သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ဆက္လက္အားေပးဖို႔ ကန္ ႏိုင္ငံျခားေရးဝန္ႀကီး လြတ္လပ္ေရးေန႔ အမွာစကားပါး


Blinken

ဇန္နဝါရီလ ၄ ရက္ေန႔မွာက်ေရာက္တဲ့ ၇၅ ႏွစ္ေျမာက္ ျမန္မာ့လြတ္လပ္ေရးေန႔ အခါသမယမွာ ျမန္မာျပည္သူေတြအတြက္ အေမရိကန္ရဲ႕သႏၷိဌာန္ခိုင္မာမႈကို ထပ္ေလာင္းအတည္ျပဳေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Blinken က ေျပာဆိုလိုက္ပါတယ္။ ျမန္မာစစ္ေကာင္စီဟာ ဒီမိုကေရစီတိုးတက္မႈနဲ႔ ျပည္သူ႔ဆႏၵအတြက္ အတားအဆီးျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။

[[ ZAWGYI ]]

ျမန္မာ့အေရး ဆက္လက္အားေပးဖို႔ ကန္ ႏိုင္ငံျခားေရးဝန္ႀကီး လြတ္လပ္ေရးေန႔ အမွာစကားပါး

ဇန္နဝါရီလ ၄ ရက္ေန႔မွာ က်ေရာက္တဲ့ ၇၅ ႏွစ္ေျမာက္ ျမန္မာ့လြတ္လပ္ေရးေန႔ အခါသမယမွာ ျမန္မာျပည္သူေတြအတြက္ အေမရိကန္ရဲ႕ သႏၷိဌာန္ ခိုင္မာမႈကို ထပ္ေလာင္းအတည္ျပဳေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken က ဇန္နဝါရီ ၃ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

ျမန္မာျပည္သူေတြ သူတို႔ရဲ႕ၾကမၼာ သူတို႔ ဖန္တီးႏိုင္စြမ္းရွိေရးအတြက္ အေမရိကန္ျပည္ေထာင္စုက ကာလတာရွည္ ပံ့ပိုးေပးေနခဲ့တာ ျဖစ္ေၾကာင္းနဲ႔ ဒီကေန႔မွာေတာ့ ျမန္မာစစ္ေကာင္စီဟာ ျမန္မာႏိုင္ငံ ဒီမိုကေရစီေရး တိုးတက္မႈနဲ႔ ျပည္သူေတြရဲ႕ ဆႏၵအတြက္ အတားအဆီးျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။

ျမန္မာစစ္တပ္ရဲ႕ ရက္စက္မႈနဲ႔ ေၾကာက္မက္ဖြယ္ အၾကမ္းဖက္မႈေတြဟာ ျမန္မာျပည္သူေတြ ခိုင္ခိုင္မာမာ သႏၷိဌာန္ခ်ေလွ်ာက္လွမ္းေနတဲ့ အားလုံးပါဝင္တဲ့ ဒီမိုကေရစီႏိုင္ငံထူေထာင္ဖို႔ လုပ္ေဆာင္ေနမႈကို မတားဆီးႏိုင္ဘူးလို႔လည္း ဝန္ႀကီး Blinken က ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီထူေထာင္ေရးအတြက္ စိတ္ပိုင္းျဖတ္ေဆာင္႐ြက္ေနတဲ့ ျမန္မာျပည္သူေတြနဲ႔အတူ အေမရိကန္အစိုးရက ရပ္တည္ေနေၾကာင္းလည္း ေျပာပါတယ္။

စစ္ေကာင္စီအေနနဲ႔ သူ႔ရဲ႕အၾကမ္းဖက္မႈေတြ ရပ္တန႔္ရမွာျဖစ္ၿပီး မတရား ဖမ္းထားသူေတြကို ျပန္လႊတ္ေပးဖို႔၊ စာနာမႈ အကူညီေတြ ေပးခြင့္ျပဳဖို႔နဲ႔ ျမန္မာႏိုင္ငံမွာ ျပည္သူေတြလိုလားတဲ့ စစ္မွန္ၿပီး အားလုံးပါဝင္တဲ့ ဒီမိုကေရစီရေအာင္ လုပ္ေပးဖို႔ပါ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Blinken က ေတာင္းဆိုလိုက္ပါတယ္။

ဒီကေန႔ က်ေရာက္တဲ့ လြတ္လပ္ေရးေန႔မွာ စစ္ေရးျပအခမ္းအနား က်င္းပဖို႔ ရွိေနၿပီး စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မိန႔္ခြန္းေျပာလိမ့္မယ္လို႔လည္း ခန႔္မွန္းရပါတယ္။

US Secretary of State's message for Independence Day of Burma (Web Screenshot)
US Secretary of State's message for Independence Day of Burma (Web Screenshot)

===============

{{ UNICODE }}

မြန်မာ့အရေး ဆက်လက်အားပေးဖို့ ကန် နိုင်ငံခြားရေးဝန်ကြီး လွတ်လပ်ရေးနေ့ အမှာစကားပါး

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေအတွက် အမေရိကန်ရဲ့ သန္နိဌာန် ခိုင်မာမှုကို ထပ်လောင်းအတည်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ဇန်နဝါရီ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

မြန်မာပြည်သူတွေ သူတို့ရဲ့ကြမ္မာ သူတို့ ဖန်တီးနိုင်စွမ်းရှိရေးအတွက် အမေရိကန်ပြည်ထောင်စုက ကာလတာရှည် ပံ့ပိုးပေးနေခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီကနေ့မှာတော့ မြန်မာစစ်ကောင်စီဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး တိုးတက်မှုနဲ့ ပြည်သူတွေရဲ့ ဆန္ဒအတွက် အတားအဆီးဖြစ်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ရက်စက်မှုနဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေဟာ မြန်မာပြည်သူတွေ ခိုင်ခိုင်မာမာ သန္နိဌာန်ချလျှောက်လှမ်းနေတဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ လုပ်ဆောင်နေမှုကို မတားဆီးနိုင်ဘူးလို့လည်း ဝန်ကြီး Blinken က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထူထောင်ရေးအတွက် စိတ်ပိုင်းဖြတ်ဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်အစိုးရက ရပ်တည်နေကြောင်းလည်း ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ သူ့ရဲ့အကြမ်းဖက်မှုတွေ ရပ်တန့်ရမှာဖြစ်ပြီး မတရား ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ စာနာမှု အကူညီတွေ ပေးခွင့်ပြုဖို့နဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေလိုလားတဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီရအောင် လုပ်ပေးဖို့ပါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ စစ်ရေးပြအခမ်းအနား ကျင်းပဖို့ ရှိနေပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG