေအတွက် ဆုတောင်းပွဲကျင်းပ
- ဗွီအိုအေမြန်မာပိုင်း

၁
အင်ဒိုနီးရှားပြည်တွင်း အမှတ်ပေးဇယားဘောလုံးပွဲမှာ အရီးမားအသင်း ရှုံးပြီးတဲ့နောက် မကျေနပ်တဲ့ ပရိသတ်တွေ ဘောလုံးကွင်းထဲကို ပြေးဆင်းလာခဲ့ပါတယ်။

၂
လူအုပ်ခွဲဖို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး သုံးခဲ့ပါတယ်။ (အောက်တိုဘာ ၁၊ ၂၀၂၂)

၃
ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးထိမှန်ပြီး ဒဏ်ရာရသွားသူတယောက်ကို တခြားဘောလုံးပရိသတ်တွေက ဝိုင်းဝန်း ကူညီ ကယ်ထုတ်ပေးခဲ့ကြပါတယ်။

၄
အင်ဒိုနီးရှားပြည်တွင်း အမှတ်ပေးဇယားဘောလုံးပွဲမှာ အရီးမားအသင်း ရှုံးပြီးတဲ့နောက် မကျေနပ်တဲ့ ပရိသတ်တွေ ဘောလုံးကွင်းထဲကို ပြေးဆင်းလာခဲ့ပါတယ်။