သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတသက္တမ္းဝက္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြ အေမရိကန္တဝွမ္း က်င္းပ


Pennsylvania ျပည္နယ္ မဲ႐ုံေတြဆီ မဲေပးမယ့္သူေတြဝင္ေရာက္ေနၾကစဥ္ (ႏိုဝင္ဘာလ ၈ ရက္၊ ၂၀၂၂)

အေမရိကန္အထက္နဲ႔ ေအာက္လႊတ္ေတာ္ေတြမွာ ဒီမိုကရက္ပါတီက အမ်ားစုနဲ႔ ဆက္ၿပီး ထိန္းခ်ဳပ္ထားႏိုင္မလား၊ လက္လႊတ္ရမလား ဆိုတာကို အဆုံးအျဖတ္ေပးမယ္ အေမရိကန္အစိုးရသက္တမ္းဝက္မွာ က်င္းပတဲ့ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲေတြကို အေရွ႕ျခမ္း ျပည္နယ္ေတြမွာ စတင္က်င္းပေနပါၿပီ။

ဒီေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵရွင္ ၄၂ သန္းေက်ာ္ကေတာ့ ႀကိဳတင္မဲေတြ ေပးခဲ့ၾကၿပီးပါၿပီ။ လက္ရွိ အထက္နဲ႔ ေအာက္လႊတ္ေတာ္ ႏွစ္ရပ္စလုံးကို ဒီမိုကရက္ပါတီက ပြတ္ကာသီကာနဲ႔ အမ်ားစု ထိန္းခ်ဳပ္ထားႏိုင္ေပမဲ့ ေ႐ြးေကာက္ပြဲအႀကိဳ စစ္တမ္းေတြအရဆိုရင္ ေအာက္လႊတ္ေတာ္ကို ရီပတ္ပလစ္ကန္ေတြ ျပန္လည္ ထိန္းခ်ဳပ္ႏိုင္မယ္လို႔ တြက္ဆထားၾကပါတယ္။

ေအာက္လႊတ္ေတာ္မွာ ေနရာေပါင္း ၄၃၅ ေနရာလုံးနဲ႔ အထက္လႊတ္ေတာ္ေနရာ ၁၀၀ မွာ ၃၅ ေနရာေတြကို ပါတီကိုယ္စားလွယ္ေတြ ယွဥ္ၿပိဳင္ၾကရမွာ ျဖစ္ပါတယ္။ Pew သုေတသနဌာနရဲ႕ စစ္တမ္းမွာေတာ့ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ မဲဆႏၵရွင္ ေလးပုံ သုံးပုံေက်ာ္ရဲ႕ ဦးစားေပး စဥ္းစားမႈဟာ စီးပြားေရးကိစၥ ျဖစ္တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ဇြန္လအတြင္း အေမရိကန္တရား႐ုံးခ်ဳပ္က ကိုယ္ဝန္ဖ်က္ခ်ခြင့္ကို အဆုံးသတ္လိုက္တဲ့ေနာက္၊ အမ်ိဳးသမီးေတြနဲ႔ ပါတီအေျခခံမထားတဲ့ မဲဆႏၵရွင္ေတြအၾကား ဒီမိုကရက္ပါတီကို မဲေပးေစဖို႔ လႈံေဆာ္မႈေတြ ျဖစ္လာေစခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေ အမေရိကန်တဝှမ်း ကျင်းပ

အမေရိကန်အထက်နဲ့ အောက်လွှတ်တော်တွေမှာ ဒီမိုကရက်ပါတီက အများစုနဲ့ ဆက်ပြီး ထိန်းချုပ်ထားနိုင်မလား၊ လက်လွှတ်ရမလား ဆိုတာကို အဆုံးအဖြတ်ပေးမယ် အမေရိကန်အစိုးရသက်တမ်းဝက်မှာ ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကို အရှေ့ခြမ်း ပြည်နယ်တွေမှာ စတင်ကျင်းပနေပါပြီ။

ဒီရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၄၂ သန်းကျော်ကတော့ ကြိုတင်မဲတွေ ပေးခဲ့ကြပြီးပါပြီ။ လက်ရှိ အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ဒီမိုကရက်ပါတီက ပွတ်ကာသီကာနဲ့ အများစု ထိန်းချုပ်ထားနိုင်ပေမဲ့ ရွေးကောက်ပွဲအကြို စစ်တမ်းတွေအရဆိုရင် အောက်လွှတ်တော်ကို ရီပတ်ပလစ်ကန်တွေ ပြန်လည် ထိန်းချုပ်နိုင်မယ်လို့ တွက်ဆထားကြပါတယ်။

အောက်လွှတ်တော်မှာ နေရာပေါင်း ၄၃၅ နေရာလုံးနဲ့ အထက်လွှတ်တော်နေရာ ၁၀၀ မှာ ၃၅ နေရာတွေကို ပါတီကိုယ်စားလှယ်တွေ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ Pew သုတေသနဌာနရဲ့ စစ်တမ်းမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲဆန္ဒရှင် လေးပုံ သုံးပုံကျော်ရဲ့ ဦးစားပေး စဉ်းစားမှုဟာ စီးပွားရေးကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်း အမေရိကန်တရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချခွင့်ကို အဆုံးသတ်လိုက်တဲ့နောက်၊ အမျိုးသမီးတွေနဲ့ ပါတီအခြေခံမထားတဲ့ မဲဆန္ဒရှင်တွေအကြား ဒီမိုကရက်ပါတီကို မဲပေးစေဖို့ လှုံဆော်မှုတွေ ဖြစ်လာစေခဲ့ပါတယ်။

XS
SM
MD
LG