သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သူရဦးေ႐ႊမန္းရဲ႕ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဖ်က္သိမ္း


ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠဌ သူရဦးေ႐ႊမန္း (Photo-AFP)

(Unicode)

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ဦးစည်းတည်ထောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP ပါတီကို ဖျက်သိမ်းဖို့ ပါတီ ဗဟိုအလုပ်အမှုဆောင်တွေ သဘောတူ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဒီနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ခေါင်းဆောင်တွေ အသက်အရွယ်ကြီးရင့်လာတာ၊ ကျန်းမာရေးချို့တဲ့လာတာနဲ့ လူမှုရေးနဲ့ တခြား အခက်အခဲတွေ ရှိလာတဲ့အတွက် ပါတီနိုင်ငံရေးကို ဆက်လက် လုပ်ကိုင်လိုတဲ့ ဆန္ဒမရှိတော့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ကတည်းက ပါတီဖျက်သိမ်းတာကို အတည်ပြုပေးဖို့ သက်ဆိုင်ရာကို တင်ပြထားတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ အလုပ်အမှုဆောင်ဆောင် အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဘိုဝင်းကလည်း ပါတီဦးဆောင်တဲ့ လူကြီးတွေ အနေနဲ့ အသက်အရွယ်ရတာ၊ မလှုပ်ရှားနိုင်တော့တာကြောင့် ဝိုင်းဆွေးနွေးပြီး စီစဉ်လိုက်တာလို့ VOA ကို ပြောဆိုပါတယ်။ ပါတီခေါင်းဆောင်တွေအနေနဲ့ တခြားပါတီတွေကို သွားမယ်ဆိုလဲသွားနိုင်အောင် အချိန်စောပြီး ခွင့်ပြုလိုက်တာ ဖြစ်တယ်လိုလည်း ဦးဘိုဝင်းက ပြောပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ကတည်းက ပါတီဖျက်သိမ်းတာကို အတည်ပြုပေးဖို့ သက်ဆိုင်ရာကို တင်ပြထားတဲ့အကြောင်း သူရဦးရွှေမန်းရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP ပါတီကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ တရားဝင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ အဖွဲ့ဝင် အင်အား ၅ သိန်းကျော်ရှိမယ်လို့ ခန့်မှန်းထားပြီး၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု အမတ်နေရာတွေမှာ ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်ရရှိခဲ့ခြင်း မရှိပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Zawgyi)

ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သူရ ဦးေ႐ႊမန္း ဦးစည္းတည္ေထာင္တဲ့ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီ UBP ပါတီကို ဖ်က္သိမ္းဖို႔ ပါတီ ဗဟိုအလုပ္အမႈေဆာင္ေတြ သေဘာတူ ဆုံးျဖတ္လိုက္တဲ့အေၾကာင္း ဒီေန႔ ေအာက္တိုဘာလ ၁၂ ရက္ေန႔ ေန႔စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
ပါတီကို ဦးေဆာင္ဖြဲ႕စည္းခဲ့တဲ့ ေခါင္းေဆာင္ေတြ အသက္အ႐ြယ္ႀကီးရင့္လာတာ၊ က်န္းမာေရးခ်ိဳ႕တဲ့လာတာနဲ႔ လူမႈေရးနဲ႔ တျခား အခက္အခဲေတြ ရွိလာတဲ့အတြက္ ပါတီႏိုင္ငံေရးကို ဆက္လက္ လုပ္ကိုင္လိုတဲ့ ဆႏၵမရွိေတာ့တဲ့အေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။
၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလ ၁၁ ရက္ေန႔ကတည္းက ပါတီဖ်က္သိမ္းတာကို အတည္ျပဳေပးဖို႔ သက္ဆိုင္ရာကို တင္ျပထားတဲ့အေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ ပါတီ အလုပ္အမႈေဆာင္ေဆာင္ အဖြဲ႕ဝင္ တဦးျဖစ္တဲ့ ဦးဘိုဝင္းကလည္း ပါတီဦးေဆာင္တဲ့ လူႀကီးေတြ အေနနဲ႔ အသက္အ႐ြယ္ရတာ၊ မလႈပ္ရွားႏိုင္ေတာ့တာေၾကာင့္ ဝိုင္းေဆြးေႏြးၿပီး စီစဥ္လိုက္တာလို႔ VOA ကို ေျပာဆိုပါတယ္။ ပါတီေခါင္းေဆာင္ေတြအေနနဲ႔ တျခားပါတီေတြကို သြားမယ္ဆိုလဲသြားႏိုင္ေအာင္ အခ်ိန္ေစာၿပီး ခြင့္ျပဳလိုက္တာ ျဖစ္တယ္လိုလည္း ဦးဘိုဝင္းက ေျပာပါတယ္။
၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလ ၁၁ ရက္ေန႔ကတည္းက ပါတီဖ်က္သိမ္းတာကို အတည္ျပဳေပးဖို႔ သက္ဆိုင္ရာကို တင္ျပထားတဲ့အေၾကာင္း သူရဦးေ႐ႊမန္းရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။
ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီ UBP ပါတီကို ၂၀၁၉ ခုႏွစ္ ဧၿပီလ ၂၅ ရက္ေန႔မွာ တရားဝင္ဖြဲ႕စည္းတည္ေထာင္ခဲ့ပါတယ္။ အဖြဲ႕ဝင္ အင္အား ၅ သိန္းေက်ာ္ရွိမယ္လို႔ ခန႔္မွန္းထားၿပီး၊ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳ အမတ္ေနရာေတြမွာ ယွဥ္ၿပိဳင္ခဲ့ေပမဲ့ အႏိုင္ရရွိခဲ့ျခင္း မရွိပါဘူး။

XS
SM
MD
LG