သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ စားနပ္ရိကၡာဖူလုံေရး WFP ကို EU ယူ႐ို ၆ သန္းခဲြေပး


WFP မွ ျမန္မာျပည္သူမ်ားအား စားနပ္ရိကၡာ ကူညီေပးေဝ။ ( photo courtesy : UN Myanmar Office )

===== [[ ZAWGYI ]] =====

ျမန္မာႏိုင္ငံ စားနပ္ရိကၡာဖူလုံေရး WFP ကို EU ယူ႐ို ၆ သန္းခဲြေပး

ဥေရာပသမဂၢ EU က လူသားခ်င္းစာနာမႈ အကူအညီအျဖစ္ ျမန္မာႏိုင္ငံကို ယူ႐ိုေငြ(၆သန္းခြဲ) ေပးအပ္လိုက္ပါတယ္။ ျမန္မာႏိုင္ငံတြင္း လူ(၁၅)သန္းေလာက္ဟာ စားနပ္ရိကၡာ ျပတ္လပ္ေနတာ ဒါမွမဟုတ္ အသင့္အတင့္ မလုံမေလာက္ ျဖစ္ေနတာေၾကာင့္ ကုလသမဂၢ ကမၻာ့စားနပ္ရိကၡာအဖြဲ႔ WFP ကတဆင့္ ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

ေလာင္စာဆီေစ်းနဲ႔ စားေသာက္ကုန္ေစ်းႏႈန္း ႀကီးျမင့္လာတာေၾကာင့္ ျမန္မာျပည္သူတခ်ဳိ႕ ဆန္နဲ႔ဟင္းခ်က္ဆီကိုေတာင္ ဝယ္မစားႏိုင္ပဲ ျဖစ္ေနရခ်ိန္မွာ အခုလို EU က ကူညီတာျဖစ္ေၾကာင္းလည္း WFP ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ စစ္ေရးပဋိပကၡ ၾကဳံေနရတဲ့ ျမန္မာႏိုင္ငံမွာ ကုန္စည္ စီးဆင္းမႈ အခက္ခဲၾကဳံေနရသလို၊ အိုးအိမ္စြန္႔ခြာတဲ့ လူဦးေရ တိုးပြားလာတာေၾကာင့္ သန္းနဲ႔ခ်ီတဲ့ျပည္သူေတြ ေန႔စဥ္နဲ႔အမွ် စားနပ္ရိကၡာ မလုံေလာက္မႈနဲ႔ ၾကဳံလာရတာျဖစ္ပါတယ္။ လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ စားနပ္ရိကၡာမလုံေလာက္မႈေတြ ၾကံဳေနရခ်ိန္မွာ EU က အခ်ိန္မီ အကူအညီရခဲ့တာလို႔လည္း WFP ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္ Stephen Anderson ကေျပာပါတယ္။

WFP အဖြဲ႔ကေတာ့ အစိုးရမဟုတ္တဲ့ NGO အဖြဲ႔ေတြနဲ႔ေရာ ရပ္ရြာကူညီေထာက္ပံ့ေရး အဖြဲ႔ေတြနဲ႔ပါ ပူးေပါင္းၿပီး လူထုၾကား စားနပ္ရိကၡာ၊ ေငြသားနဲ႔ အဟာရပစၥည္းေတြကို လိုအပ္သူေတြလက္ထဲ ေရာက္ေအာင္ ျဖန္႔ေဝေပးေနတယ္လို႔ ဆိုပါတယ္။ ရန္ကုန္ျမဳိ႕ ဆင္ေျခဖုံး ဆင္းရဲသားရပ္ကြက္ေတြ အပါအဝင္၊ ႏိုင္ငံရဲ႕ အေရွ႕ေတာင္ပိုင္း၊ အေနာက္ေျမာက္နဲ႔ နယ္စပ္ေဒသ ေတြက ျပည္သူ(၈)သိန္းေက်ာ္အတြက္ EU ရဲ႕ စာနာမႈအကူအညီေတြ ျဖန္႔ေဝေပးသြားမွာ ျဖစ္ပါတယ္။ ဒီအကူအညီကို အရပ္သားမ်ားကာကြယ္ေစာင့္ေရွာက္ေရး ဥေရာပႏိုင္ငံသားမ်ားအဖြဲ႔နဲ႔ စာနာမႈအကူအညီေပးေရးစီမံကိန္းအဖြဲ႔တို႔က ေငြေၾကးေထာက္ပံ့ ေပးခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္ ဝင္လာကတည္းက ျမန္မာႏိုင္ငံတလႊားက ျပည္သူ(၃)သန္းအတြက္ အစားအစာ၊ အဟာရနဲ႔ သက္ေမြးေၾကာင္း လုပ္ငန္းေတြအတြက္ WFP ကေထာက္ပံ့ေပးခဲ့ၿပီး အမ်ားစုဟာ ပဋိပကၡေတြၾကဳံေနရတဲ့ ခ်င္း၊ ကယားျပည္နယ္နဲ႔ စစ္ကိုင္း မေကြးတိုင္းေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===== {{ UNICODE }} =====

မြန်မာနိုင်ငံ စားနပ်ရိက္ခာဖူလုံရေး WFP ကို EU ယူရို ၆ သန်းခွဲပေး

ဥရောပသမဂ္ဂ EU က လူသားချင်းစာနာမှု အကူအညီအဖြစ် မြန်မာနိုင်ငံကို ယူရိုငွေ(၆သန်းခွဲ) ပေးအပ်လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း လူ(၁၅)သန်းလောက်ဟာ စားနပ်ရိက္ခာ ပြတ်လပ်နေတာ ဒါမှမဟုတ် အသင့်အတင့် မလုံမလောက် ဖြစ်နေတာကြောင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတဆင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

လောင်စာဆီဈေးနဲ့ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်လာတာကြောင့် မြန်မာပြည်သူတချို့ ဆန်နဲ့ဟင်းချက်ဆီကိုတောင် ဝယ်မစားနိုင်ပဲ ဖြစ်နေရချိန်မှာ အခုလို EU က ကူညီတာဖြစ်ကြောင်းလည်း WFP ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ စစ်ရေးပဋိပက္ခ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ကုန်စည် စီးဆင်းမှု အခက်ခဲကြုံနေရသလို၊ အိုးအိမ်စွန့်ခွာတဲ့ လူဦးရေ တိုးပွားလာတာကြောင့် သန်းနဲ့ချီတဲ့ပြည်သူတွေ နေ့စဉ်နဲ့အမျှ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံလာရတာဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေ ကြုံနေရချိန်မှာ EU က အချိန်မီ အကူအညီရခဲ့တာလို့လည်း WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Stephen Anderson ကပြောပါတယ်။

WFP အဖွဲ့ကတော့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ရော ရပ်ရွာကူညီထောက်ပံ့ရေး အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီး လူထုကြား စားနပ်ရိက္ခာ၊ ငွေသားနဲ့ အဟာရပစ္စည်းတွေကို လိုအပ်သူတွေလက်ထဲ ရောက်အောင် ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ ဆင်ခြေဖုံး ဆင်းရဲသားရပ်ကွက်တွေ အပါအဝင်၊ နိုင်ငံရဲ့ အရှေ့တောင်ပိုင်း၊ အနောက်မြောက်နဲ့ နယ်စပ်ဒေသ တွေက ပြည်သူ(၈)သိန်းကျော်အတွက် EU ရဲ့ စာနာမှုအကူအညီတွေ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကူအညီကို အရပ်သားများကာကွယ်စောင့်ရှောက်ရေး ဥရောပနိုင်ငံသားများအဖွဲ့နဲ့ စာနာမှုအကူအညီပေးရေးစီမံကိန်းအဖွဲ့တို့က ငွေကြေးထောက်ပံ့ ပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဝင်လာကတည်းက မြန်မာနိုင်ငံတလွှားက ပြည်သူ(၃)သန်းအတွက် အစားအစာ၊ အဟာရနဲ့ သက်မွေးကြောင်း လုပ်ငန်းတွေအတွက် WFP ကထောက်ပံ့ပေးခဲ့ပြီး အများစုဟာ ပဋိပက္ခတွေကြုံနေရတဲ့ ချင်း၊ ကယားပြည်နယ်နဲ့ စစ်ကိုင်း မကွေးတိုင်းတွေ ဖြစ်ပါတယ်။

XS
SM
MD
LG