သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ သတင်းသမားတွေ လုံခြုံရေး ကုလစိုးရိမ်

Stephane Dujarric, ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ
Stephane Dujarric, ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ

[[ ZAWGYI / UNICODE ]]

မြန်မာနိုင်ငံမှာ သတင်းသမားတွေ လုံခြုံရေး ကုလစိုးရိမ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ တိုးလာနေပြီး၊ သတင်းသမားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

“ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO ရဲ့ မှတ်တမ်းတွေအရ၊ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီသီတင်းပတ်အထိ၊ အနည်းဆုံး သတင်းသမား ၁၇၀ ဖမ်းဆီးခံခဲ့ရပါတယ်။ အမျိုးသမီး ၁၂ ယောက် အပါအဝင် ၇၀ နီးပါး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။” လို့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric ကပြောသွားတာပါ။

သတ်ဖြတ်တာ၊ ဖမ်းဆီးထိန်းသိမ်းတာ၊ ရာဇဝတ်ကြောင်းနဲ့ အရေးယူတာ၊ ထောင်ချတာ၊ သတင်းဌာနတွေကို စီးနင်းရှာဖွေတာတွေ အပါအဝင် သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုပေါင်း ၂၀၀ ကျော်ကို UNESCO က မှတ်တမ်းတင်ထားကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို ထောင်ဒဏ် ၇ နှစ် အပြစ်ပေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ သတင်းသမားတွေအပေါ် ဖိနှိပ်မှုအခြေအနေတွေကို ကုလသမဂ္ဂက ပြောဆိုခဲ့တာပါ။ ဂျပန်မီဒီယာသမား Kubota ကို တပ်မတော်အပေါ် အကြည်ညိုပျက်အောင် လှုံ့ဆော်မှု၊ အီလက်ထရောနစ် ဆက်သွယ်ရေး ပုဒ်မတွေနဲ့ တပေါင်းတည်းထောင်ဒဏ် ၇ နှစ် အပြစ်ပေးလိုက်တဲ့အပေါ် သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ချက်ခြင်းဆိုသလို တုံ့ပြန်ခဲ့ကြပါတယ်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) နဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Amnesty International တို့က ထောင်ဒဏ်အပြစ်ပေးခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချခဲ့ကြပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြတာပါ။ စစ်အာဏာပိုင်တွေကို ဆန့်ကျင်လှုပ်ရှားသူ တချို့နဲ့အတူ ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်သတင်းသမားဟာ ဆန္ဒပြသူတွေနဲ့ ဆက်သွယ်ချိန်းဆိုခဲ့ကြောင်း ဝန်ခံထားတယ်လို့ စစ်ကောင်စီက အစောပိုင်းမှာ ပြောဆိုထားပါတယ်။ ဂျပန်အစိုးရကတော့ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား သတင်းသမားကို ပြန်လွှတ်ပေးဖို့ ကြာသပတေးနေ့မှာပဲ တောင်းဆိုထားပါတယ်။

==================

{{ UNICODE }}







This item is part of
XS
SM
MD
LG