သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ လက္နက္ရေအာင္ ကူညီမႈနဲ႔ လုပ္ငန္းရွင္ ၃ ေယာက္၊ ကုမၸဏီတခုကို အေမရိကန္အေရးယူ


[[ ZAWGYI / UNICODE ]]

စစ္ေကာင္စီ လက္နက္ရေအာင္ ကူညီမႈနဲ႔ လုပ္ငန္းရွင္ ၃ ေယာက္၊ ကုမၸဏီတခုကို အေမရိကန္အေရးယူ


ျမန္မာႏိုင္ငံမွာ မႏွစ္က ေဖေဖၚဝါရီ ၁ ရက္ မွာ အာဏာသိမ္းခဲ့တဲ့ စစ္တပ္ကို လက္နက္ရေအာင္ ကူညီခဲ့တယ္ဆိုတဲ့ စြပ္စဲြခ်က္နဲ႔ ျမန္မာႏိုင္ငံသား ၃ ဦးနဲ႔ ကုမၸဏီ တခုကို အေမရိကန္ျပည္ေထာင္စုက အေရးယူလိုက္ပါတယ္။

ျမန္မာစစ္တပ္ကို ေလယာဥ္အစိတ္အပိုင္းေတြ အပါအဝင္ လက္နက္ေတြ ရေအာင္ လုပ္ေပးေနတဲ့ Dynasty International Company Limited နဲ႔ ဒီကုမၸဏီပိုင္ရွင္ ဦးေအာင္မိုးျမင့္၊ ကုမၸဏီ ပူးတြဲတည္ေထာင္သူ ဦးလႈိင္မိုးျမင့္ အျပင္ ကုမၸဏီဒါ႐ိုက္တာ မ်ိဳးသစၥာ တို႔ ၃ ဦးကို ပိတ္ဆို႔ဒဏ္ခတ္ အေရးယူလိုက္ေၾကာင္း အေမရိကန္ဘ႑ာေရး၀န္ႀကီးဌာနက ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

ျမန္မာစစ္အရာရွိတဦးရဲ႕ သားျဖစ္သူ ဦးေအာင္မိုးျမင့္ဟာ ျမန္မာစစ္တပ္အတြက္ မစ္ဇိုင္းဒံုးအပါအဝင္ စစ္လက္နက္ပစၥည္းမ်ိဳးစံု အျပင္ ေလယာဥ္ပါ တင္သြင္းေနသူျဖစ္ၿပီး သူ႔ကို ၂၀၂၂ ေဖေဖၚဝါရီလထဲမွာ အီးယူဥေရာပသမဂၢက အေရးယူထားသလို မတ္လထဲမွာေတာ့ ၿဗိတိန္က အေရးယူဒဏ္ခတ္ထားတာ ျဖစ္ပါတယ္။ သူ႔ညီျဖစ္သူ ဦးလႈိင္မိုးျမင့္ကလည္း ဒီကုမၸဏီအတြက္တာဝန္ယူ ေဆာင္ရြက္ေနသူျဖစ္သလို ကုမၸဏီဒါ႐ိုက္တာမ်ိဳးသစၥာကေတာ့ ႏိုင္ငံရပ္ျခားစစ္လက္နက္ေရာင္းဝယ္သူေတြနဲ႔ လက္နက္အေရာင္းအဝယ္ လုပ္ရာမွာ ဆက္သြယ္ေဆာင္ရြက္သူျဖစ္ေၾကာင္း ေဖၚျပထားပါတယ္။

အေမရိကန္ဘ႑ာဝန္ႀကီးဌာန လက္ေထာက္ဝန္ႀကီး Brian Nelson ကေတာ့ ျမန္မာလူထုအေပၚ အၾကမ္းဖက္ၿပီး ရက္စက္မႈေတြ က်ဴးလြန္ေနတဲ့ ျမန္မာစစ္တပ္ကို လက္နက္ရေအာင္ ေထာက္ပံ့ေပးေနတဲ့ ကြန္ယက္ေတြနဲ႔ အက်ိဳးအျမတ္ရေနသူေတြကို ပစ္မွတ္ထား အေရးယူလိုက္တာ ျဖစ္ေၾကာင္းေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဌာနကလည္း ျမန္မာရဲခ်ဳပ္နဲ႔ ဒုတိျပည္ထဲေရးဝန္ႀကီး ဦးသန္းလႈိင္ကို ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ မွာ ပါဝင္ပတ္သက္မႈနဲ႔ အေမရိကန္ျပည္ေထာင္စုကို လာေရာက္ခြင့္ ပိတ္ပင္လိုက္ပါတယ္။

ႏိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ဒီမိုကေရစီနည္းက်ေရြးေကာက္တင္ေႁမွာက္ထားတဲ့ ေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး အာဏာသိမ္းခဲ့တဲ့ စစ္တပ္က ဆႏၵျပသူေတြကိုပါ အၾကမ္းဖက္ႏွိမ္နင္းခဲ့တဲ့ ေနာက္ အေနာက္ႏိုင္ငံေတြက ျမန္မာစစ္တပ္နဲ႔ သူ႔စီးပြါးေရး လုပ္ငန္းေတြကို ဆက္လက္ၿပီး ပစ္မွတ္ထား အေရးယူေနတာ ျဖစ္ပါတယ္။

===============

{{ UNICODE }}

စစ်ကောင်စီ လက်နက်ရအောင် ကူညီမှုနဲ့ လုပ်ငန်းရှင် ၃ ယောက်၊ ကုမ္ပဏီတခုကို အမေရိကန်အရေးယူ


မြန်မာနိုင်ငံမှာ မနှစ်က ဖေဖေါ်ဝါရီ ၁ ရက် မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို လက်နက်ရအောင် ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ ကုမ္ပဏီ တခုကို အမေရိကန်ပြည်ထောင်စုက အရေးယူလိုက်ပါတယ်။

မြန်မာစစ်တပ်ကို လေယာဉ်အစိတ်အပိုင်းတွေ အပါအဝင် လက်နက်တွေ ရအောင် လုပ်ပေးနေတဲ့ Dynasty International Company Limited နဲ့ ဒီကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးမြင့်၊ ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ဦးလှိုင်မိုးမြင့် အပြင် ကုမ္ပဏီဒါရိုက်တာ မျိုးသစ္စာ တို့ ၃ ဦးကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာစစ်အရာရှိတဦးရဲ့ သားဖြစ်သူ ဦးအောင်မိုးမြင့်ဟာ မြန်မာစစ်တပ်အတွက် မစ်ဇိုင်းဒုံးအပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံ အပြင် လေယာဉ်ပါ တင်သွင်းနေသူဖြစ်ပြီး သူ့ကို ၂၀၂၂ ဖေဖေါ်ဝါရီလထဲမှာ အီးယူဥရောပသမဂ္ဂက အရေးယူထားသလို မတ်လထဲမှာတော့ ဗြိတိန်က အရေးယူဒဏ်ခတ်ထားတာ ဖြစ်ပါတယ်။ သူ့ညီဖြစ်သူ ဦးလှိုင်မိုးမြင့်ကလည်း ဒီကုမ္ပဏီအတွက်တာဝန်ယူ ဆောင်ရွက်နေသူဖြစ်သလို ကုမ္ပဏီဒါရိုက်တာမျိုးသစ္စာကတော့ နိုင်ငံရပ်ခြားစစ်လက်နက်ရောင်းဝယ်သူတွေနဲ့ လက်နက်အရောင်းအဝယ် လုပ်ရာမှာ ဆက်သွယ်ဆောင်ရွက်သူဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

အမေရိကန်ဘဏ္ဍာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Brian Nelson ကတော့ မြန်မာလူထုအပေါ် အကြမ်းဖက်ပြီး ရက်စက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လက်နက်ရအောင် ထောက်ပံ့ပေးနေတဲ့ ကွန်ယက်တွေနဲ့ အကျိုးအမြတ်ရနေသူတွေကို ပစ်မှတ်ထား အရေးယူလိုက်တာ ဖြစ်ကြောင်းပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မြန်မာရဲချုပ်နဲ့ ဒုတိပြည်ထဲရေးဝန်ကြီး ဦးသန်းလှိုင်ကို မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေးချိုးဖေါက်မှုတွေ မှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ဆန္ဒပြသူတွေကိုပါ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ နောက် အနောက်နိုင်ငံတွေက မြန်မာစစ်တပ်နဲ့ သူ့စီးပွါးရေး လုပ်ငန်းတွေကို ဆက်လက်ပြီး ပစ်မှတ်ထား အရေးယူနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG