သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တို႐ိုတာကုမၸဏီ ျမန္မာႏိုင္ငံအတြင္း ကားတပ္ဆင္လုပ္ငန္း စမည္


TOYOTA

ျမန္မာႏိုင္ငံ သီလဝါ အထူး စီးပြားေရးဇုံကေန ဂ်ပန္ Toyota ကား ကုမၼဏီ ကားတပ္ဆင္ ထုတ္လုပ္ေရး လုပ္ငန္းေတြ စတင္ေတာ့မွာ ျဖစ္တဲ့အေၾကာင္း Toyota ကုမၸဏီက ေၾကညာထားပါတယ္။
စစ္တပ္အာဏာသိမ္းမႈနဲ႔ ကိုဗစ္ 19 ေရာဂါ ကူးစက္မႈေတြေၾကာင့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကတည္းက လုပ္ငန္းစတင္ဖို႔ စီစဥ္ခဲ့ေပမဲ့ ၁၉ လ ေႏွာင့္ ေႏွးၾကန႔္ၾကာခဲ့ပါတယ္။ ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈ ေၾကာင့္ ရင္းႏွီးျမဳပ္ႏွံမႈေတြ ႐ုတ္သိမ္းဖို႔ ႏိုင္ငံတကာက ဖိအားေပးေနခ်ိန္မွာပဲ Toyota ကားကုမၸဏီက လုပ္ငန္းေတြ ျပန္လည္ပတ္မယ့္ အေၾကာင္း ေၾကညာတာပါ။ ျမန္မာႏိုင္ငံအတြင္း စက္မႈလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရး မူလ ရည္႐ြယ္ခ်က္နဲ႔အညီ လုပ္ကိုင္တာျဖစ္ၿပီး ဝန္ထမ္းေတြနဲ႔ မိသားစုေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆီးေပးဖို႔ ျဖစ္တဲ့အေၾကာင္း Toyota ကုမၸဏီက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ၿပီးခဲ့တဲ့စက္တင္ဘာလက ျမန္မာႏိုင္ငံကို ပို႔ထားတဲ့ ကား အစိတ္အပိုင္းေတြနဲ႔ တရက္ကို တစင္း၊ ဒါမွမဟုတ္ ၂ စတင္း စတင္ၿပီး တပ္ဆင္ထုတ္လုပ္တဲ့ လုပ္ငန္းေတြ လုပ္ကိုင္မွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံထဲကေန ကနဦးအေနနဲ႔ pickup truck အစင္းေရ ၁ ေသာင္းေက်ာ္ေလာက္ ထုတ္မွာျဖစ္တဲ့အေၾကာင္း ၂၀၁၉ ခုႏွစ္ ေမလ အတြင္းက Toyota ကုမၸဏီက ေၾကညာခဲ့ပါတယ္။

(Zawgyi)

မြန်မာနိုင်ငံ သီလဝါ အထူး စီးပွားရေးဇုံကနေ ဂျပန် Toyota ကား ကုမ္မဏီ ကားတပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်တဲ့အကြောင်း Toyota ကုမ္ပဏီက ကြေညာထားပါတယ်။
စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ် 19 ရောဂါ ကူးစက်မှုတွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက လုပ်ငန်းစတင်ဖို့ စီစဉ်ခဲ့ပေမဲ့ ၁၉ လ နှောင့် နှေးကြန့်ကြာခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှု ကြောင့် ရင်းနှီးမြုပ်နှံမှုတွေ ရုတ်သိမ်းဖို့ နိုင်ငံတကာက ဖိအားပေးနေချိန်မှာပဲ Toyota ကားကုမ္ပဏီက လုပ်ငန်းတွေ ပြန်လည်ပတ်မယ့် အကြောင်း ကြေညာတာပါ။ မြန်မာနိုင်ငံအတွင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မူလ ရည်ရွယ်ချက်နဲ့အညီ လုပ်ကိုင်တာဖြစ်ပြီး ဝန်ထမ်းတွေနဲ့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ ဖြစ်တဲ့အကြောင်း Toyota ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလက မြန်မာနိုင်ငံကို ပို့ထားတဲ့ ကား အစိတ်အပိုင်းတွေနဲ့ တရက်ကို တစင်း၊ ဒါမှမဟုတ် ၂ စတင်း စတင်ပြီး တပ်ဆင်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲကနေ ကနဦးအနေနဲ့ pickup truck အစင်းရေ ၁ သောင်းကျော်လောက် ထုတ်မှာဖြစ်တဲ့အကြောင်း ၂၀၁၉ ခုနှစ် မေလ အတွင်းက Toyota ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

XS
SM
MD
LG