သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဇီလန်ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို


နယူးဇီလန်ဝန်ကြီးချုပ်အသစ် ခရစ္စဟစ်ပ်ကင်စ် (ယာ)၊ နယူးဇီလန်ဘုရင်ခံချုပ် စင်ဒီကီရို (အလယ်)နှင့် ဒုဝန်ကြီးချုပ် ကာမယ်လ်စစ်ပလိုနီ (ဝဲ)
နယူးဇီလန်ဝန်ကြီးချုပ်အသစ် ခရစ္စဟစ်ပ်ကင်စ် (ယာ)၊ နယူးဇီလန်ဘုရင်ခံချုပ် စင်ဒီကီရို (အလယ်)နှင့် ဒုဝန်ကြီးချုပ် ကာမယ်လ်စစ်ပလိုနီ (ဝဲ)

နယူးဇီလန်နိုင်ငံရဲ့ ၄၁ ယောက်မြောက် ဝန်ကြီးချုပ်အသစ်အဖြစ်နဲ့ ခရစ္စဟစ်ပ်ကင်စ် (Chris Hipkins) ဟာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါပြီ။ ဒါဟာ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်း (Jacinda Arden) က ရာထူးကနှုတ်ထွက်ကြောင်း ရုတ်တရက်ကြေညာအပြီး အာဏာရပါတီအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပြီး ခရစ္စဟစ်ပ်ကင်စ်ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက် တင်မြောက်ခဲ့ကြတာပါ။

ဝန်ကြီးချုပ်ဟောင်း အာဒန်ရဲ့ နုတ်ထွက်လွှာကို လက်ခံပြီးတဲ့နောက် နယူးဇီလန် ဘုရင်ခံချုပ် စင်ဒီကီရို (Cindy Kiro)က မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေရဲ့ရှေ့မှာ ဝန်ကြီးချုပ်သစ်ကို ကျမ်းသစ္စာကျိန်ဆိုပေးခဲ့တာပါ။

ဝန်ကြီးချုပ်သစ် ခရစ္စဟစ်ပ်ကင်စ်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့နောက်ဆက်တွဲအဖြစ် ထွက်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုကိစ္စ အပါအဝင် စီးပွားရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ သူ့အစိုးရအဖွဲ့ဲရဲ့ ဦးစားပေးလုပ်ငန်းဟာ လူနေမှုစားရိတ် လျော့ကျရေးဖြစ်ကြောင်း ပထမဆုံးအကြိမ် အစိုးရအဖွဲ့ စည်းဝေးပွဲအပြီးမှာ ဝန်ကြီးချုပ်ခရစ္စဟစ်ပ်ကင်စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဌာနေတိုင်းရင်းသားလူမျိုးတဦးဖြစ်သူ ကာမယ်လ်စစ်ပလိုနီ (Carmel Sepuloni) ဟာလည်း နယူးဇီလန်သမိုင်းမှာ ပစိဖိတ်ကျွန်းနိုင်ငံသားတဦးအနေနဲ့ ဒုတိယ ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။

နယူးဇီလန်နိုင်ငံရဲ့ အကြီးအကဲဟာ ဗြိတိန်တတိယချားလ်ဘုရင် Charles III ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဘုရင်ဟာ အဆောင်အယောင်သဘောအဆင့်သာ ရှိပါတော့တယ်။

တိုက်ရိုက် လင့်ခ်

[Unicode]







XS
SM
MD
LG