စစ္ေကာင္စီ က်င္းပမယ့္ ေ႐ြးေကာက္ပြဲကို လက္မခံ၊ ဆန္႔က်င္ကန္႔ကြက္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ဒီကေန႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
“တည္ဆဲဥပေဒမ်ားကို ခ်ိဳးေဖာက္ၿပီး၊ ႏိုင္ငံေတာ္ပုန္ကန္မႈကို က်ဴးလြန္ထားေသာ စစ္ေကာင္စီ၏ ေဆာင္႐ြက္မႈမွန္သမွ်သည္ တရားဝင္မႈ မ႐ွိသျဖင့္ ၎တို႔က်င္းပမည့္ အတုအေယာင္ ေ႐ြးေကာက္ပြဲအား မိမိတို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနျဖင့္ ခိုင္မာစြာ ဆန္႔က်င္ကန္႔ကြက္ေနမည္ ျဖစ္သည္” လို႔ ေၾကညာခ်က္မွာ ေရးထားပါတယ္။
ဒါ့အျပင္ စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္႐ြက္မယ့္ လူပုဂၢိဳလ္၊ အဖြဲ႔အစည္းေတြကိုလည္း ႏိုင္ငံေတာ္ ပုန္ကုန္က်ဴးလြန္ရာမွာ အားေပးကူညီသူေတြအျဖစ္ သတ္မွတ္သြားမယ္လို႔လည္း ေဖၚျပထားပါတယ္။
NLD ဟာ လက္႐ွိ တရားဝင္ပါတီအျဖစ္ ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ NLD ရဲ႕ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က အခုခ်ိန္ထိ တစုံတရာတုံ႔ျပန္တာေတာ့ မ႐ွိေသးပါဘူး။
ဇန္နဝါရီလ (၂၉ ) ရက္ေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာလည္း NLD လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈမွတ္တမ္းမ်ား ေကာက္ယူေရးအဖြဲ႔က ျပဳစုထားတဲ့ စစ္ေကာင္စီရဲ႕ ျပစ္မႈက်ဴးလြန္မႈ ေနာက္ဆုံးမွတ္တမ္းစာရင္းေတြကို ေဖၚျပထားပါတယ္။ စစ္ေကာင္စီရဲ႕ ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္မႈေၾကာင့္ ေသဆုံးခဲ့သူေပါင္း ၃,၀၀၀ ေက်ာ္႐ွိၿပီး အဲဒီထဲမွာ NLD ပါတီဝင္ ၈၄ ဦးနဲ႔ လႊတ္ေတာ္အမတ္ႏွစ္ဦး ပါဝင္ေၾကာင္း ေဖၚျပထားပါတယ္။ ဒါ့အျပင္ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း ၈၀ ဦး၊ NLD ပါတီဝင္ ၁,၀၀၀ ေက်ာ္ အပါအဝင္ စစ္ေကာင္စီက ဥပေဒမဲ့ ဖမ္းဆီးထားတဲ့ လူဦးေရစုစုေပါင္း ၁၀,၀၀၀ နီးပါး႐ွိေနဆဲ ျဖစ္တယ္ဆိုၿပီး ေရးထားပါတယ္။ စစ္ေကာင္စီဘက္က ေနအိမ္ေတြကို အၾကမ္းဖက္၊ လုယက္၊ မီး႐ွိ႕ဖ်က္ဆီးခဲ့တဲ့ ျဖစ္စဥ္အေရအတြက္ေတြကိုလည္း ေၾကညာခ်က္မွာ အေသးစိတ္ေဖၚျပထားပါတယ္။
ဒီအေတာအတြင္း နယူးေယာက္ ကုလသမဂၢလုံျခဳံေရးေကာင္စီမွာ ဇန္နဝါရီလ ၂၆ ရက္ေန႔က က်င္းပတဲ့ ၿငိမ္းခ်မ္းေရးကိစၥေဆြးေႏြးပြဲမွာ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ပါဝင္ေဆြးေႏြးခဲ့ပါတယ္။ အဲဒီမွာ ျမန္မာစစ္တပ္ေၾကာင့္ ႏိုင္ငံရဲ႕ အဖြဲ႔အစည္းေတြ ထိခိုက္ပ်က္စီးမႈရဲ႕ ဆိုးက်ိဳး အလြန္ႀကီးမားၿပီး ျမန္မာႏိုင္ငံသာမက ေဒသတြင္းႏိုင္ငံေတြနဲ႔ အျခားႏိုင္ငံေတြကိုပါ ထိခိုက္ေစတယ္လို႔ လုံျခဳံေရးေကာင္စီမွာ ေျပာၾကားခဲ့ပါတယ္။
ဒီေဆြးေႏြးပြဲကိုေတာ့ ဇန္နဝါရီလအတြက္ လုံျခဳံေရးေကာင္စီရဲ႕ အလွည့္က်ဥကၠဌျဖစ္တဲ့ ဂ်ပန္ႏိုင္ငံက ဦးေဆာင္က်င္းပတာျဖစ္ေၾကာင္း နယူးေယာက္မွာ႐ွိတဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႔႐ုံးက သတင္းထုတ္ျပန္ပါတယ္။
==== Unicode =====
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံ၊ ဆန့်ကျင်ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
“တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး၊ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသော စစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှု မရှိသဖြင့် ၎င်းတို့ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအား မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်နေမည် ဖြစ်သည်” လို့ ကြေညာချက်မှာ ရေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုလည်း နိုင်ငံတော် ပုန်ကုန်ကျူးလွန်ရာမှာ အားပေးကူညီသူတွေအဖြစ် သတ်မှတ်သွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။
NLD ဟာ လက်ရှိ တရားဝင်ပါတီအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ NLD ရဲ့ကြေညာချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အခုချိန်ထိ တစုံတရာတုံ့ပြန်တာတော့ မရှိသေးပါဘူး။
ဇန်နဝါရီလ (၂၉ ) ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း NLD လူ့အခွင့်အရေး ချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့က ပြုစုထားတဲ့ စစ်ကောင်စီရဲ့ ပြစ်မှုကျူးလွန်မှု နောက်ဆုံးမှတ်တမ်းစာရင်းတွေကို ဖေါ်ပြထားပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူပေါင်း ၃,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ NLD ပါတီဝင် ၈၄ ဦးနဲ့ လွှတ်တော်အမတ်နှစ်ဦး ပါဝင်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၈၀ ဦး၊ NLD ပါတီဝင် ၁,၀၀၀ ကျော် အပါအဝင် စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ လူဦးရေစုစုပေါင်း ၁၀,၀၀၀ နီးပါးရှိနေဆဲ ဖြစ်တယ်ဆိုပြီး ရေးထားပါတယ်။ စစ်ကောင်စီဘက်က နေအိမ်တွေကို အကြမ်းဖက်၊ လုယက်၊ မီးရှိ့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်အရေအတွက်တွေကိုလည်း ကြေညာချက်မှာ အသေးစိတ်ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်း နယူးယောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ မြန်မာစစ်တပ်ကြောင့် နိုင်ငံရဲ့ အဖွဲ့အစည်းတွေ ထိခိုက်ပျက်စီးမှုရဲ့ ဆိုးကျိုး အလွန်ကြီးမားပြီး မြန်မာနိုင်ငံသာမက ဒေသတွင်းနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေကိုပါ ထိခိုက်စေတယ်လို့ လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကိုတော့ ဇန်နဝါရီလအတွက် လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌဖြစ်တဲ့ ဂျပန်နိုင်ငံက ဦးဆောင်ကျင်းပတာဖြစ်ကြောင်း နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။