သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေနျပည္ေတာ္နဲ႔ 'ဝ' ျပည္နယ္


ဝေဒသၿငိမ္းခ်မ္းေရး ႏွစ္ (၃၀) ျပည့္အခမ္းအနား သတင္းဓာတ္ပံုမ်ား။ (ဓာတ္ပံု - ခ်ယ္ရီေျမ-ရွမ္းေျမာက္)

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကိုဗစ္ေရာဂါ တတိယလႈိင္းျဖစ္လို႔ ျမန္မာတျပည္လုံးမွာ ေသဆုံးသူမ်ားျပားေနခ်ိန္မွာ 'ဝ'ေဒသမွာ ေနထိုင္သူအားလုံးနီးပါးကို ကာကြယ္ေဆးထိုးေပးႏိုင္ခဲ့ပါတယ္။ တ႐ုတ္ရဲ႕ အကူအညီေၾကာင့္ ေဒသတခုလုံးမွာ ကာကြယ္ေဆး (၂) ႀကိမ္ ထိုးေပးႏိုင္ပါတယ္။ ျပည္နယ္ျဖစ္ခ်င္တဲ့ 'ဝ'ေဒသကို တ႐ုတ္ျပည္နယ္လိုေတာင္ ေခၚေလ့ရွိပါတယ္။ စစ္ေကာင္စီနဲ႔ ပဋိပကၡ မျဖစ္ေအာင္ေနၿပီး တ႐ုတ္နဲ႔ ရင္းႏွီးတာဟာ 'ဝ'ေဒသရဲ႕ အားသာခ်က္ ျဖစ္ပါတယ္။ 'ဝ'ေဒသရဲ႕ ဒုတိယဘာသာစကားဟာ တ႐ုတ္စကားျဖစ္ၿပီး သုံးစြဲတဲ့ေငြေၾကးဟာ တ႐ုတ္ယြမ္ေငြ ျဖစ္ပါတယ္။

ဝ-တ႐ုတ္ ကုန္သြယ္ေရးဟာ ႏွစ္စဥ္ေဒၚလာသန္း (၁၀၀၀) ေက်ာ္ ရွိႏိုင္တယ္လို႔ ခန႔္မွန္းပါတယ္။ ဒါေၾကာင့္ တ႐ုတ္ကို မွီခိုၿပီး ရပ္တည္ေနတဲ့ေဒသ ျဖစ္ပါတယ္။ ၂၀၀၈ အေျခခံဥပေဒအရ ဝကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းမွာ ဟိုပန္၊ မိုင္းေမာ၊ ပန္ဝိုင္၊ နားဖန္း၊ မက္မန္းနဲ႔ ပန္ဆန္း (ပန္းခမ္း) ၿမိဳ႕နယ္ (၆) ခု ရွိပါတယ္။ အေနာက္ဘက္မွာ သံလြင္ျမစ္ရွိၿပီး၊ အေရွ႕ပိုင္းဟာ ယူနန္နဲ႔ နယ္နမိတ္ခ်င္းဆက္ေနပါတယ္။ ဝေျမာက္ပိုင္းအျဖစ္ လူသိမ်ားၿပီး ပန္ဆန္းကို ဗဟိုျပဳပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းဆတ္ခ႐ိုင္မွာလည္း ဝေတြ ရွိပါတယ္။ မိုင္းဆတ္ၿမိဳ႕ရဲ႕ အေရွ႕အေနာက္ေတာင္က ထိုင္းနယ္စပ္ေဒသမွာ ဝေတြ ေနထိုင္ၾကပါတယ္။

မိုင္းဆတ္ခ႐ိုင္က ဝေဒသကို ဝေတာင္ပိုင္းလို႔ သတ္မွတ္ၾကပါတယ္။ ဘိန္းဘုရင္ခြန္ဆာရဲ႕ တပ္ကို တိုက္ခိုက္ဖို႔အတြက္ ၁၉၉၀ ျပည့္လြန္ကာလမွာ ဝတပ္ဖြဲ႕တခ်ိဳ႕ကို နဝတစစ္အစိုးရက မိုင္းဆတ္ခ႐ိုင္ထဲ ဝင္ခြင့္ျပဳခဲ့ပါတယ္။ ဒါေၾကာင့္ ဝေတာင္ပိုင္းကို ၁၇၁/စစ္ေဒသလို႔ ဝတပ္ဖြဲ႕က သတ္မွတ္ပါတယ္။ ၿမိဳ႕နယ္ (၆) ခုနဲ႔ လူဦးေရတသိန္းေက်ာ္ ရွိပါတယ္။ ဒါေပမဲ့ ဝေတာင္ပိုင္းၿမိဳ႕နယ္ (၆) ခုဟာ ဝေျမာက္ပိုင္းလို တသီးတျခား တည္ရွိေနတာ မဟုတ္ဘဲ၊ အျခားလက္နက္ကိုင္တပ္ေတြနဲ႔ နီးကပ္စြာ တည္ရွိေနပါတယ္။ မိုင္းဆတ္နဲ႔ မိုင္းတုံၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီတပ္၊ နယ္ျခားေစာင့္တပ္၊ ရွမ္းျပည္ ထူေထာင္ေရးတပ္ RCSS ေတြလည္း စခန္းခ်ထားပါတယ္။ RCSS လြယ္တိုင္းလ်ံဌာနခ်ဳပ္ရဲ႕ သူတို႔ရဲ႕ ထိန္းခ်ဳပ္နယ္ေျမဟာ ၁၇၁/ဝစစ္ေဒသရဲ႕ အေနာက္ဘက္မွာ နီးကပ္စြာ တည္ရွိေနပါတယ္။

၂၀၀၈ အေျခခံဥပေဒမွာ ဝေျမာက္ပိုင္းခ႐ိုင္ေတြျဖစ္တဲ့ ဟိုပန္နဲ႔ မက္မန္းတို႔ကိုသာ ဝကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းအျဖစ္ သတ္မွတ္ထားပါတယ္။ ဝေတာင္ပိုင္းနယ္ေျမ ၁၇၁/စစ္ေဒသကို အေျခခံဥပေဒမွာ ေဖာ္ျပထားတာ မဟုတ္ပါဘူး။ ဝနယ္ေျမကို ျပည္နယ္အဆင့္ေပးဖို႔ မူအားျဖင့္ စစ္ေကာင္စီက သေဘာတူလိုက္တယ္ဆိုတဲ့ သတင္းမွာ စဥ္းစားစရာ ပေဟဋိေတြ ပါဝင္ေနတာ ေတြ႕ရပါတယ္။ ဝေတြ ေတာင္းဆိုတဲ့ျပည္နယ္ထဲမွာ ၁၇၁/စစ္ေဒသ ပါဝင္သလားဆိုတာ မသိရေသးပါဘူး။ အေျခခံဥပေဒကို ျပင္ဆင္ၿပီး ျပည္နယ္ေပးမယ့္ စိတ္ကူးစိတ္သန္းမွာ ဝေျမာက္ပိုင္းနယ္ေျမသာ အက်ဳံးဝင္တာမို႔ ဝေတာင္ပိုင္းေဒသကိုပါ ျပည္နယ္ထဲ ထည့္သြင္းမလားဆိုတာ စဥ္းစားစရာ ျဖစ္လာပါတယ္။

၂၀၀၈ အေျခခံဥပေဒ စာမ်က္ႏွာ (၁၆) ပုဒ္မ (၅၃) မွာ ျပည္နယ္နဲ႔တိုင္းရဲ႕ နယ္နမိတ္ ျပင္ဆင္သတ္မွတ္တဲ့ကိစၥကို ေဖာ္ျပပါတယ္။ နယ္နမိတ္ ျပင္ဆင္ဖို႔အေၾကာင္း ေပၚလာရင္ ယင္းနယ္နမိတ္အတြင္း ေနထိုင္တဲ့ ဆႏၵမဲေပးပိုင္ခြင့္ ရွိေနသူေတြရဲ႕ သေဘာထားကို ဦးစြာပထမ ရယူမယ္လို႔ ဆိုပါတယ္။ ထက္ဝက္ေက်ာ္ ေထာက္ခံမဲမရရင္ နယ္နမိတ္ ျပင္ဆင္မႈ မလုပ္ရလို႔ ဆိုပါတယ္။ ထက္ဝက္ေက်ာ္က ေထာက္ခံခဲ့ရင္ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ဆႏၵကို ရယူရပါလိမ့္မယ္။ ကိုယ္စားလွယ္ ေလးပုံသုံးပုံထက္ပိုၿပီး ေထာက္ခံရင္ နယ္နမိတ္ကို သမၼတက ျပင္ဆင္သတ္မွတ္ေပးရမယ္လို႔ ဆိုပါတယ္။ တိုင္းေဒသႀကီး၊ ျပည္နယ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းေဒသ စတာေတြရဲ႕ နယ္နမိတ္ ျပင္ဆင္ေရး (သို႔မဟုတ္) အမည္ေျပာင္းေရးကိစၥ ေပၚလာရင္၊ သက္ဆိုင္ရာတိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္ဝန္ႀကီးခ်ဳပ္က ႏိုင္ငံေတာ္သမၼတထံ တင္ျပၿပီး၊ သမၼတက လိုအပ္သလို ေဆာင္႐ြက္ေပးရမယ္လို႔ ပုဒ္မ (၅၄) က ဆိုပါတယ္။

ဝေျမာက္ပိုင္းနယ္ေျမရဲ႕ အိမ္နီးခ်င္း NDAA မိုင္းလားအဖြဲ႕ကေတာ့ သူတို႔ရဲ႕ အထူးေဒသ (၄) ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ သတ္မွတ္ေပးဖို႔ စစ္ေကာင္စီကို ေျပာခဲ့ေၾကာင္း၊ ေအာက္တိုဘာလ (၁) ရက္ သွ်မ္းသံေတာ္ဆင့္မွာ ေဖာ္ျပပါတယ္။ မိုင္းလားရဲ႕ လိုအပ္ခ်က္ဟာလည္း အေျခခံဥပေဒကို ျပင္ဆင္ရမယ့္ကိစၥ ျဖစ္ပါတယ္။ တကယ္ေတာ့ ဝနဲ႔ မိုင္းလားမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးနဲ႔ ကိုယ္ပိုင္တရားစီရင္ေရးစနစ္ေတြ က်င့္သုံးေနတာမို႔ လက္ေတြ႕မွာ ျပည္နယ္အဆင့္ ေရာက္ေနၿပီလို႔ သုံးသပ္ၾကပါတယ္။ ဒါေပမဲ့ ဥပေဒေၾကာင္းအရသြားႏိုင္ဖို႔ အဆင့္ေတြ အမ်ားႀကီး ရွိေနေသးတာ ေတြ႕ရပါတယ္။

ရွမ္းျပည္တိုးတက္ေရးတပ္ဖြဲ႕ SSPP ဒုဥကၠ႒ စဝ္ခြန္ဆိုင္ကေတာ့ အမ်ိဳးသားတန္းတူေရးအတြက္ 'ဗမာျပည္နယ္' ဖြဲ႕စည္းေရးနဲ႔ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံ တည္ေဆာက္ေရးအတြက္ စစ္ေကာင္စီကို တင္ျပခဲ့ေၾကာင္း သိရပါတယ္။ စစ္ေကာင္စီကလည္း ျဖစ္သင့္ျဖစ္ထိုက္တဲ့ ဖက္ဒရယ္ အခြင့္အေရးကို ေပးအပ္ရမယ္လို႔ ဆိုပါတယ္။ အက်ပ္အတည္း ျဖစ္ေနတဲ့ စစ္ေကာင္စီဟာ စစ္အင္အားႀကီး တိုင္းရင္းသားတပ္ဖြဲ႕ သုံးဖြဲ႕ကို ေခၚယူေတြ႕ဆုံၿပီး၊ လြတ္လြတ္လပ္လပ္ ရင္ဖြင့္ခိုင္းတဲ့သေဘာ ျဖစ္ေနပါတယ္။ လက္ေတြ႕ျဖစ္ႏိုင္မယ့္ အလားအလာ ရွိလာမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

==== Unicode =====

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်လို့ မြန်မာတပြည်လုံးမှာ သေဆုံးသူများပြားနေချိန်မှာ 'ဝ'ဒေသမှာ နေထိုင်သူအားလုံးနီးပါးကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။ တရုတ်ရဲ့ အကူအညီကြောင့် ဒေသတခုလုံးမှာ ကာကွယ်ဆေး (၂) ကြိမ် ထိုးပေးနိုင်ပါတယ်။ ပြည်နယ်ဖြစ်ချင်တဲ့ 'ဝ'ဒေသကို တရုတ်ပြည်နယ်လိုတောင် ခေါ်လေ့ရှိပါတယ်။ စစ်ကောင်စီနဲ့ ပဋိပက္ခ မဖြစ်အောင်နေပြီး တရုတ်နဲ့ ရင်းနှီးတာဟာ 'ဝ'ဒေသရဲ့ အားသာချက် ဖြစ်ပါတယ်။ 'ဝ'ဒေသရဲ့ ဒုတိယဘာသာစကားဟာ တရုတ်စကားဖြစ်ပြီး သုံးစွဲတဲ့ငွေကြေးဟာ တရုတ်ယွမ်ငွေ ဖြစ်ပါတယ်။

ဝ-တရုတ် ကုန်သွယ်ရေးဟာ နှစ်စဉ်ဒေါ်လာသန်း (၁၀၀၀) ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဒါကြောင့် တရုတ်ကို မှီခိုပြီး ရပ်တည်နေတဲ့ဒေသ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း (ပန်းခမ်း) မြို့နယ် (၆) ခု ရှိပါတယ်။ အနောက်ဘက်မှာ သံလွင်မြစ်ရှိပြီး၊ အရှေ့ပိုင်းဟာ ယူနန်နဲ့ နယ်နမိတ်ချင်းဆက်နေပါတယ်။ ဝမြောက်ပိုင်းအဖြစ် လူသိများပြီး ပန်ဆန်းကို ဗဟိုပြုပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းဆတ်ခရိုင်မှာလည်း ဝတွေ ရှိပါတယ်။ မိုင်းဆတ်မြို့ရဲ့ အရှေ့အနောက်တောင်က ထိုင်းနယ်စပ်ဒေသမှာ ဝတွေ နေထိုင်ကြပါတယ်။

မိုင်းဆတ်ခရိုင်က ဝဒေသကို ဝတောင်ပိုင်းလို့ သတ်မှတ်ကြပါတယ်။ ဘိန်းဘုရင်ခွန်ဆာရဲ့ တပ်ကို တိုက်ခိုက်ဖို့အတွက် ၁၉၉၀ ပြည့်လွန်ကာလမှာ ဝတပ်ဖွဲ့တချို့ကို နဝတစစ်အစိုးရက မိုင်းဆတ်ခရိုင်ထဲ ဝင်ခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် ဝတောင်ပိုင်းကို ၁၇၁/စစ်ဒေသလို့ ဝတပ်ဖွဲ့က သတ်မှတ်ပါတယ်။ မြို့နယ် (၆) ခုနဲ့ လူဦးရေတသိန်းကျော် ရှိပါတယ်။ ဒါပေမဲ့ ဝတောင်ပိုင်းမြို့နယ် (၆) ခုဟာ ဝမြောက်ပိုင်းလို တသီးတခြား တည်ရှိနေတာ မဟုတ်ဘဲ၊ အခြားလက်နက်ကိုင်တပ်တွေနဲ့ နီးကပ်စွာ တည်ရှိနေပါတယ်။ မိုင်းဆတ်နဲ့ မိုင်းတုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်၊ ရှမ်းပြည် ထူထောင်ရေးတပ် RCSS တွေလည်း စခန်းချထားပါတယ်။ RCSS လွယ်တိုင်းလျံဌာနချုပ်ရဲ့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေဟာ ၁၇၁/ဝစစ်ဒေသရဲ့ အနောက်ဘက်မှာ နီးကပ်စွာ တည်ရှိနေပါတယ်။

၂၀၀၈ အခြေခံဥပဒေမှာ ဝမြောက်ပိုင်းခရိုင်တွေဖြစ်တဲ့ ဟိုပန်နဲ့ မက်မန်းတို့ကိုသာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပါတယ်။ ဝတောင်ပိုင်းနယ်မြေ ၁၇၁/စစ်ဒေသကို အခြေခံဥပဒေမှာ ဖော်ပြထားတာ မဟုတ်ပါဘူး။ ဝနယ်မြေကို ပြည်နယ်အဆင့်ပေးဖို့ မူအားဖြင့် စစ်ကောင်စီက သဘောတူလိုက်တယ်ဆိုတဲ့ သတင်းမှာ စဉ်းစားစရာ ပဟေဋိတွေ ပါဝင်နေတာ တွေ့ရပါတယ်။ ဝတွေ တောင်းဆိုတဲ့ပြည်နယ်ထဲမှာ ၁၇၁/စစ်ဒေသ ပါဝင်သလားဆိုတာ မသိရသေးပါဘူး။ အခြေခံဥပဒေကို ပြင်ဆင်ပြီး ပြည်နယ်ပေးမယ့် စိတ်ကူးစိတ်သန်းမှာ ဝမြောက်ပိုင်းနယ်မြေသာ အကျုံးဝင်တာမို့ ဝတောင်ပိုင်းဒေသကိုပါ ပြည်နယ်ထဲ ထည့်သွင်းမလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

၂၀၀၈ အခြေခံဥပဒေ စာမျက်နှာ (၁၆) ပုဒ်မ (၅၃) မှာ ပြည်နယ်နဲ့တိုင်းရဲ့ နယ်နမိတ် ပြင်ဆင်သတ်မှတ်တဲ့ကိစ္စကို ဖော်ပြပါတယ်။ နယ်နမိတ် ပြင်ဆင်ဖို့အကြောင်း ပေါ်လာရင် ယင်းနယ်နမိတ်အတွင်း နေထိုင်တဲ့ ဆန္ဒမဲပေးပိုင်ခွင့် ရှိနေသူတွေရဲ့ သဘောထားကို ဦးစွာပထမ ရယူမယ်လို့ ဆိုပါတယ်။ ထက်ဝက်ကျော် ထောက်ခံမဲမရရင် နယ်နမိတ် ပြင်ဆင်မှု မလုပ်ရလို့ ဆိုပါတယ်။ ထက်ဝက်ကျော်က ထောက်ခံခဲ့ရင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို ရယူရပါလိမ့်မယ်။ ကိုယ်စားလှယ် လေးပုံသုံးပုံထက်ပိုပြီး ထောက်ခံရင် နယ်နမိတ်ကို သမ္မတက ပြင်ဆင်သတ်မှတ်ပေးရမယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ စတာတွေရဲ့ နယ်နမိတ် ပြင်ဆင်ရေး (သို့မဟုတ်) အမည်ပြောင်းရေးကိစ္စ ပေါ်လာရင်၊ သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြပြီး၊ သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမယ်လို့ ပုဒ်မ (၅၄) က ဆိုပါတယ်။

ဝမြောက်ပိုင်းနယ်မြေရဲ့ အိမ်နီးချင်း NDAA မိုင်းလားအဖွဲ့ကတော့ သူတို့ရဲ့ အထူးဒေသ (၄) ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးဖို့ စစ်ကောင်စီကို ပြောခဲ့ကြောင်း၊ အောက်တိုဘာလ (၁) ရက် သျှမ်းသံတော်ဆင့်မှာ ဖော်ပြပါတယ်။ မိုင်းလားရဲ့ လိုအပ်ချက်ဟာလည်း အခြေခံဥပဒေကို ပြင်ဆင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ တကယ်တော့ ဝနဲ့ မိုင်းလားမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်တရားစီရင်ရေးစနစ်တွေ ကျင့်သုံးနေတာမို့ လက်တွေ့မှာ ပြည်နယ်အဆင့် ရောက်နေပြီလို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဥပဒေကြောင်းအရသွားနိုင်ဖို့ အဆင့်တွေ အများကြီး ရှိနေသေးတာ တွေ့ရပါတယ်။

ရှမ်းပြည်တိုးတက်ရေးတပ်ဖွဲ့ SSPP ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်ကတော့ အမျိုးသားတန်းတူရေးအတွက် 'ဗမာပြည်နယ်' ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် စစ်ကောင်စီကို တင်ပြခဲ့ကြောင်း သိရပါတယ်။ စစ်ကောင်စီကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ် အခွင့်အရေးကို ပေးအပ်ရမယ်လို့ ဆိုပါတယ်။ အကျပ်အတည်း ဖြစ်နေတဲ့ စစ်ကောင်စီဟာ စစ်အင်အားကြီး တိုင်းရင်းသားတပ်ဖွဲ့ သုံးဖွဲ့ကို ခေါ်ယူတွေ့ဆုံပြီး၊ လွတ်လွတ်လပ်လပ် ရင်ဖွင့်ခိုင်းတဲ့သဘော ဖြစ်နေပါတယ်။ လက်တွေ့ဖြစ်နိုင်မယ့် အလားအလာ ရှိလာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG