သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် မြဝတီ တံတားအမှတ် (၂) ပြန်လည်ဖွင့်လှစ်


ထိုင်းနယ်စပ် မြဝတီတံတားအမှတ် (၂) ပြန်လည်ဖွင့်လှစ်
ထိုင်းနယ်စပ် မြဝတီတံတားအမှတ် (၂) ပြန်လည်ဖွင့်လှစ်

ထိုင်းနယ်စပ် မြဝတီတံတားအမှတ် (၂) ပြန်လည်ဖွင့်လှစ်

{{Zawgyi/Unicode}}

ကိုဗစ် 19 ကပ်ရောဂါ ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကတည်းက ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်၊ မြဝတီ ချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့်ကို ဒီသီတင်းပတ်ထဲမှာပဲ ထိုင်းအာဏာပိုင်တွေက စတင်ဖွင့်လှစ်လိုက်ပါပြီ။ ဒီလို ပြန်လည်ဖွင့်လှစ်လိုက်တဲ့အတွက် မြန်မာနိုင်ငံဘက်က ကုန်ကားတွေ ဒါဇင်နဲ့ချီ နေ့စဉ်ဝင်လာနေသလို၊ ကုန်တွေ အပြန်အလှန်တင်ပို့နိုင်တော့မယ်လို့ နယ်စပ်စီးပွားရေး လုပ်ငန်းရှင်တွေ မျှော်လင့်နေကြပါတယ်။ နယ်စပ်ကုန်သွယ်ရေးအခြေအနေ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်၊ မြဝတီ ချစ်ကြည်ရေး တံတား(၂)ကနေ ဖြတ်သန်းသွားလာနေကြတဲ့ကုန်ကားတွေကို ကိုဗစ်ကပ်ဘေး ကာလက စပြီး ၂နှစ်ကျော်ကြာ ထိုင်းနယ်မြေထဲ ဝင်ခွင့်ပိတ်ထားရာကနေ အောက်တိုဘာလ၅ရက်နေ့ ကစပြီး ပထမဦးဆုံး အကြိမ်အဖြစ် ထိုင်းနယ်မြေထဲသွားလာခွင့်ပြုခဲ့ပါတယ်။ အောက်တိုဘာလ ၆ရက်နေ့ကတော့ ကုန်ကားတွေအပြင် မြဝတီမြို့ကလာတဲ့ အိမ်စီးကားတချို့ကိုလည်း ခွင်ပြုတာတွေ့ရကြောင်း မဲဆောက်မြို့ က ကိုမန်းမျိုးမြင့် ကပြောပြပါတယ်။

" ပစ္စည်း အတင်အချလုပ်တာတွေ မြန်မာကားတွေ ပစ္စည်းတွေ လာဝယ်ရင် မဲဆောက်မြို့ထဲကို သွားဖို့ခွင့်ပြုလိုက်ပါတယ်။ မနေ့ကလည်း ကုန်ကားတွေ ဝင်လာတာရှိတယ်။ နောက်ဒီနေ့မှာကျတော့ ကုန်ကားတွေ မဲဆောက်မြို့ထဲထိ ဝင်လာတာရှိတယ်။ အိမ်စီးကားတွေလည်း ဝင်လာတာရှိတယ်။ ကျနော်က အမှတ်(၂) ချစ်ကြည်ရေး တံတားအတွင်းထဲမှာ ဝင်ပြီကြည့်တာပါ။ ကျနော်သွားကြည့်ချိန်မှာဆိုရင် ပရိုဘောက်စ်လိုကား၂စီး ၊ ဟိုင်းဂျက်လိုကားတွေ၊ ကုန်တင်ကားကြီးတွေလည်းတွေ့ရတယ်။ မနေ့ကဆိုရင် မြန်မာဘက်က ကား၁၀စီးကျော်လာတယ်။ ဒီနေ့ဆိုရင်လည်း ကား ၃၀ နဲ့ ၄၀ကြားလောက် လာကြတယ်"

အရင်တုန်းကတော့ ကိုဗစ်ကပ်ဘေး ကာလမှာ မြန်မာဘက်က ကုန်ကားသမားတွေကိုကော၊ ကုန်ကားတွေကိုပါ ထိုင်းနယ်မြေထဲ ဝင်ခွင့်မပြုတာကြောင့် မြန်မာဘက်က လာတဲ့ ကုန်ပစ္စည်းပဲဖြစ်ဖြစ် ထိုင်းဘက်ကပို့တဲ့ ကုန်ပစ္စည်းပဲဖြစ်ဖြစ် ချစ်ကြည်ရေး တံတားအမှတ် (၂)က ကုန်သွယ်ရေးဇုံမှာ ကားတွေ အပြောင်းအလဲလုပ်ပြီး နှစ်ဆင့်သယ်ဆောင်နေရတာပါ။ အခုလို ထိုင်းဘက်က ခွင့်ပြုလိုက်တာကြောင့် ကုန်သွယ်စီးဆင်းမူတွေ ပို့ပြီးချောမွေလွယ်ကူလာတော့မှာ ဖြစ်တယ်လို့ DHL နိုင်ငံတကာ ကုန်ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်း က တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုထွန်းထွန်း က အခုလိုပြောပါတယ်။

"အရင်တုန်းက နှစ်ဆင့်ပြောင်းရတယ် ။ အခုဆို ပြောင်းစရာမလိုတော့ဘူး။ မြန်မာဘက်က မြန်မာကားသုံးတယ်။ ထိုင်းဘက်က ထိုင်းကားသုံးရတယ် ။ အခုဆိုရင် မပြောင်းရတော့ပဲ အဲဒီကုန်သွယ်ရေးဇုံကနေ တိုက်ရိုက်လာလို့ရပြီ။ ကုန်စည်စီးဆင်းမူ ပိုပြီးလွယ်ကူလာမယ်။ ဟိုဘက်ဒီဘက်လုပ်ငန်းတွေဖြစ်လာမှာပေါ့။ ဟိုဘက်က ဒီဘက်ကို လာဖို့အတွက် ကိုယ်ပိုင်ကားရှိရင် ဒီဘက်ကို ပစ္စည်းပို့ရတာမျိုး လုပ်လို့ရတေ့ာ အလုပ်အကိုင်အခွင့်အလန်းတွေ ပိုပြီးပွင့်လာတာပေါ့"

မဲဆောက်၊ မြဝတီနယ်စပ်ဟာ ထိုင်း၊ မြန်မာ နှစ်နိုင်ငံလုံအတွက် ကုန်သွယ်မူ အရေးပါတဲ့ နယ်စပ်ဖြစ်ပါတယ်။

မဲဆောက်၊ မြဝတီ ချစ်ကြည်ရေး တံတားအမှတ် (၁)ကိုတော့ ၂၀၂၀ခုနှစ် မတ်လကနေ စတင်ပိတ်ထားခဲ့ပြီး ချစ်ကြည်ရေးတံတား အမှတ် (၂)ကိုလည်း ၂၀၂၀ခုနှစ် အောက်တိုဘာလကစပြီး ကိုဗစ်ကပ်ဘေးကြောင့် ပိတ်ထားခဲ့ပြီး နေရပ်ပြန်ပို့သူတွေအတွက်သာ အသုံးပြုခဲ့ပါတယ်။ အခု ၂၀၂၂ ခုနှစ်ထဲမှာတော့ မြန်မာနိုင်ငံကလာတဲ့ MOU လုပ်သားတွေကိုသာ ကိုဗစ်စစ်ဆေးပြီး ခွင့်ပြုခဲ့ပါတယ် ။အခုအခါမှာတော့ မြန်မာဘက်က ကုန်ကားတွေ ဝင်ရောက်ခွင့်ကို စတင်ခွင့်ပြု ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

...........................................


{{Zawgyi/Unicode}}








XS
SM
MD
LG