သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ KNU သိမ်းဆည်းရမိသည့်လက်နက်များ (PHOTO KNU)
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ KNU သိမ်းဆည်းရမိသည့်လက်နက်များ (PHOTO KNU)

[[ ZAWGYI / UNICODE ]]

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်မှာ စစ်ကောင်စီ တပ်ကတဖက် ကရင်အမျိုသားလွတ်မြောက်ရေးတပ်နဲ့ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေပြီး အောက်တိုဘာလ၂၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ ကွီလုံးတိုင်စခန်းကို KNLA ပူးပေါင်းတပ်တွေက စီးနင်းခဲ့တာကြောင့် လက်နက်ချတဲ့ စစ်သုံ့ပန်း ၁၇ ဦး အပါအဝင် လက်နက် အမြောက်အများ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ကွီလုံးတိုင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းခဲ့တယ်လို့ အဲဒီဒေသမှာရှိတဲ့ ABSDF အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသိန်းလွင်က ပြောပါတယ်။

" ကွီလုံးတိုင်စခန်းကိုဝင်တိုက်ကြတယ် ဝင်တိုက်ကြတော့လောလောဆည်မှာအဲဒီတော့ရန်သူ(စကစ)က ဆုတ်ခွါပေးလိုက်တယ်၊ကျန်တဲ့ရဲဘော်တွေ၁၇ယောက်က ခုခံမနိုင်လို့လက်နက်ချလိုက်တယ်၊ လက်နက်တွေလည်းအများကြီးကျန်ခဲ့တယ် ၊လက်နက်ကလည်း အလက်၃၀ကျော်ရတယ် KNU နဲ့ PDFကရတယ်လေ။"

ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေ၊ဖြစ်တဲ့ကရင်အခေါ် ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဟောင်သရောမြစ်ကမ်းရှိတဲ့စခန်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေကေ အာက်တိုဘာလ၂၅ရက်နေ့ညက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ် ၊ ကေအန်ယူနဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကိုလက်နက်ချလာသူတွေကိုတော့ ကောင်းမွန်စွာထားပြီးနောက်ပိုင်းမှာ သူတို့ဆန္ဒအတိုင်းသွားချင်တဲ့နေရာကိုစီစဉ်ဆောင်ရွက်ပေးတယ်လို့လည်း ဦးသိန်းလွင်ကပြောပါတယ်။

" လက်နက်ချတဲ့သူက ၁၇ယောက်ပါ ကေအန်ယူကိုမေးကြည့်တော့ ဂျနီဗာကွန်ဗားရှင်းအတိုင်း သူတို့ကိုထိမ်းသိမ်းပေးထားတယ် နောက်ပိုင်းဆိုရင်တော့သူတို့ သွားလိုရာသွားလို့ရအောင်သူတို့စီစဉ်ပေးလို့ သူတို့ကတော့ပြောတယ်"

စစ်ကောင်စီရဲ့စခန်းစီးနင်းမူ့ဖြစ်အပြီး အောက်တိုဘာလ၂၆ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်မူ့တွေလုပ်ခဲ့ပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲ အဇင်းကျေးရွာဘက်မှာတော့ရဟတ်ယဉ်တွေနဲ့စစ်ကောင်စီဘက်ကစစ်ကူးတွေလာရောက်ချခဲ့ပြီး လေကြောင်းကနေ တိုက်ခိုက်မူ့တွေလုပ်သွားတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။

ဒီရက်ပိုင်းမှာပဲ အကြိမ်ပေါင်းများစွာ လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ကော့ကရိတ်မြိုံ့နယ်ထဲမှာလည်းစစ်ကောင်စီတပ်တွေနဲ့ကေအန်ယူပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်နေပြီး မြဝတီကော့ကရိတ်အာရှလမ်းမှာလူတွေသွားလာတာတွေမလုပ်ဖို့ ကော်သူးလေးအာမီကလည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်၊

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}










XS
SM
MD
LG