သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြီးအကဲ မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ ထိုင်းမှာ မူးယစ်မှုနဲ့ဖမ်းခံထားရတဲ့ ဒေါက်တာထွန်းမင်းလတ်ထံမှာတွေ့ 


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမီး ဒေါ်ခင်သီရိသက်မွန် (ဝဲ)နှင့် သား ဦးအောင်ပြည့်စုံ (ယာ) (ဓါတ်ပုံ - Justice For Myanmar)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမီး ဒေါ်ခင်သီရိသက်မွန် (ဝဲ)နှင့် သား ဦးအောင်ပြည့်စုံ (ယာ) (ဓါတ်ပုံ - Justice For Myanmar)

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ရဲ့ နေအိမ်ကနေ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမီးနဲ့ သားပိုင်ဆိုင်တဲ့ ပစ္စည်းအထောက်အထားတွေ ထိုင်းတာဝန်ရှိသူတွေ ရှာတွေ့ရှိခဲတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးပါတယ်။

မူးယစ်ဆေးဝါးမှု ငွေကြေးခဝါချမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာထွန်းမင်းလတ်ရဲ့ နေအိမ်တိုက်ခန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမီးနဲ့ သားရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းနဲ့ ဘဏ်စာအုပ်တွေကို ရှာတွေ့ခဲ့တဲ့အကြောင်း တရားဝင်မှတ်တမ်းတွေမှာ ဖေါ်ပြသလို ဒီကိစ္စကို သိရှိတဲ့ လူနှစ်ယောက်ကလည်း ပြောဆိုပါတယ်။

အသက် ၅၃ နှစ်အရွယ် ဒေါက်တာထွန်းမင်းလတ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက တခြားထိုင်းနိုင်ငံသား သုံးဉီးနဲ့အတူ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခဲ့တဲ့အချိန်က သူပါဝင်ပတ်သက်တဲ့ မူးယစ်ဆေးဂိုဏ်းရဲ့ ပိုင်ဆိုင်မှု ထိုင်းဘတ်ငွေ သန်းတထောင့် ရှစ်ရာဖိုး လောက်ကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။ မီးခံသေတ္တာထဲက ငွေကြေးအပြင်၊ ကားတွေ၊ အဖိုးတန် အသုံးအဆောင် ပစ္စည်းတွေ၊ ဟော်တယ်နဲ့ တည်းခိုခန်းတွေကို သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက ဒေါက်တာထွန်းမင်းလတ်ရဲ့ ငွေကြေးလွဲပြောင်းမှု မှတ်တမ်းတွေကို စုံစမ်းခဲ့ပြီးနောက်မှာ အရေးယူတာဖြစ်တဲ့အကြောင်း ထိုင်းတရားရေးဝန်ကြီးကလည်း ပြောဆိုခဲ့ပါတယ်။

ဒေါက်တာထွန်းမင်းလတ်ဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရင်းနှီးပြီး မြန်မာစစ်တပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူပေးနေသူလို့ သတင်းထွက်နေတဲ့အကြောင်း ထိုင်းသတင်းစာတွေမှာ ရေးသားခဲ့ပါတယ်။ အခုသတင်းနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ချက်တစုံတရာ လတ်တလောထွက်လာတာ မရှိသေးပါဘူး။

ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းဆီးချိန်မှာ ထိုင်းရဲတပ်ဖွဲ့က အလိုရှိသူတွေအဖြစ် ကြေညာထားတဲ့ တခြားထိုင်းစီးပွားရေးလုပ်ငန်းရှင် နှစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားထားပါတယ်။

[Unicode]








XS
SM
MD
LG