သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၾသစေၾတးလ်အိုးပင္း Djokovic ဗိုလ္စြဲၿပီး Nadal နဲ႔ Grand Slam အမ်ားဆုံးစံခ်ိန္တူ


Australian Open - Men's Singles Final

ၾသစေၾတးလ် အိုးပင္းတင္းနစ္ (Australian Open) ၿပိဳင္ပြဲမွာ Novak Djokovic ဗိုလ္စြဲၿပီး ဂရန္းစလမ္း (Grand Slam) ခ်န္ပီယံဆုကို ၂၂ ႀကိမ္ေျမာက္ အႏိုင္ရသြားပါတယ္။ ၾသစေၾတးလ်အိုးပင္း အမ်ိဳးသားတဦးခ်င္းဖိုင္နယ္ကို မဲလ္ဘုန္းၿမိဳ႕မွာ Rod Laver ကြင္းမွာ ဒီေန႔ ကစားၾကတာမွာ Novak Djokovic က ဂရိႏိုင္ငံက Stefanos Tsitsipas ကို ၆-၃၊ ၇-၆၊ ၇-၆ နဲ႔ ၃ ပြဲျပတ္ အႏိုင္ရၿပီး ခ်န္ပီယံ ျဖစ္သြားခဲ့ပါတယ္။

ပထမပြဲမွာ Djokovic အတြက္ သိပ္အခက္အခဲ မ႐ွိခဲ့ေပမယ့္၊ ဒုတိယနဲ႔ တတိယပြဲေတြမွာေတာ့ Tie Break အထိ အေတာ္ေလးကို အႀကိတ္အနယ္ကစားၿပီးမွ အႏိုင္ရခဲ့တာပါ။

Djokovic အတြက္ေတာ့ ဒါက ၾသစေၾတးလ်အိုးပင္းကို ၁၀ ႀကိမ္ေျမာက္ ဗိုလ္စြဲၿပီး အမ်ားဆုံးစံခ်ိန္တင္လိုက္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Djokovic ဟာ ဒီပြဲကို အႏိုင္ရလိုက္တဲ့အတြက္၊ ဂရန္းစလမ္းၿပိဳင္ပြဲေတြမွာ ၂၂ ႀကိမ္ ဗိုလ္စြဲၿပီး စပိန္ႏိုင္ငံသား Rafael Nadal နဲ႔ စံခ်ိန္တူသြားပါတယ္။ အမ်ိဳးသားဘက္မွာေတာ့ Djokovic နဲ႔ Nadal တို႔က ဂရန္းစလမ္းကို ၂၂ ႀကိမ္နဲ႔ ပူးတြဲအမ်ားဆုံး စံခ်ိန္တင္ထားၿပီး၊ Roger Federer က အႀကိမ္ ၂၀ ရထားပါတယ္။

Djokovic ဟာ မႏွစ္က ျပည္ဝင္ခြင့္ဗီဇာျပႆနာေၾကာင့္ ကစားခြင့္မရဘဲ၊ ဒီႏွစ္မွ ျပန္ကစားခြင့္ရခဲ့တာပါ။ အဲဒီလိုအေျခအေနေတြေၾကာင့္ ဒီၿပိဳင္ပြဲက သူ႔အတြက္ စိန္ေခၚမႈအမ်ားဆုံးၿပိဳင္ပြဲေတြထဲက တပြဲျဖစ္သလို၊ ဒါက သူ႔ဘဝအတြက္ အႀကီးမားဆုံးေအာင္ျမင္မႈလို႔လည္း ေျပာႏိုင္တယ္လို႔ ပြဲအၿပီးမွာ ေျပာၾကားလိုက္ပါတယ္။

ဂ်ိဳကိုဗစ္ခ်္ဟာ ဒီပြဲႏိုင္လိုက္တဲ့အတြက္ ကမၻာ့အဆင့္ ၁ ေနရာကို ျပန္ရ႐ွိသြားၿပီ ျဖစ္ပါတယ္။

=== Unicode ====

သြစတြေးလျ အိုးပင်းတင်းနစ် (Australian Open) ပြိုင်ပွဲမှာ Novak Djokovic ဗိုလ်စွဲပြီး ဂရန်းစလမ်း (Grand Slam) ချန်ပီယံဆုကို ၂၂ ကြိမ်မြောက် အနိုင်ရသွားပါတယ်။ သြစတြေးလျအိုးပင်း အမျိုးသားတဦးချင်းဖိုင်နယ်ကို မဲလ်ဘုန်းမြို့မှာ Rod Laver ကွင်းမှာ ဒီနေ့ ကစားကြတာမှာ Novak Djokovic က ဂရိနိုင်ငံက Stefanos Tsitsipas ကို ၆-၃၊ ၇-၆၊ ၇-၆ နဲ့ ၃ ပွဲပြတ် အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

ပထမပွဲမှာ Djokovic အတွက် သိပ်အခက်အခဲ မရှိခဲ့ပေမယ့်၊ ဒုတိယနဲ့ တတိယပွဲတွေမှာတော့ Tie Break အထိ အတော်လေးကို အကြိတ်အနယ်ကစားပြီးမှ အနိုင်ရခဲ့တာပါ။

Djokovic အတွက်တော့ ဒါက သြစတြေးလျအိုးပင်းကို ၁၀ ကြိမ်မြောက် ဗိုလ်စွဲပြီး အများဆုံးစံချိန်တင်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Djokovic ဟာ ဒီပွဲကို အနိုင်ရလိုက်တဲ့အတွက်၊ ဂရန်းစလမ်းပြိုင်ပွဲတွေမှာ ၂၂ ကြိမ် ဗိုလ်စွဲပြီး စပိန်နိုင်ငံသား Rafael Nadal နဲ့ စံချိန်တူသွားပါတယ်။ အမျိုးသားဘက်မှာတော့ Djokovic နဲ့ Nadal တို့က ဂရန်းစလမ်းကို ၂၂ ကြိမ်နဲ့ ပူးတွဲအများဆုံး စံချိန်တင်ထားပြီး၊ Roger Federer က အကြိမ် ၂၀ ရထားပါတယ်။

Djokovic ဟာ မနှစ်က ပြည်ဝင်ခွင့်ဗီဇာပြဿနာကြောင့် ကစားခွင့်မရဘဲ၊ ဒီနှစ်မှ ပြန်ကစားခွင့်ရခဲ့တာပါ။ အဲဒီလိုအခြေအနေတွေကြောင့် ဒီပြိုင်ပွဲက သူ့အတွက် စိန်ခေါ်မှုအများဆုံးပြိုင်ပွဲတွေထဲက တပွဲဖြစ်သလို၊ ဒါက သူ့ဘဝအတွက် အကြီးမားဆုံးအောင်မြင်မှုလို့လည်း ပြောနိုင်တယ်လို့ ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။

ဂျိုကိုဗစ်ချ်ဟာ ဒီပွဲနိုင်လိုက်တဲ့အတွက် ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်ရရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG