သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမူးသတ်ဖြတ်မှုဖြစ်ရပ် NUG စုံစမ်း အရေးယူမည်


မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တမူးမြို့ဖြစ်စဉ် ထုတ်ပြန်ကြေညာချက် (ဒီဇင်ဘာလ ၅၊ ၂၀၂၂)
မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တမူးမြို့ဖြစ်စဉ် ထုတ်ပြန်ကြေညာချက် (ဒီဇင်ဘာလ ၅၊ ၂၀၂၂)

စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း အမျိုးသမီးငယ်တဦးကို PDF ပြည်သူ့ကာကွယ်ရေးတပ်က သတ်ဖြတ်တယ်ဆိုတဲ့ ဗွီဒီယိုဖိုင် အွန်လိုင်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာတဲ့နောက်၊ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေပါမပါ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ ရက်စက်မှုတွေ အဆုံးသတ်စေဖို့ စစ်ရေနည်းလမ်းနဲ့ တော်လှန်နေရပေမယ့် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ကျူးလွန်သလို တရားလက်လွတ် ပြုကျင့်မှုတွေ မလုပ်ကြဖို့ကိုလည်း NUG ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

တမူးမြို့နယ်တွင်း PDF စခန်းတခုကို စစ်ကောင်စီက ဝင်စီးပြီးတဲ့နောက် အဲဒီမှာ ဒီဗွီဒီယိုကို သိမ်းဆည်းရမိတာလို့ သိရပါတယ်။ မြန်မာနိုင်ငံတွင်း စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် အကျဉ်းချခံရစဉ် သတ်ဖြတ်ခံရမှုတွေ၊ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေ၊ တန်ပြန်အကြမ်းဖက် သတ်ဖြတ်လုပ်ကြံမှုတွေ ဆက်တိုက်ဆိုသလို ရှိနေတာပါ။

စစ်ကောင်စီတပ်တွေက သတ်ဖြတ်တာတွေအပြင် စစ်ကောင်စီကို သတင်းပေးတယ်ဆိုတဲ့ စွဲချက်နဲ့ လုပ်ကြံသတ်ဖြတ်မှု တချို့လည်း ရှိခဲ့ပါတယ်။ အခု ဗီဒီယိုထဲမှာမြင်ရတဲ့ လုပ်ရပ်ဟာ NUG ကာကွယ်ရေးဌာနက ချမှတ်ထားတဲ့ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ဆန့်ကျင်သွေဖီ နေတယ်လို့လည်း NUG အစိုးရ ထုတ်ပြန်ချက်မှာ ရှုတ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

=========================================

[Unicode]






XS
SM
MD
LG