သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရွးအက်ဆံုးျဖစ္ႏိုင္တဲ့ မံမီ႐ုပ္အေလာင္းကို တူးေဖာ္ေတြ႕ 


ေရွးေဟာင္း သုေတသနပညာရွင္ Zahi Hawass က မံမီ႐ုပ္အေလာင္းအသစ္နဲ႔အတူ တျခားေရွးေဟာင္း ပစၥည္းေတြ ရွာေဖြေတြ႔ရွိမႈနဲ႔ပတ္သက္လို႔ သတင္းစာရွင္းလင္းပြဲျပဳလုပ္ေနစဥ္ (ဇန္နဝါရီ ၂၆၊ ၂၀၂၃)

အီဂ်စ္ႏိ္ုင္ငံမွာ ေရွးအက်ဆုံးျဖစ္ႏိုင္တဲ့ မံမီ႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့တယ္လို႔ နာမည္ႀကီး ေရွးေဟာင္း သုေတသနပညာရွင္ တစ္ဦးက ေျပာၾကားလိုက္ပါတယ္။ ႏွစ္ရွည္ခံေအာင္ စီမံစည္းၾကပ္ထားတဲ့ မံမီ႐ုပ္အေလာင္းေတြကို ဖာ႐ိုဘုရင္ေတြနဲ႔ ေတာ္ဝင္မိသားစုဝင္ေတြ၊ ႂကြယ္ဝခ်မ္းသာသူေတြ ခမ္းခမ္းနားနား ျမႇပ္ႏွံၾကေလ့ရွိၿပီး အခုေတြ႕တဲ့ မံမီ႐ုပ္အေလာင္းကေတာ့ ေတာ္ဝင္မိသားစုဝင္ထဲကမဟုတ္တဲ့ ပထမဆံုး မံမီျဖစ္ႏိုင္တယ္လို႔ ေရွးေဟာင္း သုေတသနပညာရွင္ Zahi Hawass က ၾကာသပေတးေန႔က ေျပာၾကားခဲ့တာပါ။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၃၀၀ ေက်ာ္က စီမံခဲ့ပံုရတဲ့ မံမီ႐ုပ္အေလာင္းကို အီဂ်စ္ရဲ႕ ဒုတိယ အႀကီးဆုံးၿမိဳ႕ ျဖစ္တဲ့ ဂီဇာ (Giza) မွာေတြ႕ခဲ့တာပါ။ Saqqara အရပ္မွာ လတ္တေလာမွာ တူးေဖာ္ေတြ႕ရွိထားတဲ့ ပဥၥမေျမာက္နဲ႔ ဆတၳမေျမာက္မင္းဆက္ေတြ လက္ထက္ အုတ္ဂူေတြနားက ၁၅ မီတာနက္တဲ့ ေျမေအာက္ခန္းထဲမွာ ေရွးအက်ဆံုးျဖစ္ႏိုင္တဲ့ မံမီ႐ုပ္အေလာင္းကို တူးေဖာ္ေတြ႕ခဲ့တာပါ။ Hekashepes လို႔အမည္ရတဲ့ အမ်ဳိးသားမံမီ႐ုပ္အေလာင္းကို ေရႊခ်ထားတဲ့ သစ္ရြက္ေတြနဲ႔ ေခါင္းတလားထဲမွာ ျမႇပ္ႏွံလ်က္ေတြ႕ရွိတယ္လို႔ ေရွးေဟာင္းသုေတသနပညာရွင္ Zahi Hawass ကေျပာပါတယ္။

၂၅၀၀ ဘီစီကေန ၂၁၀၀ ဘီစီၾကား တည္ရွိခဲ့တဲ့ ေရွးေဟာင္းတိုင္းျပည္ Old Kingdom ေနရာမွာ ေရွးေဟာင္းသုေတသနပညာရွင္ေတြ ၁ ႏွစ္ၾကာ တူးေဖာ္မႈအတြင္း ေရွးေဟာင္း အုတ္ဂူ ၂ ခုအျပင္ ေက်ာက္နဲ႔လုပ္ထားတဲ့ ေခါင္းတလားေတြ၊ ႐ုပ္တုေတြ၊ ေျမအိုးေတြကိုလည္း ေတြ႕ရွိခဲ့ၾကတာပါ။ အခုလို ေရွးေဟာင္းတိုင္းျပည္ Old Kingdom ေခတ္ကေတ႔ြရွိတဲ့ ေရွးေဟာင္းပစၥည္းေတြနဲ႔ပါတ္သက္လို႔ ဆက္လက္ စူးစမ္းေလ့လာသြားမယ္လို႔ သုေတသနပညာရွင္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ရှေးအကျဆုံးဖြစ်နိုင်တဲ့ မံမီရုပ်အလောင်းကို တူးဖော်တွေ့

အီဂျစ်နိုင်ငံမှာ ရှေးအကျဆုံးဖြစ်နိုင်တဲ့ မံမီရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ နာမည်ကြီး ရှေးဟောင်း သုတေသနပညာရှင် တစ်ဦးက ပြောကြားလိုက်ပါတယ်။ နှစ်ရှည်ခံအောင် စီမံစည်းကြပ်ထားတဲ့ မံမီရုပ်အလောင်းတွေကို ဖာရိုဘုရင်တွေနဲ့ တော်ဝင်မိသားစုဝင်တွေ၊ ကြွယ်ဝချမ်းသာသူတွေ ခမ်းခမ်းနားနား မြှပ်နှံကြလေ့ရှိပြီး အခုတွေ့တဲ့ မံမီရုပ်အလောင်းကတော့ တော်ဝင်မိသားစုဝင်ထဲကမဟုတ်တဲ့ ပထမဆုံး မံမီဖြစ်နိုင်တယ်လို့ ရှေးဟောင်း သုတေသနပညာရှင် Zahi Hawass က ကြာသပတေးနေ့က ပြောကြားခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃၀၀ ကျော်က စီမံခဲ့ပုံရတဲ့ မံမီရုပ်အလောင်းကို အီဂျစ်ရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ ဂီဇာ (Giza) မှာတွေ့ခဲ့တာပါ။ Saqqara အရပ်မှာ လတ်တလောမှာ တူးဖော်တွေ့ရှိထားတဲ့ ပဉ္စမမြောက်နဲ့ ဆတ္ထမမြောက်မင်းဆက်တွေ လက်ထက် အုတ်ဂူတွေနားက ၁၅ မီတာနက်တဲ့ မြေအောက်ခန်းထဲမှာ ရှေးအကျဆုံးဖြစ်နိုင်တဲ့ မံမီရုပ်အလောင်းကို တူးဖော်တွေ့ခဲ့တာပါ။ Hekashepes လို့အမည်ရတဲ့ အမျိုးသားမံမီရုပ်အလောင်းကို ရွှေချထားတဲ့ သစ်ရွက်တွေနဲ့ ခေါင်းတလားထဲမှာ မြှပ်နှံလျက်တွေ့ရှိတယ်လို့ ရှေးဟောင်းသုတေသနပညာရှင် Zahi Hawass ကပြောပါတယ်။ ၂၅၀၀ ဘီစီကနေ ၂၁၀၀ ဘီစီကြား တည်ရှိခဲ့တဲ့ ရှေးဟောင်းတိုင်းပြည် Old Kingdom နေရာမှာ ရှေးဟောင်းသုတေသနပညာရှင်တွေ ၁ နှစ်ကြာ တူးဖော်မှုအတွင်း ရှေးဟောင်း အုတ်ဂူ ၂ ခုအပြင် ကျောက်နဲ့လုပ်ထားတဲ့ ခေါင်းတလားတွေ၊ ရုပ်တုတွေ၊ မြေအိုးတွေကိုလည်း တွေ့ရှိခဲ့ကြတာပါ။ အခုလို ရှေးဟောင်းတိုင်းပြည် Old Kingdom ခေတ်ကတေ့ွရှိတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ပါတ်သက်လို့ ဆက်လက် စူးစမ်းလေ့လာသွားမယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။

XS
SM
MD
LG