သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ လူေမွာင္ခိုခံရသူ ၅၀ နီးပါး ထိုင္း-မေလး နယ္စပ္မွာ ဖမ္းဆီးခံရ


လူေမွာင္ခိုသူတခ်ိဳ႕နဲ႔ ျမန္မာႏိုင္ငံသားေတြ အပါအဝင္ လူ ၅၀ နီးပါး မေလးရွားႏိုင္ငံမွာ ဖမ္းဆီးခံရ (Photo: Malay Immigration)

ထိုင္းႏိုင္ငံနဲ႔နယ္စပ္ မေလးရွားႏိုင္ငံမွာ လူေမွာင္ခိုသူတခ်ိဳ႕နဲ႔အတူ ျမန္မာႏိုင္ငံသားေတြ အပါအဝင္ လူ ၅၀ နီးပါး ဖမ္းဆီးခံခဲ့ရေၾကာင္း မေလးရွား အာဏာပိုင္ေတြ သတင္းထုတ္ျပန္ခဲ့ပါတယ္။ လူေမွာင္ခိုသူေတြကို ႏွိမ္နင္းတဲ့စစ္ဆင္ေရးအတြင္း ဖမ္းဆီးခံရသူေတြထဲ လိင္ေဖ်ာ္ေျဖေရးလုပ္ငန္းဆီပို႔မယ့္ အမ်ိဳးသမီး ၁၇ ဦး ပါဝင္တယ္

[[ ZAWGYI / UNICODE ]]

ျမန္မာအပါအဝင္ လူေမွာင္ခိုခံရသူ ၅၀ နီးပါး ထိုင္း-မေလး နယ္စပ္မွာ ဖမ္းဆီးခံရ

ထိုင္းႏိုင္ငံနဲ႔နယ္စပ္ မေလးရွားႏိုင္ငံမွာ လူေမွာင္ခိုသူတခ်ိဳ႕နဲ႔အတူ ျမန္မာႏိုင္ငံသားေတြ အပါအဝင္ လူ ၅၀ နီးပါး ဖမ္းဆီးခံခဲ့ရေၾကာင္း မေလးရွား အာဏာပိုင္ေတြ သတင္းထုတ္ျပန္ခဲ့ပါတယ္။ လူေမွာင္ခိုသူေတြကို ႏွိမ္နင္းတဲ့ စစ္ဆင္ေရးအတြင္း ဖမ္းဆီးခံရသူေတြထဲမွာ လိင္ေဖ်ာ္ေျဖေရး လုပ္ငန္းေတြဆီပို႔မယ့္ ျမန္မာအမ်ိဳးသမီးတဦး အပါအဝင္ အမ်ိဳးသမီး ၁၇ ဦး ပါဝင္တယ္လို႔လည္း ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္းမေလး နယ္စပ္ မေလးရွားဘက္ျခမ္း ကလန္တန္းျပည္နယ္ ကိုတာဘာ႐ူးၿမိဳ႕နယ္ထဲက ဘတ္စကားဂိတ္မွာ ျမန္မာေတြပါဝင္တဲ့လူကုန္ကူးခံရသူ ၄၉ ဦးနဲ႔အတူ မေလးရွားႏိုင္ငံသား ၈ ဦးကို ေအာက္တိုဘာလ ၂၆ ရက္ေန႔က ဖမ္းဆီးခဲ့ေၾကာင္း၊ မေလးရွား လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕က ၾကာသပေတးေန႔မွာ ေၾကျငာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဒီထဲမွာ ျမန္မာအမ်ိဳးသမီးတဦး အပါအဝင္ အမ်ိဳးသမီး ၁၇ ဦး ပါဝင္ၿပီး၊ သူတို႔ဟာ အႏွိပ္ခန္းနဲ႔ လိင္ေဖ်ာ္ေျဖေရး လုပ္ငန္းေတြဆီပို႔ေဆာင္ခံရမယ့္သူေတြ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ မေလးရွားႏိုင္ငံက ျမန္မာအလုပ္သမားေတြကို လူမႈေရးအရ အကူညီေပးေနသူ ဦးသီဟေမာင္ေမာင္က အခုလို ေျပာျပပါတယ္။

"ကလန္တန္းျပည္နယ္ ထိုင္းနဲ႔မေလးရွား နယ္စပ္မွာ လူေမွာင္ခိုးကူးတဲ့ အဖြဲ႕ကို ဖမ္းမိပါတယ္၊ စုစုေပါင္း ဖမ္းမိတာက ၄၉ ဦးလို႔ ထုတ္ျပန္ထားတယ္။ အဲဒီမွာ ဖမ္းမိတာက အမ်ိဳးသား ၃၂ ဦး၊ အမ်ိဳးသမီး ၁၆ ဦး ျမန္မာမိန္းကေလး ၁ ဦးကို ဖမ္းမိတယ္လို႔ သူတို႔ထုတ္ျပန္ထားပါတယ္။ ကားအေသးေလး ၁၀ စီးနဲ႔ လူေတြကဲ့ၿပီး သယ္လာတာပါ။ လူ ၄၉ ေယာက္ကို ကား ၁၀ စီးနဲ႔ သယ္လာၿပီး ဘတ္စကားဂိတ္ေတြကို ပို႔တာေပါ့ေနာ္၊ ဘတ္စကား ဂိတ္ကေန ကြာလာလမ္ပူတို႔ ဂ်ိဳဟိုးတို႔ မလကာတို႔ စသျဖင့္ အဲဒီလိုေနရာ ပို႔တာေပါ့ေနာ္၊ အဲဒီမွာက မေလးရွားႏိုင္ငံသား ၈ ေယာက္လည္းပါတယ္။ သူတို႔က ကားေမာင္းလာတဲ့ သူေတြလည္းျဖစ္မွာေပါ့ေနာ္၊ သူတို႔ကိုလည္းဖမ္းဆီးထားတာေတြ႕ရပါတယ္။"

ထိုင္းမေလး နယ္စပ္ျဖစ္တဲ့ ကလန္တန္း ျပည္နယ္ထဲမွာေတာ့ လူပြဲစားေတြ သယ္ေဆာင္လာတဲ့ ျမန္မာႏိုင္ငံသားေတြ မၾကာခန ဖမ္းမိေနတာျဖစ္ၿပီး ဂ်ိဳဟိုးျပည္နယ္ထဲမွာလည္း ဖမ္းမိေနတာပါ။ ၿပီးခဲ့တဲ့ ရက္ေတြတုန္းကလဲ ဂ်ိဳဟိုးျပည္နယ္က ေဈးဝယ္ကုန္တိုက္ တခုထဲမွာ ျမန္မာေတြ ဖမ္းဆီးခံရတာ ရွိတယ္လို႔ မေလးရွားႏိုင္ငံက ႏိုင္ငံေရးတက္ႂကြ လႈပ္ရွားသူ ဦးစိုးထက္သိန္းက ေျပာပါတယ္။

" ဒီဘက္ေနာက္ပိုင္းမွာ ေ႐ႊ႕ေျပာင္းျမန္မာေတြ အေထာက္အထားမဲ့ေတြ မ်ားလာတယ္။ Johor ဘက္ကို ဝင္လာတာမ်ားတယ္ ဂ်ိဳဟိုးက နယ္စပ္လည္းျဖစ္ေနေတာ့ ကြာလာလမ္ပူထက္စာရင္ ဂ်ိဳဟိုးကို ဝင္တာမ်ားတယ္။ ေခ်ာင္တယ္ ဆိုတဲ့သေဘာရွိတယ္ ဝင္လာတာမ်ားေတာ့ ဒီ Mall ထဲကို ပစ္မွတ္ထားၿပီး စီမံခ်က္နဲ႔ ဝင္ဖမ္းတယ္လို႔ ေျပာၾကတယ္။ "

မေလးရွားႏိုင္ငံထဲကို ထိုင္းနယ္စပ္ကေနတဆင့္ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ဝင္ေရာက္တာ ရွိသလို ေရလမ္းကလည္း ႐ိုဟင္ဂ်ာေတြ၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသားေတြ ဝင္လာတာေတြရွိေနပါတယ္။ မ်ားေသာအားျဖင့္ နယ္စပ္လမ္းေတြကေန ဝင္လာတာေတြ မ်ားတယ္လို႔လည္း ဦးသီဟေမာင္ေမာင္က ေျပာပါတယ္။

" အဓိက မေလးရွားကိုဝင္တဲ့ လမ္းေၾကာင္းက နယ္စပ္ဂိတ္ေတြကေန မ်ားေသာအားျဖင့္ လာတာေပါ့ေနာ္၊ ေနာက္ သိသေလာက္ကေတာ့ ေရလမ္းကေန လာတာလည္း ရွိတယ္။ က်ေနာ္တို႔သိသေလာက္ လမ္ကာဝီ ဘက္ကလည္း လာတာေတြ ရွိတာေပါ့ေနာ္။"

ေအာက္တိုဘာလ တလထဲမွာပဲ မေလးရွားႏိုင္ငံကို အေထာက္အထားမဲ့ ဝင္ေရာက္လာတဲ့ ျမန္မာ အိႏၵိယ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ၁၆၀ ေလာက္ ဖမ္းမိတယ္လို႔ မေလးရွား လူဝင္မႈႀကီးၾကပ္ေရးဌာနက ထုတ္ျပန္တဲ့ စာရင္းဇယားေတြအရ သိပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

မြန်မာအပါအဝင် လူမှောင်ခိုခံရသူ ၅၀ နီးပါး ထိုင်း-မလေး နယ်စပ်မှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံနဲ့နယ်စပ် မလေးရှားနိုင်ငံမှာ လူမှောင်ခိုသူတချို့နဲ့အတူ မြန်မာနိုင်ငံသားတွေ အပါအဝင် လူ ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှား အာဏာပိုင်တွေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လူမှောင်ခိုသူတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေဆီပို့မယ့် မြန်မာအမျိုးသမီးတဦး အပါအဝင် အမျိုးသမီး ၁၇ ဦး ပါဝင်တယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမလေး နယ်စပ် မလေးရှားဘက်ခြမ်း ကလန်တန်းပြည်နယ် ကိုတာဘာရူးမြို့နယ်ထဲက ဘတ်စကားဂိတ်မှာ မြန်မာတွေပါဝင်တဲ့လူကုန်ကူးခံရသူ ၄၉ ဦးနဲ့အတူ မလေးရှားနိုင်ငံသား ၈ ဦးကို အောက်တိုဘာလ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း၊ မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ကြာသပတေးနေ့မှာ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီထဲမှာ မြန်မာအမျိုးသမီးတဦး အပါအဝင် အမျိုးသမီး ၁၇ ဦး ပါဝင်ပြီး၊ သူတို့ဟာ အနှိပ်ခန်းနဲ့ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေဆီပို့ဆောင်ခံရမယ့်သူတွေ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေကို လူမှုရေးအရ အကူညီပေးနေသူ ဦးသီဟမောင်မောင်က အခုလို ပြောပြပါတယ်။

"ကလန်တန်းပြည်နယ် ထိုင်းနဲ့မလေးရှား နယ်စပ်မှာ လူမှောင်ခိုးကူးတဲ့ အဖွဲ့ကို ဖမ်းမိပါတယ်၊ စုစုပေါင်း ဖမ်းမိတာက ၄၉ ဦးလို့ ထုတ်ပြန်ထားတယ်။ အဲဒီမှာ ဖမ်းမိတာက အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၆ ဦး မြန်မာမိန်းကလေး ၁ ဦးကို ဖမ်းမိတယ်လို့ သူတို့ထုတ်ပြန်ထားပါတယ်။ ကားအသေးလေး ၁၀ စီးနဲ့ လူတွေကဲ့ပြီး သယ်လာတာပါ။ လူ ၄၉ ယောက်ကို ကား ၁၀ စီးနဲ့ သယ်လာပြီး ဘတ်စကားဂိတ်တွေကို ပို့တာပေါ့နော်၊ ဘတ်စကား ဂိတ်ကနေ ကွာလာလမ်ပူတို့ ဂျိုဟိုးတို့ မလကာတို့ စသဖြင့် အဲဒီလိုနေရာ ပို့တာပေါ့နော်၊ အဲဒီမှာက မလေးရှားနိုင်ငံသား ၈ ယောက်လည်းပါတယ်။ သူတို့က ကားမောင်းလာတဲ့ သူတွေလည်းဖြစ်မှာပေါ့နော်၊ သူတို့ကိုလည်းဖမ်းဆီးထားတာတွေ့ရပါတယ်။"

ထိုင်းမလေး နယ်စပ်ဖြစ်တဲ့ ကလန်တန်း ပြည်နယ်ထဲမှာတော့ လူပွဲစားတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေ မကြာခန ဖမ်းမိနေတာဖြစ်ပြီး ဂျိုဟိုးပြည်နယ်ထဲမှာလည်း ဖမ်းမိနေတာပါ။ ပြီးခဲ့တဲ့ ရက်တွေတုန်းကလဲ ဂျိုဟိုးပြည်နယ်က ဈေးဝယ်ကုန်တိုက် တခုထဲမှာ မြန်မာတွေ ဖမ်းဆီးခံရတာ ရှိတယ်လို့ မလေးရှားနိုင်ငံက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးစိုးထက်သိန်းက ပြောပါတယ်။

" ဒီဘက်နောက်ပိုင်းမှာ ရွှေ့ပြောင်းမြန်မာတွေ အထောက်အထားမဲ့တွေ များလာတယ်။ Johor ဘက်ကို ဝင်လာတာများတယ် ဂျိုဟိုးက နယ်စပ်လည်းဖြစ်နေတော့ ကွာလာလမ်ပူထက်စာရင် ဂျိုဟိုးကို ဝင်တာများတယ်။ ချောင်တယ် ဆိုတဲ့သဘောရှိတယ် ဝင်လာတာများတော့ ဒီ Mall ထဲကို ပစ်မှတ်ထားပြီး စီမံချက်နဲ့ ဝင်ဖမ်းတယ်လို့ ပြောကြတယ်။ "

မလေးရှားနိုင်ငံထဲကို ထိုင်းနယ်စပ်ကနေတဆင့် ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်တာ ရှိသလို ရေလမ်းကလည်း ရိုဟင်ဂျာတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဝင်လာတာတွေရှိနေပါတယ်။ များသောအားဖြင့် နယ်စပ်လမ်းတွေကနေ ဝင်လာတာတွေ များတယ်လို့လည်း ဦးသီဟမောင်မောင်က ပြောပါတယ်။

" အဓိက မလေးရှားကိုဝင်တဲ့ လမ်းကြောင်းက နယ်စပ်ဂိတ်တွေကနေ များသောအားဖြင့် လာတာပေါ့နော်၊ နောက် သိသလောက်ကတော့ ရေလမ်းကနေ လာတာလည်း ရှိတယ်။ ကျနော်တို့သိသလောက် လမ်ကာဝီ ဘက်ကလည်း လာတာတွေ ရှိတာပေါ့နော်။"

အောက်တိုဘာလ တလထဲမှာပဲ မလေးရှားနိုင်ငံကို အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာ အိန္ဒိယ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၀ လောက် ဖမ်းမိတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိပါတယ်ရှင်။

XS
SM
MD
LG