သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံဖက္ တရားမဝင္ ဝင္ေရာက္ဖို႔ႀကိဳးပမ္းသူ တ႐ုတ္ႏိုင္ငံသား ၁၆ ေယာက္ ထိုင္းဖမ္းဆီး


ျမန္မာႏိုင္ငံဖက္ တရားမဝင္ ဝင္ေရာက္ဖို႔ႀကိဳးပမ္းသူ တ႐ုတ္ႏိုင္ငံသား ၁၆ ေယာက္ ထိုင္းဖမ္းဆီး ( Photo Courtesy : Thai Immigration )

ထိုင္းႏိုင္ငံတာခ့္ျပည္နယ္ထဲမွာ ဗီဇာသက္တမ္းေက်ာ္ ေနထိုင္ေနၿပီး ျမန္မာႏိုင္ငံဘက္ကို ခိုးဝင္ဖို႔ႀကိဳးစားတဲ့ တ႐ုတ္ႏိုင္ငံသား (၁၆)ေယာက္ကို တေန႔တည္းမွာ ဖမ္းမိခဲ့တာပါ။ တာခ္ျပည္နယ္ တာ့ခ္ၿမိဳ႕နယ္နဲ႔ မယ္လမၿမိဳ႕နယ္ထဲမွာ ကားေတြနဲ႔လာတုန္းမွာ ဖမ္းမိခဲ့တာျဖစ္ေၾကာင္း အလုပ္သမားေရးလႈပ္ရွားသူ ဦးမိုးႀကိဳးက ေျပာပါတယ္။

[[ ZAWGYI ]]

ျမန္မာႏိုင္ငံဖက္ တရားမဝင္ ဝင္ေရာက္ဖို႔ႀကိဳးပမ္းသူ တ႐ုတ္ႏိုင္ငံသား ၁၆ ေယာက္ ထိုင္းဖမ္းဆီး

ထိုင္းႏိုင္ငံကတဆင့္ ျမန္မာႏိုင္ငံထဲ ခိုးဝင္ဖို႔ ႀကိဳးစားတဲ့ တ႐ုတ္ႏိုင္ငံသား ၁၆ ဦးကို ထိုင္းအာဏာပိုင္ေတြက ဒီဇင္ဘာလ ၁၃ ရက္ေန႔ က တာခ့္ျပည္နယ္ထဲမွာ ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံတာခ့္ျပည္နယ္ထဲမွာ ဗီဇာ သက္တမ္းေက်ာ္လြန္ ေနထိုင္ေနၿပီး ျမန္မာႏိုင္ငံဘက္ကို ခိုးဝင္ဖို႔ႀကိဳးစားတဲ့ တ႐ုတ္ႏိုင္ငံသား (၁၆)ေယာက္ကို တေန႔တည္းမွာ ဖမ္းမိခဲ့တာပါ။ တာခ္ျပည္နယ္ တာ့ခ္ၿမိဳ႕နယ္နဲ႔ မယ္လမၿမိဳ႕နယ္ထဲမွာ ကားေတြနဲ႔ လာတုန္းမွာ ဖမ္းမိခဲ့တာျဖစ္ေၾကာင္း အလုပ္သမားေရးလႈပ္ရွားသူ ဦးမိုးႀကိဳးက ေျပာပါတယ္။

" ဒီဇင္ဘာလ ၁၃ ရက္ေန႔ မနက္ပိုင္းမွာေတာ့ ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ တာခ့္ၿမိဳ႕နယ္ထဲမွာပဲ လုံၿခဳံေရးတပ္ဖြဲ႕အဖြဲ႕စုံက တ႐ုတ္ႏိုင္ငံသား (၁၃)ဦးကို ဖမ္းမိခဲ့ပါတယ္၊ လဝက က သတင္းထုတ္ျပန္ပါတယ္။ ယာဥ္ေမာင္းျဖစ္တဲ့ ထိုင္းႏိုင္ငံသား (၂)ဦးကို ဖမ္းဆီးၿပီး စစ္ေဆးတဲ့အခါမွာ တ႐ုတ္ႏိုင္ငံသား(၁၃)ဦးဟာ လူကုန္ကူးသမားေတြကို ဆက္သြယ္ၿပီးေတာ့ တာ့ခ္ျပည္နယ္ မဲေဆာက္ကေန ျမန္မာႏိုင္ငံဖက္ကို ခိုးဝင္ဖို႔ ဆင္းလာၾကတာျဖစ္တယ္လို႔ ဝန္ခံ ထြက္ဆိုၾကပါတယ္။"

တေန႔တည္းမွာပဲ မယ္လမၿမိဳ႕ထဲမွာေတာ့ လူေမွာင္ခိုသမားေတြနဲ႔အတူ တ႐ုတ္ႏိုင္ငံသားေတြ ထပ္ၿပီး ဖမ္းမိတယ္လို႔ဆိုပါတယ္။

" ဒီဇင္ဘာလ ၁၃ ရက္ေန႔ ညေနပိုင္းမွာပဲ မဲေဆာက္ၿမိဳ႕ တာခ့္ျပည္နယ္ မဲလမၿမိဳ႕နယ္ထဲမွာ ယာဥ္ ၂စီးနဲ႔ တျခား တ႐ုတ္ႏိုင္ငံသား ၃ ဦးကိုလည္း ဖမ္းမိခဲ့ပါတယ္။ အဲဒီ တ႐ုတ္ ၃ ေယာက္ကို အကူညီေပးခဲ့တဲ့ ထိုင္း လူေမွာင္ခိုဂိုဏ္းက လူ ၅ ဦးကိုလည္း ဖမ္းဆီးခဲ့တယ္လို႔ မယ္လမ လဝကက သတင္းထုတ္ျပန္ ထားပါတယ္။ "

ဖမ္းမိတဲ့ တ႐ုတ္ႏိုင္ငံသားေတြကိုေတာ့ လူဝင္မႈႀကီးၾကပ္ေရးဥပေဒအရ အေရးယူ ေဆာင္႐ြက္သြားမယ္လို႔ ထိုင္းလဝက အာဏာပိုင္ေတြက သတင္းထုတ္ျပန္ ထားပါတယ္။ အလားတူ တ႐ုတ္ႏိုင္ငံသားေတြ မၾကာခန ဖမ္းမိေနၿပီး သူတို႔ေတြဟာ ျမန္မာႏိုင္ငံဖက္ျခမ္းက ကာစီႏို ေလာင္းကစား႐ုံေတြဆီကို သြားလာဖို႔အတြက္ လာၾကသူေတြ မ်ားပါတယ္။ ထိုင္းႏိုင္ငံဘက္ နယ္စပ္လုံၿခဳံေရးကိုတင္းၾကပ္ထားတဲ့ၾကားက တ႐ုတ္ႏိုင္ငံသားေတြကို တာ့ခ္ျပည္နယ္ထဲမွာ မၾကာခန ဖမ္းမိေနတာျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

===============

{{ UNICODE }}

မြန်မာနိုင်ငံဖက် တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းသူ တရုတ်နိုင်ငံသား ၁၆ ယောက် ထိုင်းဖမ်းဆီး

ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ၁၆ ဦးကို ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာလ ၁၃ ရက်နေ့ က တာခ့်ပြည်နယ်ထဲမှာ ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတာခ့်ပြည်နယ်ထဲမှာ ဗီဇာ သက်တမ်းကျော်လွန် နေထိုင်နေပြီး မြန်မာနိုင်ငံဘက်ကို ခိုးဝင်ဖို့ကြိုးစားတဲ့ တရုတ်နိုင်ငံသား (၁၆)ယောက်ကို တနေ့တည်းမှာ ဖမ်းမိခဲ့တာပါ။ တာခ်ပြည်နယ် တာ့ခ်မြို့နယ်နဲ့ မယ်လမမြို့နယ်ထဲမှာ ကားတွေနဲ့ လာတုန်းမှာ ဖမ်းမိခဲ့တာဖြစ်ကြောင်း အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက ပြောပါတယ်။

" ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် တာခ့်မြို့နယ်ထဲမှာပဲ လုံခြုံရေးတပ်ဖွဲ့အဖွဲ့စုံက တရုတ်နိုင်ငံသား (၁၃)ဦးကို ဖမ်းမိခဲ့ပါတယ်၊ လဝက က သတင်းထုတ်ပြန်ပါတယ်။ ယာဉ်မောင်းဖြစ်တဲ့ ထိုင်းနိုင်ငံသား (၂)ဦးကို ဖမ်းဆီးပြီး စစ်ဆေးတဲ့အခါမှာ တရုတ်နိုင်ငံသား(၁၃)ဦးဟာ လူကုန်ကူးသမားတွေကို ဆက်သွယ်ပြီးတော့ တာ့ခ်ပြည်နယ် မဲဆောက်ကနေ မြန်မာနိုင်ငံဖက်ကို ခိုးဝင်ဖို့ ဆင်းလာကြတာဖြစ်တယ်လို့ ဝန်ခံ ထွက်ဆိုကြပါတယ်။"

တနေ့တည်းမှာပဲ မယ်လမမြို့ထဲမှာတော့ လူမှောင်ခိုသမားတွေနဲ့အတူ တရုတ်နိုင်ငံသားတွေ ထပ်ပြီး ဖမ်းမိတယ်လို့ဆိုပါတယ်။

" ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းမှာပဲ မဲဆောက်မြို့ တာခ့်ပြည်နယ် မဲလမမြို့နယ်ထဲမှာ ယာဉ် ၂စီးနဲ့ တခြား တရုတ်နိုင်ငံသား ၃ ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။ အဲဒီ တရုတ် ၃ ယောက်ကို အကူညီပေးခဲ့တဲ့ ထိုင်း လူမှောင်ခိုဂိုဏ်းက လူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ မယ်လမ လဝကက သတင်းထုတ်ပြန် ထားပါတယ်။ "

ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထိုင်းလဝက အာဏာပိုင်တွေက သတင်းထုတ်ပြန် ထားပါတယ်။ အလားတူ တရုတ်နိုင်ငံသားတွေ မကြာခန ဖမ်းမိနေပြီး သူတို့တွေဟာ မြန်မာနိုင်ငံဖက်ခြမ်းက ကာစီနို လောင်းကစားရုံတွေဆီကို သွားလာဖို့အတွက် လာကြသူတွေ များပါတယ်။ ထိုင်းနိုင်ငံဘက် နယ်စပ်လုံခြုံရေးကိုတင်းကြပ်ထားတဲ့ကြားက တရုတ်နိုင်ငံသားတွေကို တာ့ခ်ပြည်နယ်ထဲမှာ မကြာခန ဖမ်းမိနေတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG