သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းစည်းပုဝါ မခြုံမနေရ ဥပဒေ အီရန်ပြန်လည် သုံးသပ်ပြီ


[[ ZAWGYI ]]

ခေါင်းစည်းပုဝါ မခြုံမနေရ ဥပဒေ အီရန်ပြန်လည် သုံးသပ်ပြီ

အီရန်နိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး ပြဌာန်းထားတဲ့ အမျိုးသမီးတွေ အစ္စလမ်းမစ် ခေါင်းစည်းပဝါ မခြုံမနေရဥပဒေကို ပြန်လည်သုံးသပ်နေတယ်လို့ တာဝန်ရှိသူတွေက စနေနေ့မှာ ထုတ်ဖေါ်ပြောဆိုပါတယ်။

လွှတ်တော်နှစ်ရပ်စလုံးနဲ့ တရားရေးဌာနတို့ ဒီကိစ္စပေါ်မှာ ဆောင်ရွက်နေပြီး၊ ခေါင်းစည်းပုဝါ မခြုံမနေရဥပဒေကို ပြန်လည်ပြင်ဆင်ဖို့လိုမလို သုံးသပ်နေတယ်လို့ ရှေ့နေချုပ် Mohammad Jafar Montazeri က ပြောတာကို ISNA သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဥပဒေ ပြန်လည်သုံးသပ်ရေးအဖွဲ့နဲ့ လွှတ်တော်ယဉ်ကျေးမှု ကော်မတီတို့တွေ့ဆုံခဲ့ပါတယ်။ နောက်တပတ်၊ နှစ်ပတ်ကြာရင် ဘယ်လို လုပ်မယ်ဆိုတဲ့အဖြေ ထွက်ပေါ်လာမှာပါလို့လည်း ရှေ့နေချုပ်က ပြောဆိုခဲ့ပါတယ်။

ဒီခေါင်းစည်းပုဝါ မခြုံမနေရ ဥပဒေကို အစ္စလမ်းမစ်တော်လှန်ရေးအစိုးရ အာဏာရလာခဲ့ပြီးနောက် ၁၉၈၃ ခုနှစ် ဧပြီလမှာ စတင်ပြဌာန်းခဲ့တာပါ။ အစ္စလမ်မစ်ခေါင်းစည်းပုဝါကို ကောင်းမွန်စွာ ဝတ်ဆင်ထားခြင်း မရှိတဲ့အတွက်ဆိုကာ ဖမ်းဆီးခံခဲ့ရပြီး၊ ဘာသာရေးရဲ အချုပ်ခန်းအတွင်း အသက် ၂၂ နှစ်အရွယ် Mahsa Amani သေဆုံးခဲ့ရတဲ့အပေါ် မကြေနပ်တာကြောင့် လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး အီရန်နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် အီရန်တာဝန်ရှိသူတွေက ဒီဥပဒေအပေါ် ပြန်လည်သုံးသပ်မှု ထွက်ပေါ်လာတာပါ။

၂ လကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း အီရန်အစိုးရတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် ဆန္ဒပြသူ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{{ UNICODE }}







XS
SM
MD
LG