သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံ ဖိအားေပးေဆာင္ရြက္ဖို႔ အေမရိကန္တိုက္တြန္း


Antony Blinken

[[ ZAWGYI / UNICODE ]]

ျမန္မာ့အေရး အာဆီယံ ဖိအားေပးေဆာင္ရြက္ဖို႔ အေမရိကန္တိုက္တြန္း

စစ္တပ္အုပ္ခ်ဳပ္မႈေအာက္က ျမန္မာႏိုင္ငံ့အေရးနဲ႔ပတ္သက္ၿပီး ဒီကေန႔ ၾကာသပေတးေန႔ ASEAN အာဆီယံဝန္ႀကီးေတြ ေတြ႕ဆံုေဆြးေႏြးရာမွာ ျမန္မာအေပၚ ျပင္းျပင္းထန္ထန္ အေရးယူဖို႔ အေမရိကန္က တိုက္တြန္းလိုက္ပါတယ္။ ႏိုဝင္ဘာလ ၁၀ ရက္ကေန ၁၃ ရက္မွာ ကေမာၻဒီးယားမွာ က်င္းပမယ့္ အာဆီယံနဲ႔ အေရွ႕အာရွထိပ္စီးအစည္းေဝးေတြ မတိုင္ခင္ အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာမွာ ဒီကေန႔ က်င္းပမယ့္ ျမန္မာ့အေရး အေရးေပၚအစည္းေဝး မတိုင္ခင္ ေျပာၾကားလိုက္တာပါ။

လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ကတည္းက ဒီမိုကေရစီအေျပာင္းအလဲေတြ လုပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ မႏွစ္က ေဖေဖၚဝါရီမွာ အာဏာသိမ္းခဲ့တဲ့ စစ္တပ္က တိုးတက္မႈအားလံုးကို လံုးဝဖ်က္ဆီးခဲ့တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒသဆိုင္ရာ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Daniel Kritenbrink က ေျပာပါတယ္။ အရပ္သားေတြကို သတ္ျဖတ္တာ ေက်ာင္းေတြကို ဗံုးႀကဲတာ၊ တက္ႂကြလႈပ္ရွားသူေတြကို ကြပ္မ်က္တာလို ရက္စက္မႈေတြကို စစ္တပ္က်ဴးလြန္ေနေၾကာင္းနဲ႔ အခု က်င္းပမယ့္အေရွ႕အာရွ ထိပ္သီးအစည္းေဝးမွာ ျမန္မာစစ္ေခါင္းေဆာင္ေတြကို ဖိအားပိုေပးဖို႔ အေမရိကန္က ျပင္းျပင္းထန္ထန္ ေတာင္းဆိုမွာ ျဖစ္ေၾကာင္းလည္း ဝါရွင္တန္ဒီစီက CSI မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးဌာနမွာ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အခုလို ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ဆက္ျဖစ္ပြါးေနတာကိုေရာ လာမယ့္ႏွစ္ထဲ စစ္ေကာင္စီက က်င္းပဖို႔ ျပင္ေနတဲ့ အတုအေယာင္ ေရြးေကာက္ပြဲကိုပါ ဒီအတိုင္း လက္ပိုက္ၾကည့္ေနမွာ မဟုတ္ေၾကာင္း လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

မႏွစ္က အာဆီယံက ခ်မွတ္ခဲ့တဲ့ ဘံုသေဘာတူညီခ်က္ ၅ ရပ္ ဟာလည္း တိုးတက္မႈ အနည္းငယ္ပဲေတြ႕ရေၾကာင္းနဲ႔ အာဆီယံကို အေမရိကန္က ေလးစားေပမယ့္ ၾသဂုတ္လ ေဆြးေႏြးပြဲေတြအတြင္း ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး တိုးတက္မႈ တစံုတရာ မေတြ႕ရတဲ့အတြက္ စိတ္ပ်က္ေၾကာင္း ေျပာဆိုခဲ့တယ္လို႔ လည္း ေထာက္ျပခဲ့တာပါ။

ျမန္မာ့အေရးကို အေရးတႀကီး ေဆာင္ရြက္ဖို႔ ကုလအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ကလည္း အဂၤါေန႔မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ အာဆီယံအလွည့္က် ဥကၠဌ ျဖစ္တဲ့ ကေမာၻဒီးယား ႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံက မၾကာခင္က ျဖစ္ပြါးခဲ့တဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ႏိုင္ငံတလႊား လူသားစာနာမႈ အၾကပ္အတည္းေတြ ပိုဆိုးသြားႏိုင္တဲ့ အတြက္ အထူး စိိုုးရိမ္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုထားပါတယ္။

အာဆီယံေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးအစည္းေဝးေတြအတြက္ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ကို မဖိတ္တာ အခုဆို ဒုတိယႏွစ္ထဲ ေရာက္လာပါၿပီ။ ျမန္မာစစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ကိုလည္း ေဖေဖၚဝါရီနဲ႔ ၾသဂုတ္လ အာဆီယံဝန္ႀကီးမ်ားအဆင့္ ေဆြးေႏြးပြဲေတြ တက္ေရာက္ဖို႔ မဖိတ္ခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

===============

{{ UNICODE }}

မြန်မာ့အရေး အာဆီယံ ဖိအားပေးဆောင်ရွက်ဖို့ အမေရိကန်တိုက်တွန်း

စစ်တပ်အုပ်ချုပ်မှုအောက်က မြန်မာနိုင်ငံ့အရေးနဲ့ပတ်သက်ပြီး ဒီကနေ့ ကြာသပတေးနေ့ ASEAN အာဆီယံဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာအပေါ် ပြင်းပြင်းထန်ထန် အရေးယူဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၃ ရက်မှာ ကမ္ဘောဒီးယားမှာ ကျင်းပမယ့် အာဆီယံနဲ့ အရှေ့အာရှထိပ်စီးအစည်းဝေးတွေ မတိုင်ခင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ဒီကနေ့ ကျင်းပမယ့် မြန်မာ့အရေး အရေးပေါ်အစည်းဝေး မတိုင်ခင် ပြောကြားလိုက်တာပါ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ဒီမိုကရေစီအပြောင်းအလဲတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ မနှစ်က ဖေဖေါ်ဝါရီမှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က တိုးတက်မှုအားလုံးကို လုံးဝဖျက်ဆီးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ပြောပါတယ်။ အရပ်သားတွေကို သတ်ဖြတ်တာ ကျောင်းတွေကို ဗုံးကြဲတာ၊ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာလို ရက်စက်မှုတွေကို စစ်တပ်ကျူးလွန်နေကြောင်းနဲ့ အခု ကျင်းပမယ့်အရှေ့အာရှ ထိပ်သီးအစည်းဝေးမှာ မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပိုပေးဖို့ အမေရိကန်က ပြင်းပြင်းထန်ထန် တောင်းဆိုမှာ ဖြစ်ကြောင်းလည်း ဝါရှင်တန်ဒီစီက CSI မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုလို မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပွါးနေတာကိုရော လာမယ့်နှစ်ထဲ စစ်ကောင်စီက ကျင်းပဖို့ ပြင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကိုပါ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ကြောင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မနှစ်က အာဆီယံက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဟာလည်း တိုးတက်မှု အနည်းငယ်ပဲတွေ့ရကြောင်းနဲ့ အာဆီယံကို အမေရိကန်က လေးစားပေမယ့် သြဂုတ်လ ဆွေးနွေးပွဲတွေအတွင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တိုးတက်မှု တစုံတရာ မတွေ့ရတဲ့အတွက် စိတ်ပျက်ကြောင်း ပြောဆိုခဲ့တယ်လို့ လည်း ထောက်ပြခဲ့တာပါ။

မြန်မာ့အရေးကို အရေးတကြီး ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကလည်း အင်္ဂါနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဌ ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံကတော့ မြန်မာနိုင်ငံက မကြာခင်က ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတလွှား လူသားစာနာမှု အကြပ်အတည်းတွေ ပိုဆိုးသွားနိုင်တဲ့ အတွက် အထူး စိုးရိမ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးတွေအတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို မဖိတ်တာ အခုဆို ဒုတိယနှစ်ထဲ ရောက်လာပါပြီ။ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုလည်း ဖေဖေါ်ဝါရီနဲ့ သြဂုတ်လ အာဆီယံဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ မဖိတ်ခဲ့ပါဘူး။

XS
SM
MD
LG