=== [[ ZAWGYI ]] ===
လြတ္ရက္ေစ႔ျမန္မာေတြ ထိိုင္းဘက္ကျပန္ပို႔
ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ထိုင္းျမန္မာနယ္စပ္ ရေနာင္း လူ၀င္မူ့ႀကီးႀကပ္ေရးအခ်ဳပ္ခန္းမွာ ထိမ္းခ်ဳပ္ခံထားရတဲ့ လြက္ရက္ေစ့ ျမန္မာ ၆၇၀ ေက်ာ္ဟာ ေနရပ္ျပန္ႏိုင္ေရးအတြက္ ဇန္န၀ါရီလ ၂၈ ရက္ေန႔က ဆႏၵျပခဲ့ၿပီးတဲ့ေနာက္ ေဖေဖၚ၀ါရီလ ၂ ရက္ေန႔မွာ အခ်ဳပ္ထဲက ျမန္မာအားလံုးကို ထုိင္းျမန္မာအာဏာပိုင္ေတြက ေနရပ္ျပန္ပုိ႔ေပးခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။
ထိန္းသိမ္းခံ အမ်ားစုုဟာ ထိုုင္းေတာင္ပိုုင္း အက်ဥ္းေထာင္ေတြကေန လြတ္ရက္ေစ့လိုု ့ ျမန္မာျပည္ပိုု႔ဖို႔ အခုုလိုု ရေနာင္း လ၀ကမွာ ျပည္ေတာ္ျပန္ဖို႔ ေစာင့္ေနၾကေပမယ့္ အနည္းဆံုး ၆ လဆက္လက္ ထိန္းသိမ္းခံေနရတာပါ။ သူတို႔ကို ေနရပ္ျပန္ပုိ႔ဖို ့အတြက္ ဇန္န၀ါရီလ ၂၈ ရက္ေန႔မွာ ဆႏၵျပခဲ့ၾကၿပီးတဲ့ေနာက္ ထိုင္းျမန္မာ ႏွစ္ႏိုင္ငံအာဏာပိုင္ေတြက သူတို႔ အားလံုးကို ေနရပ္ျပန္ပို႔ ေပးခဲ့တာျဖစ္တယ္လို႔ ေကာ့ေသာင္းၿမိဳ ႔ပညာေရးနဲ႔ ဖြံၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း ေ႐ႊ႕ေျပာင္းအလုပ္သမား အရင္းျမစ္စင္တာ (MWRC)တာဝန္ခံ ဦးမိုးေဝက အခုလို ေျပာပါတယ္။
" ရက္ႀကာျပီး ထိန္းသိမ္းထားရာကေန ဆႏၵျပမူေတြျဖစ္တယ္၊ အဲဒီေတာ့ တာ၀န္ရွိသူေတြျဖစ္တဲ့ ျမန္မာသံရံုးနဲ႔ ထိုင္းတာ၀န္ရွိသူေတြလာျပီး ေျဖရွင္းေပးႏိုင္ခဲ့တယ္၊ ဒီေန႔ ေဖေဖၚ၀ါရီ ၂ ရက္ေန႔မွာေတာ့ လြတ္ရက္ေစ့တဲ့ ျမန္မာႏိုင္ငံသား ၆၀၀ ေက်ာ္ကို ျပန္လည္ႀကိဳဆိုေရးနဲ႕ပို႔ေဆာင္တဲ့ အစီစဥ္ေတြကို ေဆာင္ရြက္ေနတာျဖစ္ပါတယ္၊ လူ ၆၀၀ ေက်ာ္ကုိ တခါတည္း ပုိ႔တယ္ အဲဒီထဲမွာ အမ်ိဳးသမီးက ၁၃၆ ေယာက္ပါပါတယ္၊ ရန္ကုန္က လူေတြကိုေတာ့ သေဘၤာနဲ႔ ပုိ႔ေဆာင္ဖုိ ့အစီစဥ္ရွိတယ္ အေသးစိတ္ေတာ့ မသိရေသးဘူး။ "
ထိုင္းဘက္က ရေနာင္းလ၀က အခ်ဳပ္ထဲမွာ လနဲ႔ခ်ီ ၾကန္႕ၾကာေနရတာေတြ အစားအစား မလံုေလာက္တာ က်န္းမာေရးဆိုင္ရာ ျပႆနာေတြအျပင္ ေနထိုင္းေရးက်ပ္တည္းတာေတြေၾကာင့္ လြတ္ရက္ေစ့ျမန္မာေတြက ဆႏၵျပခဲ့ၾကတာျဖစ္တယ္လို႔ ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္းက အလုပ္သမားေရးရာတာ၀န္ခံ ဦးမင္းဦးကလည္း ေျပာျပပါတယ္။
" ေနရထုိင္ရတာက လူကလည္းမ်ားေတာ့ ဒုကၡေရာက္တယ္ေလ၊ က်န္းမာေရးက အေရျပားေရာဂါေတြ ေသာက္သံုးေရ လိုအပ္တာေတြရွိတယ္၊ အဓိကေတာ့ အေရျပားနဲ႔ ပတ္သက္တဲ့ေရာဂါေတြ ေပြး၀ဲယားနာ။ အထဲမွာ အ၀တ္အစားမလံုေလာက္တာ အမ်ားနဲ့ေနရတာေတြ ဆိုေတာ့ အဲဒီေရာဂါေတြလည္းျဖစ္ႀကတယ္။ "
သူတို႔ဟာ ကိုဗစ္ကပ္ေဘးကာလကစၿပီး ျမန္မာဘက္က လက္ခံႏိုင္တဲ့ အေရအတြက္ေပၚမူတည္ၿပီး လူစုခဲြကာ တလကို တႀကိမ္ ၂ ႀကိမ္ခန္႕သာ လူအကန္႕အသတ္နဲ႕ ျပန္ပို႔ေပးေနတာေၾကာင့္ ၾကန္႕ၾကာမူေတြျဖစ္ၿပီး အခ်ဳပ္ေထာင္ထဲမွာ ၆ လေက်ာ္ ၇ လေလာက္အထိ ဆက္ၿပီး ေနထိုင္ေနရသူေတြပါ။ ဒီအတြက္ေၾကာင့္ လြတ္ရက္ေစ့ျမန္မာေတြဟာ ၿပီးခဲ့တဲ့ႏွစ္ကလည္း ဆႏၵျပခဲ့ၾကၿပီးမွ ျပန္ပို႔ေပးတာေတြ ရွိခဲ့ပါတယ္။ အခုလည္း ဆႏၵျပတာေတြျဖစ္ၿပီးမွ ဒီလူေတြကို အစုအေ၀းနဲ႕ျမန္ျမန္ဆန္ဆန္ ျပန္ပို႔ေပးခဲ့တာလည္း ျဖစ္ပါတယ္ရွင္။
=== {{ UNICODE }} ===
လွတ်ရက်စေ့မြန်မာတွေ ထိိုင်းဘက်ကပြန်ပို့
ထိုင်းနိုင်ငံတောင်ပိုင်း၊ ထိုင်းမြန်မာနယ်စပ် ရနောင်း လူဝင်မူ့ကြီးကြပ်ရေးအချုပ်ခန်းမှာ ထိမ်းချုပ်ခံထားရတဲ့ လွက်ရက်စေ့ မြန်မာ ၆၇၀ ကျော်ဟာ နေရပ်ပြန်နိုင်ရေးအတွက် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ပြီးတဲ့နောက် ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ အချုပ်ထဲက မြန်မာအားလုံးကို ထိုင်းမြန်မာအာဏာပိုင်တွေက နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိန်းသိမ်းခံ အများစုုဟာ ထိုုင်းတောင်ပိုုင်း အကျဉ်းထောင်တွေကနေ လွတ်ရက်စေ့လိုု ့ မြန်မာပြည်ပိုု့ဖို့ အခုုလိုု ရနောင်း လဝကမှာ ပြည်တော်ပြန်ဖို့ စောင့်နေကြပေမယ့် အနည်းဆုံး ၆ လဆက်လက် ထိန်းသိမ်းခံနေရတာပါ။ သူတို့ကို နေရပ်ပြန်ပို့ဖို ့အတွက် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပြီးတဲ့နောက် ထိုင်းမြန်မာ နှစ်နိုင်ငံအာဏာပိုင်တွေက သူတို့ အားလုံးကို နေရပ်ပြန်ပို့ ပေးခဲ့တာဖြစ်တယ်လို့ ကော့သောင်းမြို ့ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC)တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။
" ရက်ကြာပြီး ထိန်းသိမ်းထားရာကနေ ဆန္ဒပြမူတွေဖြစ်တယ်၊ အဲဒီတော့ တာဝန်ရှိသူတွေဖြစ်တဲ့ မြန်မာသံရုံးနဲ့ ထိုင်းတာဝန်ရှိသူတွေလာပြီး ဖြေရှင်းပေးနိုင်ခဲ့တယ်၊ ဒီနေ့ ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာတော့ လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ကို ပြန်လည်ကြိုဆိုရေးနဲ့ပို့ဆောင်တဲ့ အစီစဉ်တွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်၊ လူ ၆၀၀ ကျော်ကို တခါတည်း ပို့တယ် အဲဒီထဲမှာ အမျိုးသမီးက ၁၃၆ ယောက်ပါပါတယ်၊ ရန်ကုန်က လူတွေကိုတော့ သင်္ဘောနဲ့ ပို့ဆောင်ဖို ့အစီစဉ်ရှိတယ် အသေးစိတ်တော့ မသိရသေးဘူး။ "
ထိုင်းဘက်က ရနောင်းလဝက အချုပ်ထဲမှာ လနဲ့ချီ ကြန့်ကြာနေရတာတွေ အစားအစား မလုံလောက်တာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအပြင် နေထိုင်းရေးကျပ်တည်းတာတွေကြောင့် လွတ်ရက်စေ့မြန်မာတွေက ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးကလည်း ပြောပြပါတယ်။
" နေရထိုင်ရတာက လူကလည်းများတော့ ဒုက္ခရောက်တယ်လေ၊ ကျန်းမာရေးက အရေပြားရောဂါတွေ သောက်သုံးရေ လိုအပ်တာတွေရှိတယ်၊ အဓိကတော့ အရေပြားနဲ့ ပတ်သက်တဲ့ရောဂါတွေ ပွေးဝဲယားနာ။ အထဲမှာ အဝတ်အစားမလုံလောက်တာ အများနဲ့နေရတာတွေ ဆိုတော့ အဲဒီရောဂါတွေလည်းဖြစ်ကြတယ်။ "
သူတို့ဟာ ကိုဗစ်ကပ်ဘေးကာလကစပြီး မြန်မာဘက်က လက်ခံနိုင်တဲ့ အရေအတွက်ပေါ်မူတည်ပြီး လူစုခွဲကာ တလကို တကြိမ် ၂ ကြိမ်ခန့်သာ လူအကန့်အသတ်နဲ့ ပြန်ပို့ပေးနေတာကြောင့် ကြန့်ကြာမူတွေဖြစ်ပြီး အချုပ်ထောင်ထဲမှာ ၆ လကျော် ရ လလောက်အထိ ဆက်ပြီး နေထိုင်နေရသူတွေပါ။ ဒီအတွက်ကြောင့် လွတ်ရက်စေ့မြန်မာတွေဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဆန္ဒပြခဲ့ကြပြီးမှ ပြန်ပို့ပေးတာတွေ ရှိခဲ့ပါတယ်။ အခုလည်း ဆန္ဒပြတာတွေဖြစ်ပြီးမှ ဒီလူတွေကို အစုအဝေးနဲ့မြန်မြန်ဆန်ဆန် ပြန်ပို့ပေးခဲ့တာလည်း ဖြစ်ပါတယ်ရှင်။