သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စီးပြားေရးေဒါက္တိုင္ ပ်က္စီးၿပဳိကြဲေရး


Stimson Center ေဆြးေႏြးပဲြ ( Webinar Screenshot )

=== ZAWGYI ===

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

စစ္ေကာင္စီရဲ႕ စီးပြားေရးေဒါက္တိုင္ေတြ ပ်က္စီးၿပဳိကြဲသြားေအာင္ စစ္ဆင္တာဟာ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရအတြက္ အေကာင္းဆုံး ေသနဂၤဗ်ဴဟာျဖစ္ေၾကာင္း အေမရိကန္ပါေမာကၡ အဘူဇာ သုံးသပ္ထားတာကို ဦးေအာင္ခင္ကေရးၿပီး ကိုဉာဏ္ဝင္းေအာင္နဲ႔အတူ တင္ျပထားပါတယ္။

စီးပြားေရးေဒါက္တိုင္ ပ်က္စီးၿပဳိကြဲေရး

ႏိုင္ငံေတာ္ အေရးေပၚအေျခအေနကို သက္တမ္း(၆)လ ထပ္တိုးၿပီး စီးပြားေရးတည္ၿငိမ္းေအာင္ လုပ္ရမယ္လို႔ လြန္ခဲ့တဲ့ ဇူလိုင္လ(၃၁)ရက္ေန႔က စစ္ေကာင္စီဥကၠဌ ေျပာတာဟာ စီးပြားေရးေဒါက္တိုင္ ယိမ္းယိုင္ေနတာကို ဝန္ခံတာျဖစ္တယ္လို႔ ပါေမာကၡ Dr. Zachary Abuza ဇာခါရီ အဘူဇာက ဆိုပါတယ္။ စက္တင္ဘာ(၂၇)ရက္ေန႔ထုတ္ Stimson Center စာတမ္းမွာ ဝါရွင္တန္အေျခစိုက္ အမ်ဳိးသား စစ္တကၠသိုလ္ပါေမာကၡက သုံးသပ္လုိက္တာ ျဖစ္ပါတယ္။ စစ္ေကာင္စီရဲ႕ စီးပြားေရးေဒါက္တိုင္ ယိုယြင္းပ်က္စီးေအာင္ တိုက္ခုိက္ရင္း ေႏြဦးေတာ္လွန္ေရး ရန္ပုံေငြ ရရွိေရးနဲ႔ အနာဂတ္ စီးပြားေရးအတြက္ လုပ္ေဆာင္မယ့္ကိစၥေတြကို တင္ျပထားပါတယ္။

စစ္ေျမျပင္မွာလည္း စစ္ေကာင္စီဟာ အၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရပါတယ္။ ၿမဳိ႕နယ္ (၃၃၀)ရွိတဲ့အနက္ (၇၁)ရာခိုင္ႏႈန္းမွာ ခုခံေရးစစ္ပြဲနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီမွာ စီးပြားေရးအင္အား၊ လက္နက္အင္အား၊ စက္မႈအင္အားနဲ႔ လူအင္အားေတြ ရွိေနေသးတာမို႔ အလွ်င္အျမန္ က်ဆုံးသြားလိမ့္မယ္လို႔ မေမွ်ာ္လင့္ႏိုင္ပါဘူး။ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္တခ်ဳိ႕ ယုံၾကည္မႈတည္ေဆာက္ဖို႔ ခက္ခဲေနတုန္းမွာ စစ္ဆင္ေရးေၾကာင့္ ႏွစ္ဖက္စလုံး ျပဳန္းတီးလာရင္ NUG ရဲ႕ ဘ႑ာေရး အရင္းအျမစ္လည္း လုံးပါး ပါးႏိုင္တယ္လို႔ စစ္ေကာင္စီက ေမွ်ာ္မွန္းေနပုံရပါတယ္။

ဒီလုိအေျခအေနမွာ အႀကံအဖန္ ေရြးေကာက္ပဲြ လုပ္ႏိုင္ရင္ စစ္ေကာင္စီကို အသိအမွတ္ျပဳရမယ့္ အေျခအေနမ်ဳိး ေရာက္လာႏိုင္တယ္လို႔လည္း ေမွ်ာ္လင့္ပုံရပါတယ္။ တိုင္းျပည္စီးပြားေရး (၁၈)ရာခိုင္ႏႈန္း မႏွစ္က က်ဳံ႕ဝင္သြားတယ္ဆိုေပမယ့္ ဓါတ္ေငြ႔ကေန ေဒၚလာသန္း(၈၀၀)ဝင္တယ္လို႔ စစ္ေကာင္စီက ဆိုပါတယ္။ ဒါေပမဲ့ စစ္စားရိတ္ ႀကီးမားလာတဲ့အတြက္ စစ္ေကာင္စီရဲ႕ ေဒၚလာလက္က်န္ လုံးပါးပါးေနပါတယ္။ ဒိလိုအေျခအေနမွာ ေနာက္တက္လာတဲ့ ဗိုလ္ခ်ဳပ္လူတန္းစားဟာ သူတို႔ရထားတဲ့ ဓနဥစၥာကို စကၤာပူတင္ မကေတာ့ပဲ ဒူဘိုင္းနဲ႔ British Virgin Islands အထိ ပို႔ထားၾကတယ္လို႔ ဆိုပါတယ္။ ယိမ္းယိုင္လာတဲ့ စစ္ေကာင္စီ စီးပြားေရးေဒါက္တိုင္ ၿပဳိကြဲေအာင္ NUG အစုိးရ လုပ္ႏိုင္တယ္လို႔ ဆုိပါတယ္။ ရန္ပုံေငြ ရွာတဲ့ေနရာမွာ တီထြင္ႀကံဆမႈနဲ႔ နည္းပညာပုိင္းကို NUG က သုံးပါတယ္။ Czech ခ်က္ႏိုင္ငံထုတ္ ေငြတိုက္စာခ်ဳပ္၊ Crypto bonds ေဒၚလာသန္း(၄၀) ရန္ပုံေငြ ရွာတာမ်ဳိးကို ေထာက္ျပထားပါတယ္။

အြန္လိုင္းထီ၊ ျပည္တြင္းျပည္ပ အလႉေငြ၊ ေျမကြက္ ေလလံတင္ ေရာင္းခ်မႈ စတာေတြဟာ တရားဝင္ ရန္ပုံေငြရွာတဲ့ နည္းလမ္းေတြျဖစ္ပါတယ္။ ဒါေပမဲ့ အေမရိကန္မွာ ထိန္းသိမ္းထားတဲ့ ေဒၚလာ သန္း(၁၁၀၀)ကို အသုံးျပဳႏိုင္ေအာင္ ႀကဳိးပမ္းေနရဆဲ ျဖစ္ပါတယ္။ စစ္တပ္ပိုင္ ကုမၸဏီေတြနဲ႔ သူတို႔ကုန္ပစၥည္းေတြကို သပိတ္ေမွာက္ရုံနဲ႔ မလုံေလာက္ပါဘူး။ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္မလာေအာင္ လုပ္ဖို႔လည္း လိုအပ္ပါတယ္တဲ့။ အခြန္မေဆာင္တာနဲ႔ မီတာခ မေပးတာေတြဟာလည္း စစ္ေကာင္စီကို ဝင္ေငြေလ်ာ့နည္းေစပါတယ္။ စစ္ကုိင္းမွာဆုိရင္ NUG လက္ေအာက္ခံ မဟုတ္တဲ့ ေဒသခံ PDF က ေၾကးနီတင္ ကားေတြကို တိုက္ခိုက္တာမ်ဳိး လုပ္လာပါတယ္။ စစ္ေကာင္စီရဲ႕ စီးပြားေရးေဒါက္တိုင္ဟာ ပစ္မွတ္ ျဖစ္လာပါတယ္။

စစ္ေကာင္စီဘက္ကလည္း NUG ကို ေထာက္ပံ့တယ္လို႔ ယူဆတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြကို ျပန္လည္ တိုက္ခိုက္ေလ့ရွိပါတယ္။ စစ္ေကာင္စီရဲ႕ ဘ႑ာေရးေဒါက္တိုင္ကို တိုက္ခိုက္ဖို႔ လိုအပ္ေနေသးတာကိုလည္း ပါေမာကၡ "အဘူဇာ"က ေထာက္ျပထားပါတယ္။ ျမဝတီနဲ႔ အင္းဝဘဏ္ (၂)ခုကိုသာ အေရးယူႏိုင္တယ္လို႔ ဆိုပါတယ္။ ႏိုင္ငံပိုင္ဘဏ္၊ စစ္တပ္ပိုင္ဘဏ္၊ ခရိုနီဘဏ္နဲ႔ တသီးပုဂၢလဘဏ္ေတြ ရွိတာမို႔ ဒဏ္ခတ္အေရးယူရင္ အမ်ားျပည္သူကိုပါ ထိခိုက္မွာ စုိးရိမ္ေနၾကပါတယ္။ ကေမၻာဇဘဏ္၊ ဦးေတဇရဲ႕ AGD အာရွစိမ္းလန္းမႈဖြ႔ံၿဖဳိးေရးဘဏ္၊ ဦးေအာင္ေသာင္း မိသားစုပုိင္ UAB ယူႏိုက္တက္အမရာဘဏ္ ၊ GTB ကမၻာ့ရတနာဘဏ္၊ CB ဘဏ္နဲ႔ ေနျပည္ေတာ္စည္ပင္ဘဏ္ေတြကို အေရးယူလို႔ ျပည္သူဒုကၡ ပိုမလာဘူးဆိုတာ အေနာက္တိုင္း ဒီမိုကေရစီအစိုးရေတြကို NUG က ရွင္းလင္းတင္ျပရမယ္လို႔ ဆိုပါတယ္။

ထိုင္းနဲ႔ တရုတ္ကို တင္ပို႔ေနတဲ့ ေရနံဓါတ္ေငြ႔ပိုက္လိုင္းကိုလည္း ဒဏ္ခတ္အေရးယူဖို႔ လိုပါတယ္တဲ့။ PDF အေနနဲ႔ 'ကပစ' ကာကြယ္ေရးပစၥည္းစက္ရုံ အားလုံးကို မဖ်က္ဆီးေသးေပမယ့္ ေထာက္ပို႔လမ္းေၾကာင္းကို တိုက္ခိုက္တာဟာ စစ္ေကာင္စီကို ဘ႑ာေငြ ဆုံးရႈံးေစပါတယ္။ ခ႐ိုနီေဟာင္းေတြ အဖမ္းခံေနရတာကိုၾကည့္ရင္ စစ္တပ္ေၾကာင့္ ခ်မ္းသာလာသူေတြရဲ႕ ေရွ႕ေရး မေရမရာ ျဖစ္လာတာ ထင္ရွားပါတယ္။ NUG ဟာ စစ္ပြဲကို အျပတ္အသတ္ႏိုင္ဖို႔ မလြယ္တာေၾကာင့္ စစ္ေကာင္စီရဲ႕ စီးပြားေရးေဒါက္တိုင္ေတြ ပ်က္စီးၿပဳိကဲြ ေရးကိုသာ ဦးစားေပး အေကာင္အထည္ေဖၚ ရလိမ့္မယ္လို႔ ဆိုပါတယ္။

စစ္ေကာင္စီဟာ ေရွ႕ႏွစ္မွာ အႀကံအဖန္ ေရြးေကာက္ပဲြက်င္းပၿပီး ႏိုင္ငံျခားက အသိအမွတ္ျပဳလာေအာင္ ႀကဳိးပမ္းပါလိမ့္မယ္။ ဒီအေတာအတြင္း NUG အစိုးရမွာ အင္အားအရင္းအျမစ္ေတြ ကုန္ခမ္းလာၿပီး ၊ တိုင္းရင္းသား လက္နက္ကုိင္ေတြနဲ႔ အေစးမကပ္ ျဖစ္လာလိမ့္မယ္လို႔ စစ္ေကာင္စီက ေမွ်ာ္လင့္ေနပုံရပါတယ္။ စစ္အင္အား အရင္ဆုံး ကုန္ခမ္းတဲ့ဖက္က ရည္မွန္းသလိုျဖစ္ဖို႔ ခက္တယ္ဆိုတဲ့ ဆိုရိုးစကားရွိတာေၾကာင့္ NUG အစိုးရဟာ စစ္ေကာင္စီရဲ႕ စီးပြားေရးအေျခခံအရင္းျမစ္ကို ဦးစားေပး တုိက္ဖ်က္ရလိမ့္မယ္လို႔ ဝါရွင္တန္ အမ်ဳိးသားစစ္တကၠသိုလ္ ပါေမာကၡ Dr. Zachary Abuza ဇာခါရီ အဘူဇာက သုံးသပ္ထားပါတယ္။

=== UNICODE ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်ကောင်စီရဲ့ စီးပွားရေးဒေါက်တိုင်တွေ ပျက်စီးပြိုကွဲသွားအောင် စစ်ဆင်တာဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရအတွက် အကောင်းဆုံး သေနင်္ဂဗျူဟာဖြစ်ကြောင်း အမေရိကန်ပါမောက္ခ အဘူဇာ သုံးသပ်ထားတာကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။

စီးပွားရေးဒေါက်တိုင် ပျက်စီးပြိုကွဲရေး

နိုင်ငံတော် အရေးပေါ်အခြေအနေကို သက်တမ်း(၆)လ ထပ်တိုးပြီး စီးပွားရေးတည်ငြိမ်းအောင် လုပ်ရမယ်လို့ လွန်ခဲ့တဲ့ ဇူလိုင်လ(၃၁)ရက်နေ့က စစ်ကောင်စီဥက္ကဌ ပြောတာဟာ စီးပွားရေးဒေါက်တိုင် ယိမ်းယိုင်နေတာကို ဝန်ခံတာဖြစ်တယ်လို့ ပါမောက္ခ Dr. Zachary Abuza ဇာခါရီ အဘူဇာက ဆိုပါတယ်။ စက်တင်ဘာ(၂၇)ရက်နေ့ထုတ် Stimson Center စာတမ်းမှာ ဝါရှင်တန်အခြေစိုက် အမျိုးသား စစ်တက္ကသိုလ်ပါမောက္ခက သုံးသပ်လိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စီးပွားရေးဒေါက်တိုင် ယိုယွင်းပျက်စီးအောင် တိုက်ခိုက်ရင်း နွေဦးတော်လှန်ရေး ရန်ပုံငွေ ရရှိရေးနဲ့ အနာဂတ် စီးပွားရေးအတွက် လုပ်ဆောင်မယ့်ကိစ္စတွေကို တင်ပြထားပါတယ်။

စစ်မြေပြင်မှာလည်း စစ်ကောင်စီဟာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ မြို့နယ် (၃၃၀)ရှိတဲ့အနက် (၇၁)ရာခိုင်နှုန်းမှာ ခုခံရေးစစ်ပွဲနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီမှာ စီးပွားရေးအင်အား၊ လက်နက်အင်အား၊ စက်မှုအင်အားနဲ့ လူအင်အားတွေ ရှိနေသေးတာမို့ အလျှင်အမြန် ကျဆုံးသွားလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့ ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲနေတုန်းမှာ စစ်ဆင်ရေးကြောင့် နှစ်ဖက်စလုံး ပြုန်းတီးလာရင် NUG ရဲ့ ဘဏ္ဍာရေး အရင်းအမြစ်လည်း လုံးပါး ပါးနိုင်တယ်လို့ စစ်ကောင်စီက မျှော်မှန်းနေပုံရပါတယ်။

ဒီလိုအခြေအနေမှာ အကြံအဖန် ရွေးကောက်ပွဲ လုပ်နိုင်ရင် စစ်ကောင်စီကို အသိအမှတ်ပြုရမယ့် အခြေအနေမျိုး ရောက်လာနိုင်တယ်လို့လည်း မျှော်လင့်ပုံရပါတယ်။ တိုင်းပြည်စီးပွားရေး (၁၈)ရာခိုင်နှုန်း မနှစ်က ကျုံ့ဝင်သွားတယ်ဆိုပေမယ့် ဓါတ်ငွေ့ကနေ ဒေါ်လာသန်း(၈၀၀)ဝင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ ဒါပေမဲ့ စစ်စားရိတ် ကြီးမားလာတဲ့အတွက် စစ်ကောင်စီရဲ့ ဒေါ်လာလက်ကျန် လုံးပါးပါးနေပါတယ်။ ဒိလိုအခြေအနေမှာ နောက်တက်လာတဲ့ ဗိုလ်ချုပ်လူတန်းစားဟာ သူတို့ရထားတဲ့ ဓနဥစ္စာကို စင်္ကာပူတင် မကတော့ပဲ ဒူဘိုင်းနဲ့ British Virgin Islands အထိ ပို့ထားကြတယ်လို့ ဆိုပါတယ်။ ယိမ်းယိုင်လာတဲ့ စစ်ကောင်စီ စီးပွားရေးဒေါက်တိုင် ပြိုကွဲအောင် NUG အစိုးရ လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ရန်ပုံငွေ ရှာတဲ့နေရာမှာ တီထွင်ကြံဆမှုနဲ့ နည်းပညာပိုင်းကို NUG က သုံးပါတယ်။ Czech ချက်နိုင်ငံထုတ် ငွေတိုက်စာချုပ်၊ Crypto bonds ဒေါ်လာသန်း(၄၀) ရန်ပုံငွေ ရှာတာမျိုးကို ထောက်ပြထားပါတယ်။

အွန်လိုင်းထီ၊ ပြည်တွင်းပြည်ပ အလှူငွေ၊ မြေကွက် လေလံတင် ရောင်းချမှု စတာတွေဟာ တရားဝင် ရန်ပုံငွေရှာတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ထိန်းသိမ်းထားတဲ့ ဒေါ်လာ သန်း(၁၁၀၀)ကို အသုံးပြုနိုင်အောင် ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ သူတို့ကုန်ပစ္စည်းတွေကို သပိတ်မှောက်ရုံနဲ့ မလုံလောက်ပါဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာအောင် လုပ်ဖို့လည်း လိုအပ်ပါတယ်တဲ့။ အခွန်မဆောင်တာနဲ့ မီတာခ မပေးတာတွေဟာလည်း စစ်ကောင်စီကို ဝင်ငွေလျော့နည်းစေပါတယ်။ စစ်ကိုင်းမှာဆိုရင် NUG လက်အောက်ခံ မဟုတ်တဲ့ ဒေသခံ PDF က ကြေးနီတင် ကားတွေကို တိုက်ခိုက်တာမျိုး လုပ်လာပါတယ်။ စစ်ကောင်စီရဲ့ စီးပွားရေးဒေါက်တိုင်ဟာ ပစ်မှတ် ဖြစ်လာပါတယ်။

စစ်ကောင်စီဘက်ကလည်း NUG ကို ထောက်ပံ့တယ်လို့ ယူဆတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်လည် တိုက်ခိုက်လေ့ရှိပါတယ်။ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးဒေါက်တိုင်ကို တိုက်ခိုက်ဖို့ လိုအပ်နေသေးတာကိုလည်း ပါမောက္ခ "အဘူဇာ"က ထောက်ပြထားပါတယ်။ မြဝတီနဲ့ အင်းဝဘဏ် (၂)ခုကိုသာ အရေးယူနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံပိုင်ဘဏ်၊ စစ်တပ်ပိုင်ဘဏ်၊ ခရိုနီဘဏ်နဲ့ တသီးပုဂ္ဂလဘဏ်တွေ ရှိတာမို့ ဒဏ်ခတ်အရေးယူရင် အများပြည်သူကိုပါ ထိခိုက်မှာ စိုးရိမ်နေကြပါတယ်။ ကမ္ဘောဇဘဏ်၊ ဦးတေဇရဲ့ AGD အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ဦးအောင်သောင်း မိသားစုပိုင် UAB ယူနိုက်တက်အမရာဘဏ် ၊ GTB ကမ္ဘာ့ရတနာဘဏ်၊ CB ဘဏ်နဲ့ နေပြည်တော်စည်ပင်ဘဏ်တွေကို အရေးယူလို့ ပြည်သူဒုက္ခ ပိုမလာဘူးဆိုတာ အနောက်တိုင်း ဒီမိုကရေစီအစိုးရတွေကို NUG က ရှင်းလင်းတင်ပြရမယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့ တရုတ်ကို တင်ပို့နေတဲ့ ရေနံဓါတ်ငွေ့ပိုက်လိုင်းကိုလည်း ဒဏ်ခတ်အရေးယူဖို့ လိုပါတယ်တဲ့။ PDF အနေနဲ့ 'ကပစ' ကာကွယ်ရေးပစ္စည်းစက်ရုံ အားလုံးကို မဖျက်ဆီးသေးပေမယ့် ထောက်ပို့လမ်းကြောင်းကို တိုက်ခိုက်တာဟာ စစ်ကောင်စီကို ဘဏ္ဍာငွေ ဆုံးရှုံးစေပါတယ်။ ခရိုနီဟောင်းတွေ အဖမ်းခံနေရတာကိုကြည့်ရင် စစ်တပ်ကြောင့် ချမ်းသာလာသူတွေရဲ့ ရှေ့ရေး မရေမရာ ဖြစ်လာတာ ထင်ရှားပါတယ်။ NUG ဟာ စစ်ပွဲကို အပြတ်အသတ်နိုင်ဖို့ မလွယ်တာကြောင့် စစ်ကောင်စီရဲ့ စီးပွားရေးဒေါက်တိုင်တွေ ပျက်စီးပြိုကွဲ ရေးကိုသာ ဦးစားပေး အကောင်အထည်ဖေါ် ရလိမ့်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရှေ့နှစ်မှာ အကြံအဖန် ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံခြားက အသိအမှတ်ပြုလာအောင် ကြိုးပမ်းပါလိမ့်မယ်။ ဒီအတောအတွင်း NUG အစိုးရမှာ အင်အားအရင်းအမြစ်တွေ ကုန်ခမ်းလာပြီး ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစေးမကပ် ဖြစ်လာလိမ့်မယ်လို့ စစ်ကောင်စီက မျှော်လင့်နေပုံရပါတယ်။ စစ်အင်အား အရင်ဆုံး ကုန်ခမ်းတဲ့ဖက်က ရည်မှန်းသလိုဖြစ်ဖို့ ခက်တယ်ဆိုတဲ့ ဆိုရိုးစကားရှိတာကြောင့် NUG အစိုးရဟာ စစ်ကောင်စီရဲ့ စီးပွားရေးအခြေခံအရင်းမြစ်ကို ဦးစားပေး တိုက်ဖျက်ရလိမ့်မယ်လို့ ဝါရှင်တန် အမျိုးသားစစ်တက္ကသိုလ် ပါမောက္ခ Dr. Zachary Abuza ဇာခါရီ အဘူဇာက သုံးသပ်ထားပါတယ်။

XS
SM
MD
LG