သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်ဒေသ စစ်ရေး တင်းမာမှုကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ


စစ်ပြေးဒုက္ခသည်များ (Photo: မိုးဗြဲ PDF)
စစ်ပြေးဒုက္ခသည်များ (Photo: မိုးဗြဲ PDF)

[[ ZAWGYI/ UNICODE ]]

လွိုင်ကော်ဒေသ စစ်ရေး တင်းမာမှုကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ် လွိုင်ကော်မြို့ဝန်းကျင်မှာ စစ်တပ်နဲ့ ဒေသခံ တိုင်းရင်းသားတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒေသခံ ကျေးရွာက ရွာသူရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင် နေရပါတယ်။ ရာသီဥတုအေးတဲ့ ဆောင်းရာသီ ဝင်လာတာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ပြေးဒုက္ခသည်တွေ အခက်အခဲတွေ့နေပြီး နီးစပ်ရာ တောတောင်တွေမှာ ခိုလှုံရင်း ညပိုင်းမှာ မီးလှုံပြီး အိပ်နေရတယ်လို့ ပြောပါတယ်။ လွိုင်ကော်နဲ့ မိုးဗြဲဘက်က စစ်ရှောင်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန် တင်ပြပါမယ်။

ရှမ်း-ကယားနယ်စပ်က လွိုင်ကော်မြို့နယ် ဖလိုင်တောင်ခြေဖက်မှာ စစ်တပ်နဲ့ ဒေသခံနဲ့ တိုင်းရင်းသားအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ ၂ ရက် ရှိနေပြီလို့ မိုးဗြဲမြို့က စစ်ရှောင်ကူညီသူက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ တိုင်းရင်းသားလနက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းနဲ့ လွိုင်ကော်မြို့နယ် ဝါရီကောခူ ကျေးရွာဖက်မှာ ဒီနေ့ မနက်အစောပိုင်းက လက်နက်ကြီး ကျခဲ့တဲ့အကြောင်း ဒေသခံတယောက်က ပြောပါတယ်။

“ဝါရီကောခူရဲ့ အရှေ့ဖက်မှာပေါ့နော် ဒီဖလိုင်တောင်ခြေဖက်က အဲ့ဒါမနေ့ညကတည်းက တိုက်ပွဲဖြစ်တာပေါ့ ဒီရက် ဒီအချိန်ထိပေါ့ ထိခိုက်ကျဆုံးခါကျတော့ ကျနော်တို့ သွားလာလို့မရဘူး အဖက်ကိုပေါ့နော် ကျနော်တို့က ဒီမိုးဗြဲဖက်ခြံကိုရှိတာ သူက ဒီမိုးဗြဲနဲ့ ၃မိုင် ၄မိုင်လောက်ခြားတယ် အဲ့မှာလယ်ကွက်နဲ့ခြားတာပေါ့နော် အဲ့ဖက်အသွားအလာကျတော့ ဒီလမ်းပိတ်တာပေါ့နော်။”

စစ်ရေး တင်းမာမှုနေတဲ့ အခြေအနေနဲ့အတူ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်လေ့ ရှိတဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးပစ်အိမ်ပစ် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲ တစုံတရာဖြစ်ပွားခြင်းမရှိပေမဲ့ ဝါရီကောခူကျေးရွာဖက်ကို ဒီနေ့ မနက် ၄နာရီလောက်မှာ စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ ထိမှန်ပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရတာကြောင့် ပရဟိတ လူမှုကယ်ဆယ်ရေးအသင်းက ဆေးရုံကို ပို့ဆောင်ထားရတဲ့အကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန် ပြောဆိုတာ အတည်ပြုပြောဆိုတာ မရှိသေးပါဘူး။

အလားတူ အောက်တိုဘာ ၂၃ ရက်နေ့တုန်းကလည်း လွိုင်ကော်မြို့နယ် အနောက်ဖက်ခြမ်း ကုန်းသာစစ်ရှောင်စခန်းမှာ လက်နက်ကြီးကျလို့ မိသားစုဝင် သုံးဦးထဲက ၁ ဦးသေ ၂ဦးပြင်းထန်ဒဏ်ရရှိခဲ့တယ် စစ်ရှောင်တွေက VOA ကို ပြောထားပါတယ်။

သေဆုံးသူရဲ့ အမျိုးသမီးဖြစ်ဟာ ဆေးရုံမှာ ဆေးကုသရင်း နောက်တနေ့ ကွယ်လွန်သွားပါတယ်။ မိသားစုထဲက ကျန်ခဲ့တဲ့ ၈နှစ်အရွယ်နဲ့ ၆ လ အရွယ် ကလေးတွေလည်း ဒဏ်ရာရခဲ့တဲ့အကြောင်း စစ်ရှောင် ဒုက္ခသည်တွေက ပြောပါတယ်။

တောတောင်ထဲမှာ ခိုလှုံနေကြသူတွေကတော့ ဆောင်းတွင်း အအေးဒဏ်တွေကြောင့် ညပိုင်းတွေမှာ မီးလှုံအိပ်ကြရပြီး ဆောင်းတွင်း အအေးဒဏ်ကို အံတုနေရတဲ့အကြောင်းလည်း ပြောပါတယ်။

“တချို့ဆိုတော့ ဒီဆောင်းတွင်းကာလရောက်လာတော့ ဒီအဝတ်အထည် မလုံလောက်တဲ့ လူတွေတော့ ရှိမှာပဲ ဒီစစ်ရှောင်တွေပေါနော်။ အခုအခါကတော့ သူတို့ တော်တော်များများမြို့ထဲကို ပြန်ဝင်ရှောင်ကြတယ် မြို့ထဲကနေ ဆွေမျိုးဖြစ်ဖြစ် သူငယ်ချင်းဖြစ်ဖြစ်ပေါ့ အဲ့မှာတူတူမျှဝေကြတာပေါ့ ဒီအဝတ်အထည်ကနေစ ဒီဆောင်းကနေစပေါ့နော် အစားသောက်ကနေစ။ တချို့ဆို တောထဲမှာနေတဲ့လူဆို ထင်းတွေတော်တော်ရှားထားတာ အဲ့လိုမျိုးပေါ့နော်။”

စစ်ပြေးရှောင်တစ်ဦးက တောတောင်ထဲက ခိုးလှုံနေကြသူတွေဟာ ယာယီမိုးကာတဲလေးနဲ့ ဖြစ်သလို နေထိုင်နေကြရပါတယ်။ ဆောင်းတွင်းကာလမှာ အနွေထည်၊ စောင်းတွေ အတော်လေး အကူအညီလိုအပ်တဲ့အကြောင်း ပြောပါတယ်။

“လက်ရှိက မိုးကာအောက်မှာပဲ နေနေရတာ အရင်ကဆိုရင် မိုးတောင်မှလုံတာမှ တအားကြီးလုံနေတာမျိုးမဟုတ်ဘူးပေါ့နော် ဒါပေမယ့် အခုက ဆောင်းရာသီလာပြီးဆိုတော့ အခက်အခဲတွေ့ရတာတော့ ဒီအဖျားတွေ ပြန်ဝင်လာတတော့ များတာပေါ့နော်။ တချိုးစစ်ရှောင်နေတဲ့ ကလေးတွေနဲ့ တကယ့်လူကြီးပိုင်းတွေဆိုရင်တော့ ဒီဖျားနာတာ ပြန်ပြီးတော့မှ တွေ့ရတယ်။ လက်ရှိကလည်း ဒီအလှူရှင်တွေ တော်တော်များများက ဒီဆန်ဆီဆားလောက်ပဲ ထောက်ပံ့ပေးနိုင်တယ်ပေါ့နော် ဒီအဝတ်အစားတွေ ဘာတွေ တကယ့်လိုအပ်နေသေးတဲ့ မိုးကာအပိုင်းတွေ ဘာတွေခါကျတော့ နည်းပါးနေသေးတယ်ရှင့်။”

ခုလို ရာသီအကူးအပြောင်းကာလမှာ ဒုက္ခသည်တွေကြား ဖျားနာနေသူတွေနဲ့ ဆေးဝါးအခက်အခဲ စားနပ်ရိက္ခာအခက်အခဲ စတဲ့ ဒုက္ခပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့အကြောင်းနဲ့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲပဲလို့ စစ်ပြေး ဒုက္ခသည်တွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

==================

{{ UNICODE }}
















XS
SM
MD
LG