သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကို လက္နက္ေရာင္းခ်ေနတဲ့ တ႐ုတ္နဲ႔ အိႏၵိယကုမၸဏီေတြမွာ ရင္းႏွီးျမဳပ္ႏွံမႈ ေနာ္ေ၀းကုမၸဏီ ႐ုပ္သိမ္း


ဖေဖာ္ဝါရီ ၂၈၊ ၂၀၂၁ ခုႏွစ္က ရန္ကုန္ၿမိဳ႕တြင္း ဆႏၵျပပြဲေတြကို ႏွိမ္ႏွင္းဖို႔ေရာက္ေနတဲ့ တပ္မ ၇၇ စစ္သားမ်ားကိုေတြ႔ရစဥ္

ျမန္မာစစ္တပ္ကို လက္နက္ေတြ ေရာင္းခ်တဲ့ တ႐ုတ္နဲ႔ အိႏၵိယကုမၸဏီ ၂ ခုမွာ ေနာ္ေဝးႏိုင္ငံေတာ္ ရံပုံေငြ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီက ရင္းႏွီးျမဳပ္ႏွံမႈေတြလုပ္ေတာ့မွာ မဟုတ္ဘူးလို႔ ေနာ္ေဝးဗဟိုဘဏ္က ေျပာပါတယ္။

စစ္ပြဲေတြမွာ လက္နက္အသုံးျပဳပုံနဲ႔ စစ္ပြဲဆင္ႏႊဲပုံ နည္းလမ္းေတြနဲ႔ ပတ္သက္လို႔ ျပဌာန္းထားတဲ့ ႏိုင္ငံတကာ ဥပေဒေတြကို ျမန္မာစစ္တပ္က စနစ္တက် ခ်ိဳးေဖာက္ေနၿပီး၊ ဒီကုမၸဏီေတြက ျမန္မာႏိုင္ငံကို လက္နက္ေတြ ေရာင္းခ်ေနတာဟာ အႏၲရာယ္ႀကီးမားလွတယ္လို႔ ေနာ္ေဝး ႏိုင္ငံေတာ္ပိုင္ ရံပုံေငြအဖြဲ႕က ေျပာပါတယ္။

ဒါကို လက္မခံႏိုင္တာေၾကာင့္ AviChina စက္မႈနဲ႔ နည္းပညာ တ႐ုတ္ကုမၸဏီ နဲ႔ Bharat Electronics အိႏၵိယကုမၸဏီတို႔မွာ ရင္းႏွီးျမႇဳပ္ႏွံထားတာေတြကို ေနာ္ေဝးက ေရႊ႕ေျပာင္းလိုက္တာ ျဖစ္ပါတယ္။ ဗဟိုဘဏ္ရဲ႕ ကိုယ္က်င့္သိကၡာ ဘုတ္အဖြဲ႕က ဒီဆုံးျဖတ္ခ်က္ကို အဆိုျပဳခဲ့ၿပီး ေနာ္ေဝးဗဟိုဘဏ္က ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

AviChina က ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလမွာ အေပါ့စား ေလယာဥ္ေတြကို ေရာင္းခ်ခဲ့ၿပီး၊ Bharat Electronics က အေဝးထိန္းခ်ဳပ္ လက္နက္စခန္းကို ၂၀၂၁ ခုႏွစ္ ဇူလိုင္လမွာ ေရာင္းခ်ခဲ့တာပါ။ ေနာ္ေဝးႏိုင္ငံေတာ္ပိုင္ ရံပုံေငြက အေမရိကန္ ေဒၚလာ ၁.၃ ထရီလီယံ ရွိပါတယ္။ တ႐ုတ္ကုမၸဏီ AviChina ရဲ႕ အစုရွယ္ယာ ဝ.၃၇ ရာႏႈန္း နဲ႔ Bharat Electronics အိႏၵိယကုမၸဏီရဲ႕ အစုရွယ္ယာ ဝ.၃၂ ရာႏႈန္းကို ေနာ္ေဝး ႏိုင္ငံေတာ္ပိုင္ ရံပုံေငြက ၂၀၂၁ အဆုံးမွာ ပိုင္ဆိုင္ထားပါတယ္။

ရင္းႏွီးျမဳပ္ႏွံမႈလုပ္ေနတဲ့ ေငြေတြဟာ ေနာ္ေဝးႏိုင္ငံရဲ႕ သဘာဝဓာတ္ေငြ႕နဲ႔ ေရနံ ေရာင္းရေငြေတြ ျဖစ္ပါတယ္။ ဒီရံပုံေငြကို ကုမၸဏီေပါင္း ၉,၀၀၀ ေက်ာ္မွာ ရင္းႏွီးျမႇဳပ္ႏွံထားတာပါ။ ဒီ Norway Sovereign Wealth Fund ဟာ ကမာၻေပၚက အႀကီးမားဆုံး ရင္းႏွီးျမႇဳပ္ႏွံၾကတဲ့ ေငြေၾကး အဖြဲ႕အစည္းေတြထဲက အဖြဲ႕တစ္ဖြဲ႕လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်ကောင်စီကို လက်နက်ရောင်းချနေတဲ့ တရုတ်နဲ့ အိန္ဒိယကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံမှု နော်ဝေးကုမ္ပဏီ ရုပ်သိမ်း

မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချတဲ့ တရုတ်နဲ့ အိန္ဒိယကုမ္ပဏီ ၂ ခုမှာ နော်ဝေးနိုင်ငံတော် ရံပုံငွေ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ရင်းနှီးမြုပ်နှံမှုတွေလုပ်တော့မှာ မဟုတ်ဘူးလို့ နော်ဝေးဗဟိုဘဏ်က ပြောပါတယ်။

စစ်ပွဲတွေမှာ လက်နက်အသုံးပြုပုံနဲ့ စစ်ပွဲဆင်နွှဲပုံ နည်းလမ်းတွေနဲ့ ပတ်သက်လို့ ပြဌာန်းထားတဲ့ နိုင်ငံတကာ ဥပဒေတွေကို မြန်မာစစ်တပ်က စနစ်တကျ ချိုးဖောက်နေပြီး၊ ဒီကုမ္ပဏီတွေက မြန်မာနိုင်ငံကို လက်နက်တွေ ရောင်းချနေတာဟာ အန္တရာယ်ကြီးမားလှတယ်လို့ နော်ဝေး နိုင်ငံတော်ပိုင် ရံပုံငွေအဖွဲ့က ပြောပါတယ်။

ဒါကို လက်မခံနိုင်တာကြောင့် AviChina စက်မှုနဲ့ နည်းပညာ တရုတ်ကုမ္ပဏီ နဲ့ Bharat Electronics အိန္ဒိယကုမ္ပဏီတို့မှာ ရင်းနှီးမြှုပ်နှံထားတာတွေကို နော်ဝေးက ရွှေ့ပြောင်းလိုက်တာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ ကိုယ်ကျင့်သိက္ခာ ဘုတ်အဖွဲ့က ဒီဆုံးဖြတ်ချက်ကို အဆိုပြုခဲ့ပြီး နော်ဝေးဗဟိုဘဏ်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

AviChina က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အပေါ့စား လေယာဉ်တွေကို ရောင်းချခဲ့ပြီး၊ Bharat Electronics က အဝေးထိန်းချုပ် လက်နက်စခန်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ရောင်းချခဲ့တာပါ။ နော်ဝေးနိုင်ငံတော်ပိုင် ရံပုံငွေက အမေရိကန် ဒေါ်လာ ၁.၃ ထရီလီယံ ရှိပါတယ်။ တရုတ်ကုမ္ပဏီ AviChina ရဲ့ အစုရှယ်ယာ ဝ.၃၇ ရာနှုန်း နဲ့ Bharat Electronics အိန္ဒိယကုမ္ပဏီရဲ့ အစုရှယ်ယာ ဝ.၃၂ ရာနှုန်းကို နော်ဝေး နိုင်ငံတော်ပိုင် ရံပုံငွေက ၂၀၂၁ အဆုံးမှာ ပိုင်ဆိုင်ထားပါတယ်။

ရင်းနှီးမြုပ်နှံမှုလုပ်နေတဲ့ ငွေတွေဟာ နော်ဝေးနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံ ရောင်းရငွေတွေ ဖြစ်ပါတယ်။ ဒီရံပုံငွေကို ကုမ္ပဏီပေါင်း ၉,၀၀၀ ကျော်မှာ ရင်းနှီးမြှုပ်နှံထားတာပါ။ ဒီ Norway Sovereign Wealth Fund ဟာ ကမ္ဘာပေါ်က အကြီးမားဆုံး ရင်းနှီးမြှုပ်နှံကြတဲ့ ငွေကြေး အဖွဲ့အစည်းတွေထဲက အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

XS
SM
MD
LG