သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

TNLA ေဒသကို စစ္ေကာင္စီထိုးစစ္ ျပင္းထန္


TNLA တပ္ဖြဲ႔မ်ား ( Photo Courtesy: PSLF/TNLA Information )

[[ ZAWGYI ]]

TNLA ေဒသကို စစ္ေကာင္စီထိုးစစ္ ျပင္းထန္

TNLA တအန္းပေလာင္တပ္ဖြဲ႔ ဌာနခ်ဳပ္နားကို စစ္ေကာင္စီက ေလေၾကာင္းသံုးၿပီး ရုတ္တရက္ ထိုးစစ္ဆင္လာတာ ေသာၾကာေန႔က ပို ျပင္းထန္လာတယ္လို႔ တာဝန္ရွိသူက ေျပာပါတယ္။

ရွမ္းျပည္နယ္ နမ့္ဆန္ျမိဳမွာရွိတဲ့ TNLA ဌာနခ်ဳပ္နားက တပ္စခန္းေနရာကို စစ္ေကာင္စီက ေလေၾကာင္းကေန တပ္ေတြ ခြဲပို႔ကာ ထိုးစစ္ဆင္ေနၿပီး၊ ၄ ရက္ေျမာက္ေန႔မွာ အခုလိုအေျခအေန ျဖစ္လာတာလို႔၊ TNLA ရဲ့ ႏိုင္ငံေရးဦးေဆာင္အဖြဲ႔ PSLF ပေလာင္ျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး အေထြေထြအတြင္းေရးမႉး တာဘုန္းေက်ာ္က ေျပာပါတယ္။

ဒီကိစၥအေပၚ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ အဆက္သြယ္ မရခဲ့ပါဘူး။ TNLA ရဲ့ မဟာမိတ္ AA ရခိုင္တပ္ဖြဲ႔နဲ႔ ယာယီ အပစ္ရပ္လိုက္ခ်ိန္မွာ၊ စစ္ေကာင္စီတပ္က ဘာေၾကာင့္ အခုလို တိုက္လာတာမ်ဳိး ျဖစ္ႏိုင္ပါသလဲ၊ ဘယ္လို အက်ိဳးဆက္ေတြ ရွိေနပါသလဲ။ VOA ကိုဝင္းမင္းက ေမးျမန္းရာမွာ PSLF/TNLA အေထြေထြအတြင္းေရးမႉး တာဘုန္းေက်ာ္က အခုလို စရွင္းျပပါတယ္။

တာဘုန္းေက်ာ္ ။ ။ ဒီဇင္ဘာ ၇ ရက္ ညေနပိုင္းေလာက္ ဟတ္စကီး ၆ စီး(ရဟတ္ယာဥ္)ေတြနဲ႔ လာၿပီးမွ နမ့္ဆန္ျမစ္ အေနာက္ဖက္ ေတာင္ေၾကာတေလွ်ာက္မွာ လူေတြ လာခ်တယ္။ အဲဒီမွာရွိတဲ့ က်ေနာ္တို႔ ရဲေဘာ္ေတြနဲ႔ စၿပီး ထိေတြ႕မႈေတြျဖစ္လာတယ္။ ၇ ရက္ေန႔ တညလုံး တိုက္ပြဲေတြျဖစ္တယ္။ သူတို႔က ေလယာဥ္နဲ႔ ဗုံးႀကဲတယ္။ နမ္းဆန္ မန္တုံျမဳိ႕မွာ ရွိတဲ့ စကစ တပ္စခန္းကေနၿပီးမွ ၁၂၀ မမ လက္နက္ႀကီးေတြနဲ႔ ပစ္ကူတယ္။ ေနာက္ထပ္ ဒုတိေန႔မွာလည္း ေနာက္ထပ္ ေလယာဥ္တစီးနဲ႔ စစ္ကူလာခ်ပါတယ္။ ၈ ရက္ေန႔မွာလည္း တေနကုန္ျဖစ္တယ္။ ၈ ရက္ညမွာေရာ ၊ ၉ ရက္ေန႔ညမွာေရာေပါ့ေနာ္ ..ခု ၁၀ ရက္ေန႔ထိ ျဖစ္ေနတယ္။ ဒါေပမဲ့ ခုေနာက္ပိုင္း သူတို႔ စစ္ကူ လာခ်လို႔ မရေတာ့ဘူး။ အခုက (စကစ)က လာခ်ထားတဲ့ သူတို႔ရဲေဘာ္ (၁၅၀)- (၂၀၀)ဝန္းက်င္ေလာက္နဲ႔ က်ေနာ္တို႔ တပ္ေတြ ခု တိုက္ပဲြျဖစ္ေနတယ္။ ခုဆို တိုက္ပြဲက ပိုျပင္းထန္လာတယ္။

ကိုဝင္းမင္း ။ ။ ဟုတ္ကဲ့ ဘယ္လို ျပင္းထန္လာပါလဲ။

တာဘုန္းေက်ာ္ ။ ။ ဒီဇင္ဘာ ၁၀ ရက္ မနက္ကတည္းက ဂ်က္ေလယာဥ္ေတြနဲ႔ ၆ ခါ ၇ ခါေလာက္ တံတားဦးေလတပ္စခန္းကေန ျပန္တက္လာၿပီးေတာ့ က်ေနာ္တို႔ စခန္းေတြကို ဗုံးလာႀကဲတယ္။ လက္နက္ႀကီးေတြနဲ႔ ဆက္တိုက္ ထုတယ္။

ကိုဝင္းမင္း ။ ။ အခုအခ်ိန္မွာေပါ့ေနာ္ ဘာေၾကာင့္ ႐ုတ္တရက္ တိုက္လာတယ္ထင္ပါသလဲ။

တာဘုန္းေက်ာ္ ။ ။ အာဏာသိမ္း တပ္ခ်ဳပ္က ဘာေၾကာင့္ခုလို လာတိုက္သလဲဆိုတာ က်ေနာ္တို႔ စဥ္းစားလို႔ မရဘူး။ ဘာသတင္းရလို႔ ခုလို ထိုးစစ္ဆင္လဲ။ အထူးကြန္မန္ဒိုေတြ လာခ်ၿပီးမွ စစ္ဆင္ေရး ေဖၚေဆာင္ေနတာ ဘာရည္ရြယ္ခ်က္လဲဆိုတာ က်ေနာ္တို႔ေတာ့ ေသခ်ာ မသိဘူး။ ဒါေပမဲ့ စစ္ေကာင္စီ အေနနဲ႔ သူတို႔ ႏိုင္မယ္ထင္တဲ့ တိုင္းရင္းသားလက္နက္ကိုင္ ေဒသေတြကို ေလေၾကာင္းသုံးၿပီး လာတိုက္တယ္လို႔ပဲ ျမင္ပါတယ္။

ကိုဝင္းမင္း ။ ။ အခုလို လာတိုက္တာေၾကာင့္ ဘယ္လိုအက်ဳိးဆက္ေတြ ျဖစ္လာေနလဲ။

တာဘုန္းေက်ာ္ ။ ။ ဒီလို ေလေၾကာင္း စစ္ဆင္ေရးေတြ ဝင္လာခ်ိန္ကစၿပီး က်ေနာ္တို႔ကလည္း က်ေနာ္တို႔ရဲ႕ အျခားတပ္ေတြရဲ႕ စစ္ကူေတြျဖည့္ၿပီး ျပန္တိုက္ေနေတာ့ ေဒသခံလူထုေတြ ဒုကၡေရာက္တယ္။ စစ္ေျပးဒုကၡသည္ ၂ ေထာက္ေက်ာ္ေလာက္ ရွိေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

TNLA ဒေသကို စစ်ကောင်စီထိုးစစ် ပြင်းထန်

TNLA တအန်းပလောင်တပ်ဖွဲ့ ဌာနချုပ်နားကို စစ်ကောင်စီက လေကြောင်းသုံးပြီး ရုတ်တရက် ထိုးစစ်ဆင်လာတာ သောကြာနေ့က ပို ပြင်းထန်လာတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ရှမ်းပြည်နယ် နမ့်ဆန်မြိုမှာရှိတဲ့ TNLA ဌာနချုပ်နားက တပ်စခန်းနေရာကို စစ်ကောင်စီက လေကြောင်းကနေ တပ်တွေ ခွဲပို့ကာ ထိုးစစ်ဆင်နေပြီး၊ ၄ ရက်မြောက်နေ့မှာ အခုလိုအခြေအနေ ဖြစ်လာတာလို့၊ TNLA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ PSLF ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က ပြောပါတယ်။

ဒီကိစ္စအပေါ် စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်သွယ် မရခဲ့ပါဘူး။ TNLA ရဲ့ မဟာမိတ် AA ရခိုင်တပ်ဖွဲ့နဲ့ ယာယီ အပစ်ရပ်လိုက်ချိန်မှာ၊ စစ်ကောင်စီတပ်က ဘာကြောင့် အခုလို တိုက်လာတာမျိုး ဖြစ်နိုင်ပါသလဲ၊ ဘယ်လို အကျိုးဆက်တွေ ရှိနေပါသလဲ။ VOA ကိုဝင်းမင်းက မေးမြန်းရာမှာ PSLF/TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က အခုလို စရှင်းပြပါတယ်။

တာဘုန်းကျော် ။ ။ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းလောက် ဟတ်စကီး ၆ စီး(ရဟတ်ယာဉ်)တွေနဲ့ လာပြီးမှ နမ့်ဆန်မြစ် အနောက်ဖက် တောင်ကြောတလျှောက်မှာ လူတွေ လာချတယ်။ အဲဒီမှာရှိတဲ့ ကျနော်တို့ ရဲဘော်တွေနဲ့ စပြီး ထိတွေ့မှုတွေဖြစ်လာတယ်။ ၇ ရက်နေ့ တညလုံး တိုက်ပွဲတွေဖြစ်တယ်။ သူတို့က လေယာဉ်နဲ့ ဗုံးကြဲတယ်။ နမ်းဆန် မန်တုံမြို့မှာ ရှိတဲ့ စကစ တပ်စခန်းကနေပြီးမှ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူတယ်။ နောက်ထပ် ဒုတိနေ့မှာလည်း နောက်ထပ် လေယာဉ်တစီးနဲ့ စစ်ကူလာချပါတယ်။ ၈ ရက်နေ့မှာလည်း တနေကုန်ဖြစ်တယ်။ ၈ ရက်ညမှာရော ၊ ၉ ရက်နေ့ညမှာရောပေါ့နော် ..ခု ၁၀ ရက်နေ့ထိ ဖြစ်နေတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း သူတို့ စစ်ကူ လာချလို့ မရတော့ဘူး။ အခုက (စကစ)က လာချထားတဲ့ သူတို့ရဲဘော် (၁၅၀)- (၂၀၀)ဝန်းကျင်လောက်နဲ့ ကျနော်တို့ တပ်တွေ ခု တိုက်ပွဲဖြစ်နေတယ်။ ခုဆို တိုက်ပွဲက ပိုပြင်းထန်လာတယ်။

ကိုဝင်းမင်း ။ ။ ဟုတ်ကဲ့ ဘယ်လို ပြင်းထန်လာပါလဲ။

တာဘုန်းကျော် ။ ။ ဒီဇင်ဘာ ၁၀ ရက် မနက်ကတည်းက ဂျက်လေယာဉ်တွေနဲ့ ၆ ခါ ၇ ခါလောက် တံတားဦးလေတပ်စခန်းကနေ ပြန်တက်လာပြီးတော့ ကျနော်တို့ စခန်းတွေကို ဗုံးလာကြဲတယ်။ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ထုတယ်။

ကိုဝင်းမင်း ။ ။ အခုအချိန်မှာပေါ့နော် ဘာကြောင့် ရုတ်တရက် တိုက်လာတယ်ထင်ပါသလဲ။

တာဘုန်းကျော် ။ ။ အာဏာသိမ်း တပ်ချုပ်က ဘာကြောင့်ခုလို လာတိုက်သလဲဆိုတာ ကျနော်တို့ စဉ်းစားလို့ မရဘူး။ ဘာသတင်းရလို့ ခုလို ထိုးစစ်ဆင်လဲ။ အထူးကွန်မန်ဒိုတွေ လာချပြီးမှ စစ်ဆင်ရေး ဖေါ်ဆောင်နေတာ ဘာရည်ရွယ်ချက်လဲဆိုတာ ကျနော်တို့တော့ သေချာ မသိဘူး။ ဒါပေမဲ့ စစ်ကောင်စီ အနေနဲ့ သူတို့ နိုင်မယ်ထင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေကို လေကြောင်းသုံးပြီး လာတိုက်တယ်လို့ပဲ မြင်ပါတယ်။

ကိုဝင်းမင်း ။ ။ အခုလို လာတိုက်တာကြောင့် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနေလဲ။

တာဘုန်းကျော် ။ ။ ဒီလို လေကြောင်း စစ်ဆင်ရေးတွေ ဝင်လာချိန်ကစပြီး ကျနော်တို့ကလည်း ကျနော်တို့ရဲ့ အခြားတပ်တွေရဲ့ စစ်ကူတွေဖြည့်ပြီး ပြန်တိုက်နေတော့ ဒေသခံလူထုတွေ ဒုက္ခရောက်တယ်။ စစ်ပြေးဒုက္ခသည် ၂ ထောက်ကျော်လောက် ရှိနေပါပြီ။

XS
SM
MD
LG