သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော် ၂ရပ်ရှေ့ ယူကရိန်းသမ္မတမိန့်ခွန်းပြော

၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုကိုရောက်ရှိလာတဲ့ ယူကရိန်းသမ္မတဗလော်ဒီမီယာဇလန်းစကီးက အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်ပေါင်းရှေ့မှောက်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေ လပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ ဘာ့ခ်မွတ်မြို့မှာ လွှင့်ထူခဲ့ပြီး ယူကရိန်းစစ်သားတွေကိုယ်တိုင် လက်မှတ်ထိုးပေးလိုက်တဲ့ ယူကရိန်းအလံကိုလည်း အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီကို သမ္မတဇလန်းစကီးက သူ့မိန့်ခွန်းအပြီးမှာ တပ်ဖွဲ့ဝင်တွေကိုယ်စားပေးအပ်ခဲ့ပါတယ်။

နန်စီပလိုစီကလည်း ဗုဒ္ဓဟူးနေ့က လွှတ်တော်အဆောက်အဦးမှာလွှင့်ထူခဲ့တဲ့ အမေရိကန်အလံကို အမှတ်တရအဖြစ်နဲ့ ယူကရိန်းသမ္မတကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်း စလယ်ဆုံး တလျှောက်လုံးမှာ ယူကရိန်းနိုင်ငံအတွက် အမေရိကန်ပြည်သူတွေက ကူညီပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်း သမ္မတဇလန်းစကီးက အကြိမ်ကြိမ်ပြောကြားခဲ့သလို သူ့မိန့်ခွန်းတလျှောက် လွှတ်တော်အမတ်တွေကလည်း အကြိမ်ကြိမ် မတ်တပ်ရပ်၊ လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။


နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG