သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္လက္နက္ဝယ္ယူမႈနဲ႔ လုပ္ငန္းရွင္တဦးကို ကန္ဒဏ္ခတ္ 


ျမန္္မာစစ္တပ္ ေလေၾကာင္း တုိက္ခိုက္မႈေၾကာင့္ မီးေလာင္ေနသည့္ ဘုန္းႀကီးေက်ာင္း (ယခင္မွတ္တမ္းဓာတ္ပံု/ photo: KNU)

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္ရဲ႕ စစ္လက္နက္ပစၥည္းဝယ္ယူမႈပိုင္းမွာ ပါဝင္ပတ္သက္ေနတဲ့ Sky Aviator ကုမၸဏီနဲ႔ ဒီကုမၸဏီပိုင္ဆိုင္သူလည္းျဖစ္ ဒါ႐ိုက္တာလည္းျဖစ္သူ အသက္၄၀ အ႐ြယ္ ဦးေက်ာ္မင္းဦးတို႔ကို အေမရိကန္ျပည္ေထာင္စုရဲ႕ အေရးယူပစ္မွတ္ထားဒဏ္ခတ္စာရင္းထဲ ထည့္သြင္းလိုက္ပါတယ္။

Sky Aviator ဟာ ျမန္မာစစ္တပ္ရဲ႕ စစ္ေလယာဥ္အစိတ္အပိုင္းေတြကို အဓိက ဝယ္ယူေပးေနတဲ့ကုမၸဏီျဖစ္သလို ဦးေက်ာ္မင္းဦးဟာ ႏိုင္ငံျခားစစ္ဖက္အရာရွိေတြ ျမန္မာႏိုင္ငံလာေရာက္ႏိုင္ေအာင္စီစဥ္ေဆာင္႐ြက္ၿပီး တိုက္ခိုက္ေရးရဟတ္ယာဥ္နဲ႔ အျခားစစ္လက္နက္ပစၥည္းေတြ တင္သြင္းေပးေနသူျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားဝန္ႀကီး Blinken ရဲ႕ ေၾကညာခ်က္မွာပါရွိပါတယ္။ ျမန္မာစစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈေတြ၊ အထူးသျဖင့္ေတာ့ ေလေၾကာင္းသုံးၿပီး အရပ္သားေတြကို တိုက္ခိုက္ေနတာေတြအေပၚ အေမရိကန္ျပည္ေထာင္စုက ေနာက္ထပ္အေရးယူလိုက္တဲ့ ေဆာင္႐ြက္ခ်က္ျဖစ္တယ္လို႔လည္း ေဖာ္ျပပါတယ္။

ျမန္မာအရပ္သားေတြနဲ႔ ႏိုင္ငံေရးအတိုက္အခံေတြကို ျမန္မာစစ္တပ္က ေလေၾကာင္းသုံးစစ္ဆင္အၾကမ္းဖက္တိုက္ခိုက္ေနတယ္လို႔လည္း ဒီေၾကညာခ်က္မွာေရးပါတယ္။ ေအာက္တိုဘာလ ၃၁ ရက္ေန႔က ကခ်င္ျပည္နယ္အတြင္းက လူမ်ိဳးစုပြဲလမ္းတခုကို ျမန္မာစစ္တပ္က ေလေၾကာင္းတိုက္ခိုက္တာေၾကာင့္ အႏုပညာရွင္ေတြနဲ႔ ေဖ်ာ္ေျဖပြဲလာေရာက္သူေတြအပါအဝင္ လူေပါင္း ၁၀၀ ေလာက္ ေသဆုံးခဲ့ရတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္ရဲ႕ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ျမန္မာစစ္ေကာင္စီဖက္ကေတာ့ ဒီ တိုက္ခိုက္မႈအတြင္းမွာ KIA နဲ႔ PDF ေတြ ေသဆုံးတယ္လို႔ ေျပာဆိုထားတာပါ။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

စစ်လက်နက်ဝယ်ယူမှုနဲ့ လုပ်ငန်းရှင်တဦးကို ကန်ဒဏ်ခတ်

မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုပိုင်းမှာ ပါဝင်ပတ်သက်နေတဲ့ Sky Aviator ကုမ္ပဏီနဲ့ ဒီကုမ္ပဏီပိုင်ဆိုင်သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သူ အသက်၄၀ အရွယ် ဦးကျော်မင်းဦးတို့ကို အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူပစ်မှတ်ထားဒဏ်ခတ်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

Sky Aviator ဟာ မြန်မာစစ်တပ်ရဲ့ စစ်လေယာဉ်အစိတ်အပိုင်းတွေကို အဓိက ဝယ်ယူပေးနေတဲ့ကုမ္ပဏီဖြစ်သလို ဦးကျော်မင်းဦးဟာ နိုင်ငံခြားစစ်ဖက်အရာရှိတွေ မြန်မာနိုင်ငံလာရောက်နိုင်အောင်စီစဉ်ဆောင်ရွက်ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ အခြားစစ်လက်နက်ပစ္စည်းတွေ တင်သွင်းပေးနေသူဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားဝန်ကြီး Blinken ရဲ့ ကြေညာချက်မှာပါရှိပါတယ်။ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ အထူးသဖြင့်တော့ လေကြောင်းသုံးပြီး အရပ်သားတွေကို တိုက်ခိုက်နေတာတွေအပေါ် အမေရိကန်ပြည်ထောင်စုက နောက်ထပ်အရေးယူလိုက်တဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

မြန်မာအရပ်သားတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေကို မြန်မာစစ်တပ်က လေကြောင်းသုံးစစ်ဆင်အကြမ်းဖက်တိုက်ခိုက်နေတယ်လို့လည်း ဒီကြေညာချက်မှာရေးပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့က ကချင်ပြည်နယ်အတွင်းက လူမျိုးစုပွဲလမ်းတခုကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အနုပညာရှင်တွေနဲ့ ဖျော်ဖြေပွဲလာရောက်သူတွေအပါအဝင် လူပေါင်း ၁၀၀ လောက် သေဆုံးခဲ့ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာစစ်ကောင်စီဖက်ကတော့ ဒီ တိုက်ခိုက်မှုအတွင်းမှာ KIA နဲ့ PDF တွေ သေဆုံးတယ်လို့ ပြောဆိုထားတာပါ။

XS
SM
MD
LG