[[ ZAWGYI ]]
ထိုင္းေရတပ္သေဘၤာ နစ္ျမဳပ္မႈမွာ ေသဆုံးသူ ၅ ဦး ရွာေဖြေတြ႕ရွိ
ထိုင္းပင္လယ္ေကြ႕မွာ တနဂၤေႏြေန႔က နစ္ျမႇဳပ္သြားခဲ့တဲ့ ထိုင္းေရတပ္သေဘၤာ Sukhothai ေပၚ လိုက္ပါလာသူေတြထဲက အသက္ရွင္က်န္ရစ္သူ တဦးနဲ႔ အေလာင္း ၅ ေလာင္းကို ျပန္ေတြ႕ခဲ့တယ္လို႔ ထိုင္းေရတပ္က ေျပာပါတယ္။
Sukhothai သေဘၤာနစ္ျမဳပ္တဲ့ ေနရာရဲ႕ေတာင္ဘက္ ကီလိုမီတာ ၆၀ ေလာက္မွာ သေဘၤာသား ၆ ေယာက္ကို ျပန္ေတြ႕ပါတယ္။ သူတို႔ဟာ အသက္ကယ္ အက်ီေတြနဲ႔ ေရထဲ နာရီ ၄၀ ေက်ာ္ ေမ်ာေနတာပါ။ ဒါေၾကာင့္ ေတာင္ဘက္မွာ ဆက္ရွာဖို႔ လုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး ဒီ ၆ ေယာက္ စလုံးကိုလည္း အသက္ကယ္အက်ီေတြနဲ႔ ျပန္ေတြ႕ခဲ့တာပါလို႔ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Cherngchai Chomcherngpat အဂၤါေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။
လူေပါင္း ၁၀၅ ေယာက္ လိုက္ပါလာတဲ့ ေရတပ္သေဘၤာ Sukhothai ဟာ သက္တမ္း ၃၅ ႏွစ္ တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ၿပီး အခု နစ္ျမႇဳပ္သြားတဲ့ ဒီစစ္သေဘၤာေပၚက အသက္ရွင္က်န္ရစ္သူက ၇၆ ေယာက္ရွိၿပီျဖစ္တဲ့အတြက္ က်န္ ၂၄ ဦးရဲ႕ ကံၾကမၼာကို စိုးရိမ္ေနၾကပါတယ္။ ဒီသေဘၤာေပၚမွာ အသက္ကယ္အက်ီ လုံလုံေလာက္ေလာက္ ပါမပါ၊ က်န္ရစ္သူေတြ အသက္ကယ္အက်ီရမရ စုံစမ္းမႈေတြ လုပ္ေနတယ္လို႔လည္း ေရတပ္အႀကီးအကဲက ေျပာပါတယ္။
လႈိင္းလုံးႀကီးေတြၾကားမွာ သေဘၤာေတြ ေလယာဥ္ေတြသုံးၿပီး ေပ်ာက္ဆုံးေနသူေတြကို ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းေတြ အရွိန္ျမႇင့္ ႀကိဳးပမ္းေနေပမဲ့ အသက္ရွင္ဖို႔ အခြင့္အလမ္း နည္းေနတယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။
=================
{{ UNICODE }}
ထိုင်းရေတပ်သင်္ဘော နစ်မြုပ်မှုမှာ သေဆုံးသူ ၅ ဦး ရှာဖွေတွေ့ရှိ
ထိုင်းပင်လယ်ကွေ့မှာ တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့တဲ့ ထိုင်းရေတပ်သင်္ဘော Sukhothai ပေါ် လိုက်ပါလာသူတွေထဲက အသက်ရှင်ကျန်ရစ်သူ တဦးနဲ့ အလောင်း ၅ လောင်းကို ပြန်တွေ့ခဲ့တယ်လို့ ထိုင်းရေတပ်က ပြောပါတယ်။
Sukhothai သင်္ဘောနစ်မြုပ်တဲ့ နေရာရဲ့တောင်ဘက် ကီလိုမီတာ ၆၀ လောက်မှာ သင်္ဘောသား ၆ ယောက်ကို ပြန်တွေ့ပါတယ်။ သူတို့ဟာ အသက်ကယ် အကျီတွေနဲ့ ရေထဲ နာရီ ၄၀ ကျော် မျောနေတာပါ။ ဒါကြောင့် တောင်ဘက်မှာ ဆက်ရှာဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒီ ၆ ယောက် စလုံးကိုလည်း အသက်ကယ်အကျီတွေနဲ့ ပြန်တွေ့ခဲ့တာပါလို့ ရေတပ်ဗိုလ်ချုပ်ကြီး Cherngchai Chomcherngpat အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
လူပေါင်း ၁၀၅ ယောက် လိုက်ပါလာတဲ့ ရေတပ်သင်္ဘော Sukhothai ဟာ သက်တမ်း ၃၅ နှစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အခု နစ်မြှုပ်သွားတဲ့ ဒီစစ်သင်္ဘောပေါ်က အသက်ရှင်ကျန်ရစ်သူက ၇၆ ယောက်ရှိပြီဖြစ်တဲ့အတွက် ကျန် ၂၄ ဦးရဲ့ ကံကြမ္မာကို စိုးရိမ်နေကြပါတယ်။ ဒီသင်္ဘောပေါ်မှာ အသက်ကယ်အကျီ လုံလုံလောက်လောက် ပါမပါ၊ ကျန်ရစ်သူတွေ အသက်ကယ်အကျီရမရ စုံစမ်းမှုတွေ လုပ်နေတယ်လို့လည်း ရေတပ်အကြီးအကဲက ပြောပါတယ်။
လှိုင်းလုံးကြီးတွေကြားမှာ သင်္ဘောတွေ လေယာဉ်တွေသုံးပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့် ကြိုးပမ်းနေပေမဲ့ အသက်ရှင်ဖို့ အခွင့်အလမ်း နည်းနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။