သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပါဝင် ကမ္ဘာ့နိုင်ငံတချို့မှာ တီဘီရောဂါ ပြန်လည်ခေါင်းထောင်


အိန္ဒိယက တီဘီ လူနာတဦး

[[ ZAWGYI / UNICODE ]]

မြန်မာပါဝင် ကမ္ဘာ့နိုင်ငံတချို့မှာ တီဘီရောဂါ ပြန်လည်ခေါင်းထောင်

ကမ္ဘာပေါ်မှာ တီဘီ ရောဂါကြောင့် သေဆုံးရသူ ၂၀၂၁ ခုနှစ်အတွင်း ၁ ဒဿမ ၆ သန်းရှိခဲ့ပြီး၊ လွန်ခဲ့တဲ့ ၂ နှစ်ကထက် ၁၄ ရာနှုန်းတိုးလာခဲ့ပါတယ်။ သေဆုံးသူ အရေအတွက် တိုးလာတာဟာ အဓိက ၄ နိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံဖေါ်ပြ ထားပါတယ်။

အခုလို တီဘီရောဂါ ပြန်လည် ခေါင်းထောင်လာတာဟာ ကိုဗစ်ကပ်ရောဂါကြောင့်လည်းဖြစ်ပြီး၊ ကပ်ရောဂါကြောင့် တီဘီရောဂါကူးဆက်ခံရမှု စစ်ဆေးဖို့နဲ့ ကုသမှုအတွက် အခက်အခဲအခဲတွေ အများကြီးဖြစ်ရတာကြောင့်ဖြစ်တယ်လို့ WHO အဖွဲ့ကြီးက ပြောဆိုထားပါတယ်။

တီဘီရောဂါကြောင့် ကမ္ဘာအနှံ့သေဆုံးမှုဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ကျဆင်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း သေဆုံးသူ ၁ ဒဿမ ၄ သန်းရှိပြီး၊ ၂၀၂၀ ခုနှစ်မှာ ၁ ဒဿမ ၅ သန်းရှိပါတယ်။ အဲဒီနောက် ၂၀၂၁ ခုနှစ်မှာ ၁ ဒဿမ ၆ သန်းအထိ တိုးလာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း TB ရောဂါ ကူးဆက်ခံရသူပေါင်း ၁၀ ဒဿမ ၆ သန်းရှိပြီး၊ ၂၀၂၀ ခုနှစ်ကထက် ၄ ဒဿမ ၅ ရာနှုန်းတိုးလာခဲ့ပါတယ်။

================

{{ UNICODE }}

အမေရိကန်ကာကွယ်ရေး မဟာဗျုဟာမှာ တရုတ်စိန်ခေါ်မှု ထိပ်တန်းကပါဝင်

ရုရှားဟာ ယူကရိန်းမှာ ဆိုးဝါးတဲ့စစ်ပွဲ ဆက်လက်ဆင်နွှဲပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှုလုပ်နေချိန်မှာပဲ တရုတ်ကတော့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွါးကို စိန်ခေါ်နေတဲ့ ထိပ်ဆုံးနိုင်ငံအဖြစ် ဆက်ရှိနေဆဲပဲလို့ အမေရိကန်ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အမေရိကန်အတွက် တဦးတည်းသော ပြိုင်ဘက်အနေနဲ့ ရှိနေပြီး အင်အားကြီးမားဖို့ ကြိုးစားနေတာနဲ့ အတူ၊ ကမ္ဘာ့နိုင်ငံတွေကြား တည်ရှိမှု အနေထားကို ပြောင်းလဲဖို့ပါ လုပ်ချင်နေတာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ကြာသပတေးနေ့က ပင်တာဂွန်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်ဟာ စစ်ရေး၊ စီးပွါးရေး၊ နည်းပညာနဲ့ သံတမန်ရေးလို ကျယ်ပြန့်တဲ့ ကဏ္ဍတွေမှာ အမေရိကန်ပြည်ထောင်စုကို စနစ်တကျ စိန်ခေါ်နိုင်စွမ်းရှိအောင် ဆက်ပြီး ကြိုးစားနေတယ်လို့ အမည်မဖေါ်လိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက သတင်းထောက်တွေကို ပြောပါတယ်။

တရုတ်ရဲ့ စိန်ခေါ်မှုကြောင့် တိုက်ခိုက်ရေးကဏ္ဍအားလုံး အထူးသဖြင့် အာကာသနဲ့ ကွန်ပျူတာ cyber တိုက်ခိုက်မှုတွေမှာ စွမ်းရည် ပိုမြင့်မားဖို့ လုပ်လာရတယ်လို့လည်း ဝန်ကြီး Austin ကပြောပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေ မိတ်ဖက်တွေ အားလုံးအပေါ် ရန်လိုတဲ့ လုပ်ရပ်တွေဟာ အကျိုးထက် ပေးဆပ်မှုက ပိုများတယ်ဆိုတာကိုလည်း ရန်ဖက် ဖြစ်လာနိုင်ခြေရှိတဲ့ သူတွေအားလုံးကို ရှင်းရှင်းလင်းလင်း သတင်းစကား ပါးလိုကြောင်း ပြောခဲ့တာပါ။

တရုတ်နဲ့ ရုရှားတို့က အိမ်နီးချင်း နိုင်ငံတွေအပေါ် ရန်လိုမှုတွေ တိုးလာနေချိန်မှာ အခုလို ကန့်သတ်အဆင့် သတ်မှတ်မထားတဲ့ အမျိုးသားကာကွယ်ရေး မဟာဗျူဟာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကန့်သတ်အဆင့်ထားတဲ့ အစီရင်ခံစာကိုတော့ ဒီနှစ်ဆန်းပိုင်းက လွှတ်တော်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG