သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲေတြေၾကာင့္ မုံရြာ-ကေလးဝကားလမ္းမွာ ခရီးသည္နဲ႔ ကုန္တင္ကားေတြ ၅ ရက္ၾကာ ပိတ္မိေန


ကေလးဝၿမိဳ႕အထြက္ မံုရြာ-ကေလးဝလမ္းမကို ၿဂိဳလ္တုဓါတ္ပံုမွေတြ႔ရစဥ္

လက္နက္ကိုင္ ထိေတြ႕တိုက္ပြဲ အေျခအေနေတြေၾကာင့္ မုံ႐ြာ - ကေလးဝ ခ်ိတ္ဆက္ထားတဲ့ မဟာၿမိဳင္လမ္းတေလွ်ာက္ ေမာ္ေတာ္ယာဥ္ေတြ ပိတ္မိေနတာ တပတ္နီးပါးရွိပါၿပီ။ ခရီးသည္တင္ယာဥ္တခ်ိဳ႕ လာရာလမ္းအတိုင္း လွည့္ျပန္သြားတာရွိသလို တခ်ိဳ႕ကေတာ့ လမ္းဖြင့္ေပးမယ့္ အခ်ိန္အထိ ေစာင့္ေနၾကတယ္လို႔ ကိုယ္တိုင္ႀကဳံေတြ႕သူေတြက ေျပာပါတယ္။ ကုန္စည္စီးဆင္းမႈ အခ်ိန္ၾကာျမင့္တာကိုလည္း စိုးရိမ္ေနၾကတဲ့အေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုစံေက်ာ္က ေျပာျပမွာပါ။

စစ္ကိုင္းတိုင္း၊ မုံ႐ြာကေန ကေလးဝကို ခ်ိတ္ဆက္ထားတဲ့ မဟာၿမိဳင္လမ္းတေလွ်ာက္မွာ လက္နက္ကိုင္ပဋိပကၡ အေျခအေန ထိေတြ႕တိုက္ပြဲေတြေၾကာင့္ ခရီးသည္တင္နဲ႔ ကုန္တင္ယာဥ္ေတြ ပိတ္မိေနတာ ၅ ရက္ရွိၿပီလို႔ အဲဒီလမ္းေၾကာင္းေတြကို အသုံးျပဳၿပီး သြားလာေနတဲ့ ေမာ္ေတာ္ယာဥ္လိုင္းရဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

"ေလာေလာဆယ္ကေတာ့ ခရီးသည္ေတြက မ်ားေသာအားျဖင့္က မဟာၿမိဳင္လမ္း အဆင္ေျပတဲ့အခ်ိန္ထိ သူတို႔ေစာင့္ၾကမယ္လို႔ ေျပာတယ္။ ကားလမ္းပိတ္တာက ဒီေန႔နဲ႔ဆို ၅ ရက္ရွိသြားၿပီ။" မဟာၿမိဳင္လမ္းတေလွ်ာက္ ထိေတြ႕တိုက္ပြဲေတြ ျဖစ္ေနၿပီး အခုလို ကားလမ္းအသုံးျပဳမရတဲ့ အေျခအေနေၾကာင့္ ၿမိဳ႕တြင္း ကုန္စည္စီးဆင္းေရးနဲ႔ မျဖစ္မေန ကိစၥနဲ႔ ခရီးသြားလာရမယ္ဆို သြားမရျဖစ္ေနတာေၾကာင့္ ေဒသခံေတြ အခက္ေတြ႕ေနတာပါ။ ပိတ္မိေနတဲ့ ကုန္တင္ယာဥ္နဲ႔ ခရီးသည္တင္ကားေတြ ရာနဲ႔ခ်ီရွိေနၿပီး အမ်ားစုက လမ္းျပန္ဖြင့္မယ့္ အခ်ိန္ထိ ေစာင့္ၿပီးမွ သြားဖို႔ဆုံးျဖတ္ထားၾကတယ္လို႔ ျပန္လွည့္လာတဲ့ ခရီးသည္တင္ ယာဥ္ေမာင္းတဦးက ေျပာပါတယ္။

"ဒီေန႔ မဖြင့္ေသးဘူးခင္ဗ်။ က်ေနာ္ကေတာ့ ခရီးသည္ေတြ ျပန္ခ်င္တယ္ဆိုလို႔ ေအာင္ခ်မ္းသာကေန ျပန္လွည့္ခဲ့တယ္ဗ်။ က်ေနာ္ကေတာ့ ျပန္လွည့္တယ္။ က်န္တဲ့ကားေတြကေတာ့ မလွည့္ဘူး။ ခရီးသည္ေတြကလည္း သူတို႔ အဆင္မေျပေတာ့ဘူး ျပန္မယ္ဆိုလို႔ ခရီးသည္ေတြသေဘာ ျပန္လာခဲ့တယ္ဗ်။ က်န္ခဲ့တဲ့ ကားေတြကေတာ့ သူတို႔ထပ္ေစာင့္မယ္လို႔ ေျပာတယ္ဗ်။ လမ္းဖြင့္ၿပီးရင္ သြားမယ္တဲ့။"

စစ္ကိုင္းတိုင္းထဲက အဓိက လမ္းမႀကီးေတြျဖစ္တဲ့ ယာႀကီးလမ္းနဲ႔ ဂန႔္ေဂါလမ္းကေတာ့ မိုင္းအႏၲရာယ္ေၾကာင့္ သြားမရဘဲ ပိတ္ထားတာ ၂ ႏွစ္နီးပါး ရွိၿပီလို႔ ေျပာပါတယ္။ အခု အဓိက အသုံးျပဳေနရတဲ့ မဟာၿမိဳင္လမ္းကလည္း မိုးရာသီဆို ေရတိုက္စားတဲ့ဒဏ္ေၾကာင့္ သြားလာရ ခက္ခဲတာမ်ိဳး ရွိပါတယ္။

စစ္ကိုင္းတိုင္းမွာ စစ္ေကာင္စီနဲ႔ ကာကြယ္ေရး တပ္ဖြဲ႕ေတြၾကား ထိေတြ႕တိုက္ပြဲေတြက ေနရာအေတာ္မ်ားမ်ားမွာ ရွိေနတာပါ။ NUG အမ်ိဳးသားညီၫြတ္ေရး အစိုးရဘက္ေတာ့ စစ္ကိုင္းတိုင္းက အဓိကလမ္းမႀကီးေတြကို ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ေတြအေနနဲ႔ ထိန္းခ်ဳပ္ထားႏိုင္ၿပီလို႔ ေျပာထားပါတယ္။ အဲဒီထဲမွာ အခုလမ္းပိတ္ေနတဲ့ မဟာၿမိဳင္လမ္းလည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

တိုက်ပွဲတွေကြောင့် မုံရွာ-ကလေးဝကားလမ်းမှာ ခရီးသည်နဲ့ ကုန်တင်ကားတွေ ၅ ရက်ကြာ ပိတ်မိနေ

လက်နက်ကိုင် ထိတွေ့တိုက်ပွဲ အခြေအနေတွေကြောင့် မုံရွာ - ကလေးဝ ချိတ်ဆက်ထားတဲ့ မဟာမြိုင်လမ်းတလျှောက် မော်တော်ယာဉ်တွေ ပိတ်မိနေတာ တပတ်နီးပါးရှိပါပြီ။ ခရီးသည်တင်ယာဉ်တချို့ လာရာလမ်းအတိုင်း လှည့်ပြန်သွားတာရှိသလို တချို့ကတော့ လမ်းဖွင့်ပေးမယ့် အချိန်အထိ စောင့်နေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။ ကုန်စည်စီးဆင်းမှု အချိန်ကြာမြင့်တာကိုလည်း စိုးရိမ်နေကြတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က ပြောပြမှာပါ။

စစ်ကိုင်းတိုင်း၊ မုံရွာကနေ ကလေးဝကို ချိတ်ဆက်ထားတဲ့ မဟာမြိုင်လမ်းတလျှောက်မှာ လက်နက်ကိုင်ပဋိပက္ခ အခြေအနေ ထိတွေ့တိုက်ပွဲတွေကြောင့် ခရီးသည်တင်နဲ့ ကုန်တင်ယာဉ်တွေ ပိတ်မိနေတာ ၅ ရက်ရှိပြီလို့ အဲဒီလမ်းကြောင်းတွေကို အသုံးပြုပြီး သွားလာနေတဲ့ မော်တော်ယာဉ်လိုင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"လောလောဆယ်ကတော့ ခရီးသည်တွေက များသောအားဖြင့်က မဟာမြိုင်လမ်း အဆင်ပြေတဲ့အချိန်ထိ သူတို့စောင့်ကြမယ်လို့ ပြောတယ်။ ကားလမ်းပိတ်တာက ဒီနေ့နဲ့ဆို ၅ ရက်ရှိသွားပြီ။" မဟာမြိုင်လမ်းတလျှောက် ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး အခုလို ကားလမ်းအသုံးပြုမရတဲ့ အခြေအနေကြောင့် မြို့တွင်း ကုန်စည်စီးဆင်းရေးနဲ့ မဖြစ်မနေ ကိစ္စနဲ့ ခရီးသွားလာရမယ်ဆို သွားမရဖြစ်နေတာကြောင့် ဒေသခံတွေ အခက်တွေ့နေတာပါ။ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ကားတွေ ရာနဲ့ချီရှိနေပြီး အများစုက လမ်းပြန်ဖွင့်မယ့် အချိန်ထိ စောင့်ပြီးမှ သွားဖို့ဆုံးဖြတ်ထားကြတယ်လို့ ပြန်လှည့်လာတဲ့ ခရီးသည်တင် ယာဉ်မောင်းတဦးက ပြောပါတယ်။

"ဒီနေ့ မဖွင့်သေးဘူးခင်ဗျ။ ကျနော်ကတော့ ခရီးသည်တွေ ပြန်ချင်တယ်ဆိုလို့ အောင်ချမ်းသာကနေ ပြန်လှည့်ခဲ့တယ်ဗျ။ ကျနော်ကတော့ ပြန်လှည့်တယ်။ ကျန်တဲ့ကားတွေကတော့ မလှည့်ဘူး။ ခရီးသည်တွေကလည်း သူတို့ အဆင်မပြေတော့ဘူး ပြန်မယ်ဆိုလို့ ခရီးသည်တွေသဘော ပြန်လာခဲ့တယ်ဗျ။ ကျန်ခဲ့တဲ့ ကားတွေကတော့ သူတို့ထပ်စောင့်မယ်လို့ ပြောတယ်ဗျ။ လမ်းဖွင့်ပြီးရင် သွားမယ်တဲ့။"

စစ်ကိုင်းတိုင်းထဲက အဓိက လမ်းမကြီးတွေဖြစ်တဲ့ ယာကြီးလမ်းနဲ့ ဂန့်ဂေါလမ်းကတော့ မိုင်းအန္တရာယ်ကြောင့် သွားမရဘဲ ပိတ်ထားတာ ၂ နှစ်နီးပါး ရှိပြီလို့ ပြောပါတယ်။ အခု အဓိက အသုံးပြုနေရတဲ့ မဟာမြိုင်လမ်းကလည်း မိုးရာသီဆို ရေတိုက်စားတဲ့ဒဏ်ကြောင့် သွားလာရ ခက်ခဲတာမျိုး ရှိပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေက နေရာအတော်များများမှာ ရှိနေတာပါ။ NUG အမျိုးသားညီညွတ်ရေး အစိုးရဘက်တော့ စစ်ကိုင်းတိုင်းက အဓိကလမ်းမကြီးတွေကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေအနေနဲ့ ထိန်းချုပ်ထားနိုင်ပြီလို့ ပြောထားပါတယ်။ အဲဒီထဲမှာ အခုလမ်းပိတ်နေတဲ့ မဟာမြိုင်လမ်းလည်း ပါဝင်ပါတယ်။

XS
SM
MD
LG