သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တွေ ကျေးဇူးတော်နေ့ဆင်နွဲ 


Biden White House Holidays
Biden White House Holidays

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ဟာ Thanksgiving ကျေးဇူးတော်နေ့ဖြစ်ပါတယ်။ အလုပ်ပိတ်ရက်ဖြစ်တဲ့ ဒီနေ့မှာ ကွဲကွာနေကြတဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ ပြန်လည်ဆုံစည်းကြ၊ စားကြသောက်ကြလေ့ရှိပါတယ်။

Thanksgiving အားလပ်ရက် နိုင်ငံတွင်း ခရီးသွားလာသူတွေ ဒီနှစ် သန်း ၅၀ ကျော်မယ်လို့ AAA ခရီးသွားလာရေးလုပ်ငန်းစုအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။ အမေရိကန်ပြည်ထောင်စုတဝန်း ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လူမှုအသိုင်းအဝန်းတွေကောင်းကျိုးဆောင်ရွက်နေကြသူအားလုံးကို သူရော သမ္မတကတော် Jill Biden ရောက ကျေးဇူးတင်တယ်လို့ သမ္မတ Biden က ကျေးဇူးတော်နေ့ အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျေးဇူးတော်နေ့မှာ ကြက်ဆင်သား၊ အာလူးနဲ့ ရွှေဖရုံသီးမုန့်တို့ကို အဓိကစားကြလေ့ရှိတာမို့ သမ္မတတွေရဲ့အစဉ်အလာအတိုင်း ကြက်ဆင် ၂ ကောင်ကိုလည်း သမ္မတ Biden ဘေးမဲ့ပေးခဲ့ပါတယ်။ သမ္မတနဲ့သမ္မတကတော်တို့ကတော့ ကျေးဇူးတော်နေ့ကို Massachusetts ပြည်နယ်က Nantucket ကျွန်းလေးမှာ သွားရောက်ဆင်နွဲနေကြပါတယ်။

New York မြို့မှာ လုပ်လေ့ရှိတဲ့ ဧရာမ လေထိုးရုပ်ကြီးတွေ စီတန်းလှည့်လည်ပွဲကိုလည်း ဒီနှစ်အကြီးအကျယ် ပြန်လုပ်နေပါတယ်။ Macy's ကုန်တိုက်ကြီးက စီစဉ် ကျင်းပတဲ့ ၉၆ ကြိမ်မြောက် အလှပြ လှည့်လည်ပွဲအတွက် ရဲတပ်ဖွဲ့ဝင်တွေကို တိုးချထားပေမဲ့ စိုးရိမ်ရလောက်တဲ့ အန္တရာယ်တစုံတရာမရှိဘူးလို့ N. Y မြို့တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်တွေ ကျေးဇူးတော်နေ့ဆင်နွဲ.mp3
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

=======================

[[Unicode]]






XS
SM
MD
LG