သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာတာ ကမာၻ႔ဖလားပြဲ အရက္ေရာင္းခြင့္ ပိတ္ပင္


FIFA World Cup Qatar 2022

[[ ZAWGYI ]]

ကာတာ ကမာၻ႔ဖလားပြဲ အရက္ေရာင္းခြင့္ ပိတ္ပင္

ကမာၻ႔ဖလား ေဘာလုံးပြဲ က်င္းပမယ့္ ကာတာႏိုင္ငံက အားကစား႐ုံႀကီး(၈)ခု စလုံးမွာ အရက္ေသစာ ေရာင္းခ်ခြင့္ ပိတ္ပင္လိုက္ၿပီလို႔ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ FIFA က ေသာၾကာေန႔မွာ အတည္ျပဳ ေျပာဆိုပါတယ္။ ကမာၻ႔ဖလားပြဲ စတင္က်င္းပဖို႔ ရက္ပိုင္းအလိုမွာပဲ ခုလို ေၾကညာလိုက္တာပါ။

FIFA အဖြဲ႕ခ်ဳပ္နဲ႔ ကာတာႏိုင္ငံ တာဝန္ရွိသူေတြၾကား ေဆြးေႏြးမႈ လုပ္ခဲ့ၾကၿပီးေနာက္ ေဘာလုံးပြဲ အားကစား႐ုံဝင္းထဲ ဘီယာအရက္ ေရာင္းခ်ဖို႔ နဂို ျပင္ဆင္ထားတဲ့ ေနရာေတြကို ဖယ္ရွားဖို႔ ဆုံးျဖတ္ခဲ့တာလို႔ ဆိုပါတယ္။

အားကစား႐ုံဝင္းထဲ ဘီယာေရာင္းခ်ခြင့္ ရွိတယ္ဆိုတဲ့ FIFA အဖြဲ႕ခ်ဳပ္နဲ႔ AB Inbev အေဖ်ာ္ယမကာ ကုမၸဏီၾကား နဂို သေဘာတူထားခ်က္ဟာလည္း ပ်က္ျပယ္သြားခဲ့ပါတယ္။ ေဘာလုံးပြဲေတြမွာ ဘီယာေရာင္းခ်ခြင့္ရဖို႔ အေမရိကန္ Budweiser ကုမၸဏီက ေဒၚလာ(၇၅)သန္း ရင္းႏွီးထားရတယ္လို႔ ဆိုပါတယ္။ Budweiser ကုမၸဏီဟာ ဘယ္လ္ဂ်ီယံ အေျခစိုက္ AB Inbev ကုမၸဏီရဲ႕ စီးပြားဖက္ ျဖစ္ပါတယ္။ ကမာၻ႔ဖလားပြဲေတြမွာ ၁၉၈၆ ခုႏွစ္ကတည္းက အဓိက စပြန္ဆာျဖစ္လာခဲ့တဲ့ Budweiser ကုမၸဏီ ကေတာ့ FIFA ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ စိတ္ကသိကေအာင့္ျဖစ္ရတယ္လို႔ ေျပာပါတယ္။

အခုဆိုရင္ ေဘာလုံး အားကစား႐ုံဝင္းထဲမွာ အရက္မပါတဲ့ အျခား အခ်ဳိေဖ်ာ္ရည္ေတြေလာက္သာ ေရာင္းခ်ခြင့္ ရွိၿပီး ၊ အျခား အျပင္ဖက္ သီးသန္႔ဆိုင္ေတြမွာေတာ့ အရက္ေသာက္သုံးခြင့္ ရွိမွာ ျဖစ္ပါတယ္။

ကာတာ ကမာၻ႔ဖလားပြဲ အရက္ေရာင္းခြင့္ ပိတ္ပင္
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

=============

{{ UNICODE }}

ကာတာ ကမ္ဘာ့ဖလားပွဲ အရက်ရောင်းခွင့် ပိတ်ပင်

ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမယ့် ကာတာနိုင်ငံက အားကစားရုံကြီး(၈)ခု စလုံးမှာ အရက်သေစာ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က သောကြာနေ့မှာ အတည်ပြု ပြောဆိုပါတယ်။ ကမ္ဘာ့ဖလားပွဲ စတင်ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ ခုလို ကြေညာလိုက်တာပါ။

FIFA အဖွဲ့ချုပ်နဲ့ ကာတာနိုင်ငံ တာဝန်ရှိသူတွေကြား ဆွေးနွေးမှု လုပ်ခဲ့ကြပြီးနောက် ဘောလုံးပွဲ အားကစားရုံဝင်းထဲ ဘီယာအရက် ရောင်းချဖို့ နဂို ပြင်ဆင်ထားတဲ့ နေရာတွေကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အားကစားရုံဝင်းထဲ ဘီယာရောင်းချခွင့် ရှိတယ်ဆိုတဲ့ FIFA အဖွဲ့ချုပ်နဲ့ AB Inbev အဖျော်ယမကာ ကုမ္ပဏီကြား နဂို သဘောတူထားချက်ဟာလည်း ပျက်ပြယ်သွားခဲ့ပါတယ်။ ဘောလုံးပွဲတွေမှာ ဘီယာရောင်းချခွင့်ရဖို့ အမေရိကန် Budweiser ကုမ္ပဏီက ဒေါ်လာ(၇၅)သန်း ရင်းနှီးထားရတယ်လို့ ဆိုပါတယ်။ Budweiser ကုမ္ပဏီဟာ ဘယ်လ်ဂျီယံ အခြေစိုက် AB Inbev ကုမ္ပဏီရဲ့ စီးပွားဖက် ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲတွေမှာ ၁၉၈၆ ခုနှစ်ကတည်းက အဓိက စပွန်ဆာဖြစ်လာခဲ့တဲ့ Budweiser ကုမ္ပဏီ ကတော့ FIFA ရဲ့ဆုံးဖြတ်ချက်ကြောင့် စိတ်ကသိကအောင့်ဖြစ်ရတယ်လို့ ပြောပါတယ်။

အခုဆိုရင် ဘောလုံး အားကစားရုံဝင်းထဲမှာ အရက်မပါတဲ့ အခြား အချိုဖျော်ရည်တွေလောက်သာ ရောင်းချခွင့် ရှိပြီး ၊ အခြား အပြင်ဖက် သီးသန့်ဆိုင်တွေမှာတော့ အရက်သောက်သုံးခွင့် ရှိမှာ ဖြစ်ပါတယ်။

XS
SM
MD
LG