သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Australia အစိုးရရုံးတွေက တရုတ်လုပ် လုံခြုံရေးပစ္စည်းတွေ ဖယ်ရှား


သြစတေးလျ ကာကွယ်ရေးဝန်ကြီး Richard Marles (ဖေဖော်ဝါရီ ၃၊ ၂၀၂၃)
သြစတေးလျ ကာကွယ်ရေးဝန်ကြီး Richard Marles (ဖေဖော်ဝါရီ ၃၊ ၂၀၂၃)

သြစတြေးလျကာကွယ်ရေးဌာနရုံးတွေမှာ လုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ တရုတ်လုပ် CCTV ကင်မရာတွေပါအဝင် လုံခြုံရေး ပစ္စည်တွေကို ဖြုတ်ပစ်တော့မှာ ဖြစ်ပါတယ်။ ဗြိတိန်နဲ့ အမေရိကန်အစိုးရတွေက အလားတူ ဆုံးဖြတ်ချက်တွေချခဲ့ပြီးတဲ့နောက်မှာ သြစတြေးလျကလည်း အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ လုံခြုံရေးအန္တရာယ်ရှိ မရှိ သုံးသပ်ခဲ့ပြီးနောက် ခုလိုအရေးယူဆောင်ရွက်မှုတွေ လုပ်တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက Richard Marles ပြောပါတယ်။ တရုတ်ကုမ္ပဏီ Hikvision နဲ့ Dahua တို့က ထုတ်လုပ်ပြီး သြစတြေးလျ ကာကွယ်ရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဌာန၊ ကုန်သွယ်ရေးဌာန စတဲ့ အစိုးရရုံး တွေမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေ၊ စကားပြောစက်တွေနဲ့ ရုံးအဝင်အထွက် စစ်ဆေးတဲ့စက်တွေအပါအဝင် စုစုပေါင်း ၁,၀၀၀ နီးပါးကို ဖြုတ်ပစ်ရမှာ ဖြစ်တယ်လို့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ အတိုက်အခံအမတ် James Paterson ကလည်း ပြောပါတယ်။

တရုတ်အစိုးရ တချို့တဝက် ပိုင်ဆိုင်တဲ့ Hikvision နဲ့ Dahua ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ လုံခြုံရေးပစ္စည်းတွေကို အစိုးရအဆောက်အဦး ၂၀၀ နီးပါးမှာ တပ်ဆင်ထားတာ တေ့ွရှိခဲ့တယ်လို့ စစ်ဆေးသိရှိခဲ့ရတာဖြစ်တယ်လို့ သူကပြောပါတယ်။ သြစတြေးလျအစိုးရရဲ့ ဒီ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ တရုတ်အစိုးရကို မေးမြန်းတာမှာတော့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning က အမျိုးသားလုံခြုံရေးအတွက် အကြောင်းပြပြီး မှားယွင်းတဲ့၊ တရုတ်ကုမ္ပဏီတွေအပေါ် ခွဲခြားဆက်ဆံတဲ့အနေနဲ့ သြစတြေးလျအစိုးရက အာဏာကို အလွဲသုံးစားလုပ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန် ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အမျိုးသားဆက်သွယ်ရေး ကွန်ယက်ကို ကာကွယ်တဲ့အနေနဲ့ တရုတ်အခြေစိုက် Hikvision နဲ့ Dahua ကုမ္ပဏီတို့ အပါအဝင် တခြား တရုတ်ကုမ္ပဏီတွေထုတ်တဲ့ လုံခြုံရေးဆိုင်ရာ လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုခွင့် ပိတ်ပင်လိုက်ကြောင်း အမေရိကန်အစိုးရက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အလားတူဘဲ ဗြိတိန်အစိုးရရုံးတွေမှာ Hikvision ကထုတ်လုပ်တဲ့ လုံခြုံရေးဆိုင်ရာ လျှပ်စစ်ပစ္စည်းတွေ တပ်ဆင် အသုံးပြုခွင့် ပိတ်ပင်ကြောင်း နိုဝင်ဘာလမှာ ဆုံးဖြတ်ခဲ့ပါတယ်။

Australia အစိုးရရုံးတွေက တရုတ်လုပ် လုံခြုံရေးပစ္စည်းတွေ ဖယ်ရှား
please wait

No media source currently available

0:00 0:01:43 0:00
တိုက်ရိုက် လင့်ခ်

[Unicode]

Australia အစိုးရရုံးတှကေ တရုတျလုပျ လုံခွုံရေးပစ်စညျးတှေ ဖယျရှား




XS
SM
MD
LG