သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုလဲၿမိဳ႕နယ္မွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေပၚၿပီး ေနအိမ္ေတြ မီးရႈိ႕ခံေနရ


မီးရႈိ႕ခံထားရတဲ့ ပုလဲၿမဳိ႕နယ္ ေမြ႔တုံ ေက်းရြာ။ (ေဖေဖာ္ဝါရီ ၁၊ ၂၀၂၂)

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ ေန႔စဥ္ရက္ဆက္ တိုက္ပြဲေတြရွိေနၿပီး ေနအိမ္ေတြ မီးရႈိ႕ခံေနရပါတယ္။ ခင္ဦးနယ္ထဲက ျမင္းေဒါင္းေက်း႐ြာက ေဒသခံေတြဟာဆိုရင္လည္း စစ္ေဘးေရွာင္ေနရတာ ၈ လနီးပါး ၾကာျမင့္လာတဲ့အတြက္ အခက္အခဲေတြ ရွိေနပါတယ္။ စစ္ကိုင္းတိုင္းအတြင္းက စစ္ေရးအေျခအေန သတင္းေပးပို႔ခ်က္ကို ကိုေအာင္ေအာင္က ေျပာျပမွာပါ။

စစ္ကိုင္းတိုင္းပုလဲနယ္ထဲမွာ ဇန္နဝါရိ ၇ ရက္ကစလို႔ ဒီကေန႔အထိ ၅ ရက္ဆက္တိုက္ တိုက္ပြဲေတြျဖစ္ပြားေနပါတယ္။ ဇန္နဝါရီ ၁၀ ရက္ေန႔မွာ ပုလဲၿမိဳ႕နယ္ သရက္ကန္ေက်း႐ြာနား တိုက္ပြဲေတြျဖစ္ခဲ့ၿပီး၊ သရက္ကန္ေက်း႐ြာက ေနအိမ္ေတြလည္း မီးရႈိ႕ခံခဲ့ရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဇန္နဝါရီ ၁၁ ရက္ ဗုဒၶဟူးေန႔ ေန႔လည္ပိုင္းမွာေတာ့ စစ္ေကာင္စီ တပ္စြဲထားတဲ့ ဇီးျဖဴကုန္းေက်း႐ြာကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့တယ္လို႔ တိုက္ပြဲမွာပါဝင္တဲ့ သခင္ေဒါင္းညိဳအဖြဲ႕က ဗီြအိုေအကို ေျပာပါတယ္။

“မေန႔က တိုက္ပြဲက သရက္ကန္နားမွာျဖစ္ၾကတာ။ မေန႔က သူတို႔မီးရႈိ႕ေနတုန္းကို ကြၽန္ေတာ္တို႔က ဝင္စီးတာခင္ဗ်။ မီးရႈိ႕ေနတုန္းမွာ မပါသင့္တဲ့အိမ္ေတြမပါေအာင္ ကြၽန္ေတာ္တို႔ဝင္စီးတယ္။ အိမ္ကေတာ့ ကြၽန္ေတာ့္စိတ္ထင္ ၅၀ - ၆၀ ေလာက္ေတာ့ ပါမယ္ထင္တယ္။ ဇီးျဖဴကုန္း႐ြာမွာလည္း ကြန္ေတာ္တို႔ ဒီေန႔တိုက္ပြဲျဖစ္တယ္။ ဘန္ကာေလာက္ပဲ ကြၽန္ေတာ္တို႔စီးႏိုင္ခဲ့တယ္။ သိမ္းႏိုင္ေအာင္လည္း ကြၽန္ေတာ္တို႔မွာ လက္နက္ခဲယမ္းက မျပည့္စုံဘူးဗ်ာ။”

တိုက္ပြဲေတြျဖစ္ပြားၿပီး ေနအိမ္ေတြမီးရႈိ႕ခံရတဲ့ သရက္ကန္ေက်း႐ြာရဲ႕ ေဘးခ်င္းကပ္ေက်း႐ြာဟာ စစ္ေကာင္စီကိုေထာက္ခံတဲ့ ပ်ဴေစာထီးေတြ တပ္စြဲထားတဲ့ အင္မထီးေက်း႐ြာျဖစ္ၿပီး ဒီကေန႔ ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့ ဇီျဖဴကုန္းေက်း႐ြာဟာလည္း ပ်ဴေစာထီးေတြ တပ္စြဲထားတဲ့ေက်း႐ြာျဖစ္ပါတယ္။

၂၀၂၃ ခုႏွစ္ ကစလို႔ ပုလဲၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြရွိခဲ့ၿပီး ဇန္နဝါရီ ၇ ရက္ နဲ႔ ၈ ရက္တို႔မွာ စစ္ေကာင္စီတပ္စြဲထားတဲ့ ကန႔္ေဒါင့္ေက်း႐ြာရဲစခန္းကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ အဲဒီေနာက္ စစ္ေကာင္စီက ေလေၾကာင္းသုံးၿပီး ရဟတ္ယာဥ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြကို တိုက္ခိုက္ပါတယ္။ ဇန္နဝါရီ ၉ ရက္မွာေတာ့ ပုလဲၿမိဳ႕မ ရဲစခန္းနဲ႔ ပုလဲအေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ႐ုံးတို႔ တိုက္ခိုက္ခံရၿပီးေနာက္ လက္ရွိ ပုလဲနယ္ထဲမွာ စစ္ေရးတင္းမာေနပါတယ္။ တိုက္ပြဲအေျခအေနေတြအျပင္ ရဲစခန္းေတြ တိုက္ခိုက္ခံရတာနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီက သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

တခ်ိန္တည္းမွာပဲ ခင္ဦးနယ္ ျမင္းေဒါင္းေက်း႐ြာက အိမ္ေထာင္စု ၅၀၀ နီးပါး စစ္ေဘးေရွာင္ေနရတာ ၈ လနီးပါးရွိလာၿပီး စစ္ေဘးေရွာင္ကာလ အခ်ိန္ၾကာျမင့္လာတဲ့အတြက္ အခက္အခဲေတြလည္းရွိေနတယ္လို႔ ေဒသခံတဦးကေျပာပါတယ္။

“၇ လေက်ာ္ ၈ လထဲ ေရာက္လာၿပီ ျမင္းေဒါင္းကေန မုံလွမွာေရွာင္ေနရတာအိမ္ေတြေကာ လယ္ယာကိုင္းကြၽန္းေတြေကာ အကုန္ပစ္ထားခဲ့ရတာေပါ့ဗ်ာ ရွိတဲ့ပစၥည္းေတြ ကိုယ့္စားအိုးစားခြက္ေလးေလာက္နဲ႔ အဝတ္အစားေလးပဲယူၿပီး ထြက္ေျပးေနရတာေပါ့။ ခက္ခဲေနတာက ကိုယ့္႐ြာ ကိုယ့္ေျမလည္း မျပန္ဝံ့ ဒီမွာလည္းရွိတဲ့အလုပ္ကေလးနဲ႔ လုပ္ကိုင္ၿပီး ျဖစ္သလို စားေသာက္ေနၾကရတာေပါ့။ လုပ္ကိုင္စားေသာက္ရင္းနဲ႔ ကိုယ့္႐ြာကိုယ့္ေျမ မျပန္ရေတာ့ ဆင္းရဲဒုကၡေတြ နည္းနည္းႀကဳံတာေပါ့။ လိုအပ္ခ်က္ေတြကေတာ့ အကူအညီရွိရင္ေတာ့ ေကာင္းတာေပါ့။”

သူတို႔ရဲ႕ေဘးနားက ေက်း႐ြာေတြကို ျမန္မာစစ္တပ္က ၂၀၂၂ ခုႏွစ္ထဲမွာ နယ္ေျမရွင္းလင္းေရးေတြလုပ္ၿပီး ေလေၾကာင္းကေန ပစ္ခတ္တာေတြ လုပ္ခဲ့တဲ့အတြက္ ေဒသခံေတြဟာ ထြက္ေျပးေနရတာပါ။ ဒါ့အျပင္ ျမင္းေဒါင္းေက်း႐ြာနဲ႔ ေဘးခ်င္းကပ္ေက်း႐ြာျဖစ္တဲ့ ႐ြာသစ္ကုန္းေက်း႐ြာဟာ စစ္ေကာင္စီအားေပးေထာက္ခံတဲ့ ပ်ဴေစာထီးေတြ အားေကာင္းတဲ့ ေက်း႐ြာျဖစ္တဲ့အတြက္ ေဒသခံအဖို႔ ပ်ဴေစာထီးေတြကိုပါ စိုးရိမ္ၿပီး ေနရပ္မျပန္ႏိုင္ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ပုလဲမြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်ပြီး နေအိမ်တွေ မီးရှို့ခံနေရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေရှိနေပြီး နေအိမ်တွေ မီးရှို့ခံနေရပါတယ်။ ခင်ဦးနယ်ထဲက မြင်းဒေါင်းကျေးရွာက ဒေသခံတွေဟာဆိုရင်လည်း စစ်ဘေးရှောင်နေရတာ ၈ လနီးပါး ကြာမြင့်လာတဲ့အတွက် အခက်အခဲတွေ ရှိနေပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်ရေးအခြေအနေ သတင်းပေးပို့ချက်ကို ကိုအောင်အောင်က ပြောပြမှာပါ။

စစ်ကိုင်းတိုင်းပုလဲနယ်ထဲမှာ ဇန်နဝါရိ ၇ ရက်ကစလို့ ဒီကနေ့အထိ ၅ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပုလဲမြို့နယ် သရက်ကန်ကျေးရွာနား တိုက်ပွဲတွေဖြစ်ခဲ့ပြီး၊ သရက်ကန်ကျေးရွာက နေအိမ်တွေလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာတော့ စစ်ကောင်စီ တပ်စွဲထားတဲ့ ဇီးဖြူကုန်းကျေးရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ သခင်ဒေါင်းညိုအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

“မနေ့က တိုက်ပွဲက သရက်ကန်နားမှာဖြစ်ကြတာ။ မနေ့က သူတို့မီးရှို့နေတုန်းကို ကျွန်တော်တို့က ဝင်စီးတာခင်ဗျ။ မီးရှို့နေတုန်းမှာ မပါသင့်တဲ့အိမ်တွေမပါအောင် ကျွန်တော်တို့ဝင်စီးတယ်။ အိမ်ကတော့ ကျွန်တော့်စိတ်ထင် ၅၀ - ၆၀ လောက်တော့ ပါမယ်ထင်တယ်။ ဇီးဖြူကုန်းရွာမှာလည်း ကွန်တော်တို့ ဒီနေ့တိုက်ပွဲဖြစ်တယ်။ ဘန်ကာလောက်ပဲ ကျွန်တော်တို့စီးနိုင်ခဲ့တယ်။ သိမ်းနိုင်အောင်လည်း ကျွန်တော်တို့မှာ လက်နက်ခဲယမ်းက မပြည့်စုံဘူးဗျာ။”

တိုက်ပွဲတွေဖြစ်ပွားပြီး နေအိမ်တွေမီးရှို့ခံရတဲ့ သရက်ကန်ကျေးရွာရဲ့ ဘေးချင်းကပ်ကျေးရွာဟာ စစ်ကောင်စီကိုထောက်ခံတဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ အင်မထီးကျေးရွာဖြစ်ပြီး ဒီကနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဇီဖြူကုန်းကျေးရွာဟာလည်း ပျူစောထီးတွေ တပ်စွဲထားတဲ့ကျေးရွာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ကစလို့ ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲတွေရှိခဲ့ပြီး ဇန်နဝါရီ ၇ ရက် နဲ့ ၈ ရက်တို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကန့်ဒေါင့်ကျေးရွာရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီက လေကြောင်းသုံးပြီး ရဟတ်ယာဉ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကို တိုက်ခိုက်ပါတယ်။ ဇန်နဝါရီ ၉ ရက်မှာတော့ ပုလဲမြို့မ ရဲစခန်းနဲ့ ပုလဲအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးတို့ တိုက်ခိုက်ခံရပြီးနောက် လက်ရှိ ပုလဲနယ်ထဲမှာ စစ်ရေးတင်းမာနေပါတယ်။ တိုက်ပွဲအခြေအနေတွေအပြင် ရဲစခန်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တချိန်တည်းမှာပဲ ခင်ဦးနယ် မြင်းဒေါင်းကျေးရွာက အိမ်ထောင်စု ၅၀၀ နီးပါး စစ်ဘေးရှောင်နေရတာ ၈ လနီးပါးရှိလာပြီး စစ်ဘေးရှောင်ကာလ အချိန်ကြာမြင့်လာတဲ့အတွက် အခက်အခဲတွေလည်းရှိနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“၇ လကျော် ၈ လထဲ ရောက်လာပြီ မြင်းဒေါင်းကနေ မုံလှမှာရှောင်နေရတာအိမ်တွေကော လယ်ယာကိုင်းကျွန်းတွေကော အကုန်ပစ်ထားခဲ့ရတာပေါ့ဗျာ ရှိတဲ့ပစ္စည်းတွေ ကိုယ့်စားအိုးစားခွက်လေးလောက်နဲ့ အဝတ်အစားလေးပဲယူပြီး ထွက်ပြေးနေရတာပေါ့။ ခက်ခဲနေတာက ကိုယ့်ရွာ ကိုယ့်မြေလည်း မပြန်ဝံ့ ဒီမှာလည်းရှိတဲ့အလုပ်ကလေးနဲ့ လုပ်ကိုင်ပြီး ဖြစ်သလို စားသောက်နေကြရတာပေါ့။ လုပ်ကိုင်စားသောက်ရင်းနဲ့ ကိုယ့်ရွာကိုယ့်မြေ မပြန်ရတော့ ဆင်းရဲဒုက္ခတွေ နည်းနည်းကြုံတာပေါ့။ လိုအပ်ချက်တွေကတော့ အကူအညီရှိရင်တော့ ကောင်းတာပေါ့။”

သူတို့ရဲ့ဘေးနားက ကျေးရွာတွေကို မြန်မာစစ်တပ်က ၂၀၂၂ ခုနှစ်ထဲမှာ နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့တဲ့အတွက် ဒေသခံတွေဟာ ထွက်ပြေးနေရတာပါ။ ဒါ့အပြင် မြင်းဒေါင်းကျေးရွာနဲ့ ဘေးချင်းကပ်ကျေးရွာဖြစ်တဲ့ ရွာသစ်ကုန်းကျေးရွာဟာ စစ်ကောင်စီအားပေးထောက်ခံတဲ့ ပျူစောထီးတွေ အားကောင်းတဲ့ ကျေးရွာဖြစ်တဲ့အတွက် ဒေသခံအဖို့ ပျူစောထီးတွေကိုပါ စိုးရိမ်ပြီး နေရပ်မပြန်နိုင်ဖြစ်နေပါတယ်။

XS
SM
MD
LG