သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ ကမာၻတလႊား ငါးဖမ္းလုပ္သား သိန္းခ်ီေသဆုံးေၾကာင္း စစ္တမ္းထုတ္ျပန္


Asia Fishing Deaths

[[ ZAWGYI / UNICODE ]]

ျမန္မာအပါအဝင္ ကမာၻတလႊား ငါးဖမ္းလုပ္သား သိန္းခ်ီေသဆုံးေၾကာင္း စစ္တမ္းထုတ္ျပန္

ျမန္မာႏိုင္ငံ အပါအဝင္ အႏၲရာယ္မ်ားတဲ့ ငါးဖမ္းလုပ္ငန္းေတြေၾကာင့္ ႏွစ္စဥ္ ေရလုပ္သား ၁ သိန္းေက်ာ္ ေသဆုံးရတယ္လို႔ နယူးဇီလန္အေျခစိုက္ Fish Safety Foundation နဲ႔ အေမရိကန္အေျခစိုက္ Pew Charitable Trusts တို႔က ေလ့လာတင္ျပထားတဲ့ အစီရင္ခံစာမွာ ေဖၚျပပါတယ္။

အသက္ မဆုံးရႈံးေအာင္ ကာကြယ္ႏိုင္တဲ့ အေျခအေန ျဖစ္ေပမယ့္ ႀကိဳတင္ခန႔္မွန္း ထားတာထက္ ၃ ဆ ပိုမ်ားၿပီး ေသဆုံးရတယ္လို႔ ၾကာသပေတးေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။ အခုလိုျဖစ္ရတဲ့ အေျခခံ အေၾကာင္းအရင္းေတြထဲမွာ ငါးဖမ္းလုပ္ငန္းရွင္ေတြရဲ႕ မေတာ္မတရား ခိုင္းေစမႈ၊ ကေလးလုပ္သား ခိုင္းေစမႈ၊ ထိခိုက္ဒဏ္ရာရမႈ၊ ေရနက္ပိုင္းကို အတင္း ေရငုတ္ခိုင္းမႈ၊ အလြန္အကြၽံ ငါးဖမ္းမႈ၊ ရာသီဥတု ေျပာင္းလဲလာမႈ၊ လက္နက္ကိုင္ ပဋိပကၡမ်ားနဲ႔ ဆင္းရဲမြဲေတမႈ စတာေတြေၾကာင့္ ျဖစ္ရတယ္လို႔ အစီရင္ခံစာက ေဖၚျပပါတယ္။

အခုလို အႏၲရာယ္မ်ားတဲ့ ႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံလည္း ပါဝင္ၿပီး ႏွစ္စဥ္ ေထာင္နဲ႔ခ်ီတဲ့ ေရလုပ္သားေတြကို လုပ္ငန္းရွင္ေတြကႀကိဳတင္ေငြ ေဒၚလာ ၄၅၀ ေလာက္ေပးၿပီး ကမ္းကေန မိုင္ ၆၀ ေလာက္အကြ ာပင္လယ္ျပင္ထဲက ဝါးေဖါင္ေလးေတြမွာ လနဲ႔ခ်ီၾကာ အလုပ္ခိုင္းေစတယ္လို႔ ေဖၚျပထားပါတယ္။ သူတို႔ဟာ အဖြဲ႕ငယ္ေလးေတြခြဲ ၊ ပင္လယ္ေရေအာက္ကို ပိုက္ခ်ၿပီး ပုဇြန္နဲ႔ ငါးဖမ္းတဲ့အလုပ္ကို လုပ္ၾကရပါတယ္။

မၾကာခဏ ဆိုသလို ရိကၡာပို႔တဲ့ စက္ေလွ ပုံမွန္မလာေရာက္တာေၾကာင့္ ေသာက္သုံးေရ ျပတ္လပ္မႈ၊ စားနပ္ရိကၡာ ျပတ္လပ္မႈေတြ ျဖစ္ရၿပီး၊ ဗိုက္တာမင္ ဘီ ခ်ိဳ႕ယြင္းမႈေၾကာင့္ျဖစ္ရတဲ့ ေရာဂါေတြ၊ အဆုတ္ေရာဂါ၊ ေသြးေၾကာေပါက္မႈ စတာေတြဟာ ျမန္မာေရလုပ္သားေတြ အျဖစ္မ်ားတဲ့ ေရာဂါေတြျဖစ္တယ္လို႔ ေဒသဆိုင္ရာ ဆရာဝန္ေတြကို ကိုးကားၿပီး အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

ေရလုပ္ငန္းေတြနဲ႔ ကုလသမဂၢက အခ်က္လက္ေတြကို အေျခခံၿပီး ေဖၚျပထားတဲ့ ဒီအစီရင္ခံစာမွာ ေသဆုံးမႈ အမ်ားဆုံးဟာ အာဖရိကနဲ႔ ပစၥဖိတ္ကြၽန္း ေဒသျဖစ္ၿပီး၊ ႏွစ္စဥ္ေသဆုံးသူ ၁ သိန္းမွာ အာဖရိက Victoria ကန္အတြင္း ေသဆုံးသူ ၁၈၀၀ ကေန ၅၀၀၀ အထိပါဝင္တယ္လို႔ ေဖၚျပထားပါတယ္။

==================

{{ UNICODE }}

မြန်မာအပါအဝင် ကမ္ဘာတလွှား ငါးဖမ်းလုပ်သား သိန်းချီသေဆုံးကြောင်း စစ်တမ်းထုတ်ပြန်

မြန်မာနိုင်ငံ အပါအဝင် အန္တရာယ်များတဲ့ ငါးဖမ်းလုပ်ငန်းတွေကြောင့် နှစ်စဉ် ရေလုပ်သား ၁ သိန်းကျော် သေဆုံးရတယ်လို့ နယူးဇီလန်အခြေစိုက် Fish Safety Foundation နဲ့ အမေရိကန်အခြေစိုက် Pew Charitable Trusts တို့က လေ့လာတင်ပြထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

အသက် မဆုံးရှုံးအောင် ကာကွယ်နိုင်တဲ့ အခြေအနေ ဖြစ်ပေမယ့် ကြိုတင်ခန့်မှန်း ထားတာထက် ၃ ဆ ပိုများပြီး သေဆုံးရတယ်လို့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အခုလိုဖြစ်ရတဲ့ အခြေခံ အကြောင်းအရင်းတွေထဲမှာ ငါးဖမ်းလုပ်ငန်းရှင်တွေရဲ့ မတော်မတရား ခိုင်းစေမှု၊ ကလေးလုပ်သား ခိုင်းစေမှု၊ ထိခိုက်ဒဏ်ရာရမှု၊ ရေနက်ပိုင်းကို အတင်း ရေငုတ်ခိုင်းမှု၊ အလွန်အကျွံ ငါးဖမ်းမှု၊ ရာသီဥတု ပြောင်းလဲလာမှု၊ လက်နက်ကိုင် ပဋိပက္ခများနဲ့ ဆင်းရဲမွဲတေမှု စတာတွေကြောင့် ဖြစ်ရတယ်လို့ အစီရင်ခံစာက ဖေါ်ပြပါတယ်။

အခုလို အန္တရာယ်များတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပြီး နှစ်စဉ် ထောင်နဲ့ချီတဲ့ ရေလုပ်သားတွေကို လုပ်ငန်းရှင်တွေကကြိုတင်ငွေ ဒေါ်လာ ၄၅၀ လောက်ပေးပြီး ကမ်းကနေ မိုင် ၆၀ လောက်အကွ ာပင်လယ်ပြင်ထဲက ဝါးဖေါင်လေးတွေမှာ လနဲ့ချီကြာ အလုပ်ခိုင်းစေတယ်လို့ ဖေါ်ပြထားပါတယ်။ သူတို့ဟာ အဖွဲ့ငယ်လေးတွေခွဲ ၊ ပင်လယ်ရေအောက်ကို ပိုက်ချပြီး ပုဇွန်နဲ့ ငါးဖမ်းတဲ့အလုပ်ကို လုပ်ကြရပါတယ်။

မကြာခဏ ဆိုသလို ရိက္ခာပို့တဲ့ စက်လှေ ပုံမှန်မလာရောက်တာကြောင့် သောက်သုံးရေ ပြတ်လပ်မှု၊ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ဖြစ်ရပြီး၊ ဗိုက်တာမင် ဘီ ချို့ယွင်းမှုကြောင့်ဖြစ်ရတဲ့ ရောဂါတွေ၊ အဆုတ်ရောဂါ၊ သွေးကြောပေါက်မှု စတာတွေဟာ မြန်မာရေလုပ်သားတွေ အဖြစ်များတဲ့ ရောဂါတွေဖြစ်တယ်လို့ ဒေသဆိုင်ရာ ဆရာဝန်တွေကို ကိုးကားပြီး အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ရေလုပ်ငန်းတွေနဲ့ ကုလသမဂ္ဂက အချက်လက်တွေကို အခြေခံပြီး ဖေါ်ပြထားတဲ့ ဒီအစီရင်ခံစာမှာ သေဆုံးမှု အများဆုံးဟာ အာဖရိကနဲ့ ပစ္စဖိတ်ကျွန်း ဒေသဖြစ်ပြီး၊ နှစ်စဉ်သေဆုံးသူ ၁ သိန်းမှာ အာဖရိက Victoria ကန်အတွင်း သေဆုံးသူ ၁၈၀၀ ကနေ ၅၀၀၀ အထိပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG