သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ့ ႐ိုဟင္ဂ်ာ ၄၈ ဦး ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရ


ထိုင္းရဲက ဖမ္းဆီးထားတဲ့ ႐ိုဟင္ဂ်ာေတြ ( Photo: Thai Police Dept )

[[ ZAWGYI ]]

အေထာက္အထားမဲ့ ႐ိုဟင္ဂ်ာ ၄၈ ဦး ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရ

ထိုင္းႏိုင္ငံ ရတ္ခ်္ဘူရီ ျပည္နယ္ အေဝးေျပးလမ္းမွာ ခရီးသည္တင္ကားတစင္းကို ရဲတပ္ဖြဲ႕က စစ္ေဆးရာက တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္လာတဲ့ ႐ိုဟင္ဂ်ာ ၄၈ ေယာက္ကို ဖမ္းဆီးမိခဲ့ပါတယ္။ ဗုဒၶဟူးေန႔က ဖမ္းဆီးခံရသူေတြဟာ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ကေန ထိုင္းႏိုင္ငံကိုျဖတ္ၿပီး မေလးရွားႏိုင္ငံကို သြားမယ့္သူေတြျဖစ္ေၾကာင္း စစ္ေဆးခ်က္အရ သိခဲ့ရတယ္လို႔လည္း အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ထိုင္းအေျခစိုက္ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ ထားပါတယ္။

ထိုင္းႏိုင္ငံ ရတ္ခ်္ဘူရီျပည္နယ္ အေဝးေျပးလမ္းမ ရဲတပ္ဖြဲ႕က ခရီးသည္တင္ ကားတစီးကို ဒီဇင္ဘာလ ၇ ရက္ေန႔မနက္ ၅ နာရီအခ်ိန္မွာ တားဆီးစစ္ေဆးရာမွာ ကားေပၚမွာ အေထာက္အထားမဲ့ ႐ိုဟင္ဂ်ာ ၄၈ ဦးကို ဖမ္းမိခဲ့တယ္လို႔ အလုပ္သမားေရးလႈပ္ရွားသူ ဦးမိုးေက်ာ္က အခုလိုေျပာျပပါတယ္။

" ဒီမနက္ ၅ နာရီအခ်ိန္ေလာက္မွာ ထိုင္းႏိုင္ငံ ရတ္ခ်္ဘူရီျပည္နယ္ထဲက အေဝးေျပးလမ္း ရဲတပ္ဖြဲ႕က အျဖဴေရာင္ ခရီးသည္တင္ကားကို ဖမ္းဆီးတဲ့အခါမွာ ၊ မသကၤာလို႔ဖမ္းတဲ့အခါမွာ က်ေနာ္တို႔ ျမန္မာႏိုင္ငံကလာတဲ့ ႐ိုဟင္ဂ်ာ ၄၈ ဦးကို ဖမ္းမိပါတယ္။ အဲဒီထဲမွာ အမ်ိဳးသား ၃၀ ၊ အမ်ိဳးသမီး ၁၈ ဦး အဲဒီလူေတြထဲမွာ ကေလးငယ္က ၅ ဦး ပါတယ္လို႔သိရပါတယ္။"

ဖမ္းမိတဲ့ ႐ိုဟင္ဂ်ာေတြဟာ ျမန္မာႏိုင္ငံ ရခိုင္ကေန လာၾကၿပီး လူကုန္ကူးသူေတြက သူတို႔ကိုေခၚလာရင္း ထိုင္းကိုျဖတ္ကာ မေလးရွားႏိုင္ငံကို သြားေရာက္ၾကမယ့္သူေတြ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

" ႐ိုဟင္ဂ်ာေတြဟာ ျမန္မာႏိုင္ငံကျဖစ္ၿပီး တာခ့္ျပည္နယ္ မဲေဆာက္ၿမိဳ႕ကေန ထိုင္းႏိုင္ငံကိုျဖတ္ၿပီးေတာ့ မေလးရွားႏိုင္ငံကို ဝင္ေရာက္ အလုပ္လုပ္ကိုင္ၾကမယ့္သူေတြ ျဖစ္တယ္လို႔သိရပါတယ္။"

ခရီသည္တင္ ကားႀကီးတစီးနဲ႔ လိုက္ပါလာၿပီး ကားသမားကို လုံၿခဳံေရးတပ္ဖြဲ႕ေတြ စစ္ေဆးေမးျမန္းတဲ့အခါ သူရဲ႕ ထြက္ဆိုခ်က္အရ အခုဖမ္းမိထားတဲ့ ႐ိုဟင္ဂ်ာေတြဟာ ဆူဖန္ဘူရီကေန တင္ေဆာင္လာတာျဖစ္ၿပီး ထိုင္းမေလးနယ္စပ္ကို ေမာင္းပို႔မွာျဖစ္တယ္လို႔ ဝန္ခံထြက္ဆိုခဲ့တယ္လို႔ ဆိုပါတယ္။

ဖမ္းမိတဲ့ ႐ိုဟင္ဂ်ာေတြကိုေတာ့ ထိုင္း လဝကဥပေဒအရ တရားမဝင္ ဝင္ေရာက္လာမႈနဲ႔ ဆက္လက္ တရားဆြဲဆိုသြားမွာ ျဖစ္တယ္လို႔ ရတ္ခ်္ဘူရီ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

======= {{ UNICODE }} =======

အထောက်အထားမဲ့ ရိုဟင်ဂျာ ၄၈ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီ ပြည်နယ် အဝေးပြေးလမ်းမှာ ခရီးသည်တင်ကားတစင်းကို ရဲတပ်ဖွဲ့က စစ်ဆေးရာက တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၄၈ ယောက်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားနိုင်ငံကို သွားမယ့်သူတွေဖြစ်ကြောင်း စစ်ဆေးချက်အရ သိခဲ့ရတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီပြည်နယ် အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့က ခရီးသည်တင် ကားတစီးကို ဒီဇင်ဘာလ ၇ ရက်နေ့မနက် ၅ နာရီအချိန်မှာ တားဆီးစစ်ဆေးရာမှာ ကားပေါ်မှာ အထောက်အထားမဲ့ ရိုဟင်ဂျာ ၄၈ ဦးကို ဖမ်းမိခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော်က အခုလိုပြောပြပါတယ်။

" ဒီမနက် ၅ နာရီအချိန်လောက်မှာ ထိုင်းနိုင်ငံ ရတ်ချ်ဘူရီပြည်နယ်ထဲက အဝေးပြေးလမ်း ရဲတပ်ဖွဲ့က အဖြူရောင် ခရီးသည်တင်ကားကို ဖမ်းဆီးတဲ့အခါမှာ ၊ မသင်္ကာလို့ဖမ်းတဲ့အခါမှာ ကျနော်တို့ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၄၈ ဦးကို ဖမ်းမိပါတယ်။ အဲဒီထဲမှာ အမျိုးသား ၃၀ ၊ အမျိုးသမီး ၁၈ ဦး အဲဒီလူတွေထဲမှာ ကလေးငယ်က ၅ ဦး ပါတယ်လို့သိရပါတယ်။"

ဖမ်းမိတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ ရခိုင်ကနေ လာကြပြီး လူကုန်ကူးသူတွေက သူတို့ကိုခေါ်လာရင်း ထိုင်းကိုဖြတ်ကာ မလေးရှားနိုင်ငံကို သွားရောက်ကြမယ့်သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

" ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကဖြစ်ပြီး တာခ့်ပြည်နယ် မဲဆောက်မြို့ကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီးတော့ မလေးရှားနိုင်ငံကို ဝင်ရောက် အလုပ်လုပ်ကိုင်ကြမယ့်သူတွေ ဖြစ်တယ်လို့သိရပါတယ်။"

ခရီသည်တင် ကားကြီးတစီးနဲ့ လိုက်ပါလာပြီး ကားသမားကို လုံခြုံရေးတပ်ဖွဲ့တွေ စစ်ဆေးမေးမြန်းတဲ့အခါ သူရဲ့ ထွက်ဆိုချက်အရ အခုဖမ်းမိထားတဲ့ ရိုဟင်ဂျာတွေဟာ ဆူဖန်ဘူရီကနေ တင်ဆောင်လာတာဖြစ်ပြီး ထိုင်းမလေးနယ်စပ်ကို မောင်းပို့မှာဖြစ်တယ်လို့ ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကိုတော့ ထိုင်း လဝကဥပဒေအရ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဆက်လက် တရားဆွဲဆိုသွားမှာ ဖြစ်တယ်လို့ ရတ်ချ်ဘူရီ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG