တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္ တိုက္ပြဲျပင္းထန္ခဲ့တဲ့ ေနရာေတြမွာ စစ္ေကာင္စီတပ္ေတြ အင္အားတိုး စစ္ေၾကာင္းဆင္ၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ စစ္ေရွာင္ေဒသခံေတြက ေျပာပါတယ္။ အခု လဆန္းပိုင္း စစ္ေကာင္စီက စစ္အုပ္ခ်ဳပ္ေရးနယ္ေျမ ေၾကညာတဲ့အထဲမွာ ပုေလာၿမိဳ႕နယ္ပါဝင္ခဲ့ၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္ ပိုမိုစစ္ေၾကာင္းဆင္လာတာလို႔ ျပည္သူ႔ကာကြယ္ေရးတပ္က ေျပာပါတယ္။ ပုေလာဘက္က တိုက္ပြဲသတင္းကို မျမသဇင္ေအာင္က ေျပာျပပါမယ္။
ပုေလာၿမိဳ႕နယ္ တိုေက်း႐ြာ သကၤန္းေတာေက်း႐ြာဖက္ကို ေန႔စဥ္ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ေဒသခံ စစ္ေျပးဒုကၡသည္တဦးက ေျပာပါတယ္။
“ဟိုမွာေလ တို႐ြာဘက္ကနဲ႔ သမီးတို႔ သကၤန္းေတာ႐ြာဘက္ေလ လက္နက္ႀကီးေတြ တအားထုပစ္ေနတာပါရွင့္။”
ပုေလာၿမိဳ႕ဘက္မွာ စစ္ေကာင္စီတပ္ေတြက တပ္စြဲအထိုင္ခ်ထားတယ္လို႔ေျပာပါတယ္။ အဲဒီကေန တိုေက်း႐ြာဖက္ကို စစ္ေၾကာင္းထိုးလာၿပီး လက္နက္ႀကီးေတြနဲ႔ ဦးတည္ရာမရွိ ေတာက္ေလွ်ာက္ ပစ္ခတ္ေနတာလို႔ ေနာက္ထပ္ စစ္ေရွာင္တစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။ အခုရက္ပိုင္း ေန႔စဥ္ ရက္ဆက္ဆိုသလို လက္နက္ႀကီးနဲ႔ ပစ္ခတ္ေနတာေၾကာင့္ စစ္ေရွာင္ျပည္သူေတြ စိုးရိမ္ေၾကာက္လန႔္ေနၾကတယ္လို႔လည္း ေျပာပါတယ္။
“အဲ့ဒီတို႐ြာကို စစ္သားဆင္းၿပီးဆိုလို႔ရွိရင္ သူက လက္နက္ႀကီးေတြ မတရားပိတ္ခ်တာ ၉ ရက္ဆက္တိုက္ျဖစ္ၿပီး တစ္ေန႔ တစ္ေန႔ဆိုလို႔ရွိရင္ ၁၀လုံးပိုဖက္က ရွိတယ္ဗ်ာ အဲ့ဒီစစ္သားေတြ ဆင္းမလာပဲနဲ႔ အဲ့ဒီလက္နက္ႀကီးနဲ႔ပဲ ပိတ္ခ်ေနတာေပါ့ေနာ္ ဒီဖက္ကို က်ေနာ္တို႔ သကၤန္းေတာဆိုတဲ့ ႐ြာဖက္ကို အဲ့လိုႀကီးျဖစ္ေနၿပီး ေဒါသထြက္စရာေကာင္းေနၿပီး က်ေနာ္တို႔ အျပစ္မဲ့ျပည္သူေတြ ေတာ္ေတာ္ဒုကၡေရာက္ကုန္ၿပီး သူတို႔ ဆက္တိုက္ေလွ်ာက္ပတ္ခ်တာနဲ႔ အိမ္မီးရႈိ႕တာနဲ႔ ဘာမွန္းလဲမသိေတာ့ပါဘူးဗ်ာ။”
စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းထိုးတဲ့ဘက္ကို လမ္းရွင္းတဲ့ သေဘာနဲ႔ လက္နက္ႀကီးနဲ႔ ပစ္ခတ္ေနသလို တိုက္ပြဲျဖစ္တိုင္းလည္း တိုေက်း႐ြာရဲ႕ ေနအိမ္ေတြ မီးရႈိ႕ဖ်က္ဆီးခံရတယ္လို႔ဆိုပါတယ္။ တိုေက်း႐ြာဟာ ၄ႀကိမ္ထက္မနည္း မီးရႈိ႕ဖ်က္စီးခံရၿပီး ေနအိမ္ ၁၀၀ နီးပါးေလာက္ ေလာင္ကြၽမ္းခဲ့တယ္လို႔ ကာကြယ္ေရးတပ္ေတြနဲ႔ ေဒသခံက ေျပာပါတယ္။
အိမ္ေျခ ၆၀၀ ေလာက္ရွိတဲ့ တိုေက်း႐ြာဟာ ၿပီးခဲ့တဲ့ ၃လေလာက္က ႐ြာတြင္း တိုက္ပြဲျဖစ္ပြားၿပီးေနာက္ ႐ြာသူ႐ြာသားေတြက ခုခ်ိန္ထိ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရတာပါ။ စစ္ေကာင္စီတပ္ေတြဟာ စစ္ေရးအရ အဓိကခ်တဲ့ တိုေက်း႐ြာ ေတာင္ကုန္းေနရာမွာ ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားလာတာေၾကာင့္ ခုခ်ိန္ထိ အၿမဲတမ္းလိုလို တိုက္ပြဲဆက္တိုက္ျဖစ္ေနတာလို႔ ၿမိတ္ခ႐ိုင္ တပ္ရင္း(၁) ျပည္သူ႔ကာကြယ္ေရးတပ္ တပ္ေထာက္ဗိုလ္ႀကီးက ဗီြအိုေအကို ေျပာပါတယ္။
အရင္က တိုေက်း႐ြာတဝိုက္မွာပဲ တိုက္ပြဲျပင္းထန္ခဲ့ေပမယ့္ အခုေနာက္ပိုင္း ေနရာျပန္ႀကဲၿပီး တိုက္ပြဲနယ္ေျမ က်ယ္ျပန႔္လာတယ္လို႔ဆိုပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၇ ရက္ ကေန ၁၁ ရက္ေန႔အထိ ၅ရက္ဆက္တိုက္ တိုေက်း႐ြာ ျမေဒါင္ေက်း႐ြာ ထမင္းမစားေက်း႐ြာ စတဲ့ေနရာမွာ တိုက္ပြဲျဖစ္ပြားေနခဲ့ၿပီး ႏွစ္ဖက္ အထိအခိုက္လည္း ရွိတယ္လို႔ ဆိုပါတယ္။ လက္နက္ႀကီးပစ္ခတ္မႈနဲ႔ တိုက္ပြဲေတြေၾကာင့္ ၁၀ ႐ြာထက္မနည္းက လူဦးေရ တစ္ေသာင္းနီးပါးေလာက္ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနၾကၿပီး အကူအညီမ်ိဳးစုံ လိုအပ္ေနၾကတယ္လို႔ ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ သတင္းျပန္ၾကားေရးက ဗီြအိုေအကို ေျပာပါတယ္။ အခုရက္ပိုင္း ပုေလာနယ္တခြင္ စစ္ေရးတင္းမာတဲ့ ေနရာတိုင္းမွာ စစ္အင္အားတိုးခ်ဲ႕ၿပီး စစ္ေၾကာင္းထိုးေနတယ္လို႔ ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ သတင္းျပန္ၾကားေရးက ခုလို ေျပာပါတယ္။
“တိုက္ပြဲျဖစ္တဲ့ေနရာတိုင္းနီးပါးကေတာ့ စစ္ေဘးေရွာင္ေတြရွိတယ္။ အဲ့စစ္ေဘးေရွာင္ေတြက ေတာ္ေတာ္မ်ားေနၿပီးေပါ့ေနာ္၊ သုံး၊ ေလး၊ ငါးေထာင္ ေသာင္းဂဏန္းေလာက္ေတာ့ ရွိေတာ့မယ္နဲ႔တူတယ္၊ တခ်ိဳ႕တေလက်ေတာ့လည္း ျပန္ေျပးၿပီးေတာ့မွ နည္းနည္းၿငိမ္သြားၿပီဆိုလို႔ရွိရင္ ကိုယ့္အိမ္ကိုယ္ ႐ြာျပန္ၿပီးေနတာလည္းရွိတာေပ့ါေနာ္ အဲ့လိုမ်ိဳးေပ့ါ တည္ၿငိမ္တာေတာ့ မရွိဘူးေပါ့ အဲ့လိုျဖစ္ေနတာ။ စစ္ေၾကာင္းထိုးဖို႔ဆိုတာက စစ္ေၾကာင္းကေတာ့ အခုဒီမွာ ေရလမ္း ကုန္းလမ္း အကုန္လုံးကို သူတို႔ဘက္ကေနၿပီးေတာ့ မာရွဲယ္ေလာထုတ္ၿပီးတဲ့ေန႔ကတည္းေနၿပီးေတာ့ ခ်ထားတာေပါ့ေနာ္ သူတို႔စခန္းေတြ တပ္အင္အားေတြခ်ထားတယ္ ျပန႔္ၿပီးေတာ့ ခ်ထားတယ္ ႐ြာစဥ္႐ြာတိုင္းနီးပါးမွာ ခ်ထားတယ္။”
ပုေလာၿမိဳ႕နယ္တြင္း စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသကာကြယ္ေရးအဖြဲ႕ေတြ မၾကာမၾကာ တိုက္ပြဲျဖစ္ေနတဲ့ေနာက္၊ အခု လဆန္းပိုင္း စစ္ေကာင္စီက စစ္အုပ္ခ်ဳပ္ေရးနယ္ေျမ ေၾကညာတဲ့အထဲမွာ ပုေလာၿမိဳ႕နယ္လည္း ပါဝင္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း စစ္ေကာင္စီတပ္ စစ္ေၾကာင္းေတြ ပိုမိုဝင္ထြက္လာရာကေန တိုက္ပြဲေတြပိုျပင္းထန္လာတာပါ။ ပုေလာမွာ လတ္တေလာ လက္နက္ႀကီးပစ္ခတ္ စစ္ေၾကာင္းဆင္တာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဖက္က ထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။
[Unicode]
ပုလောမြို့နယ်တွင်း တိုက်ပွဲများ ကျယ်ပြန့် ပြင်းထန်လာ
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာတွေမှာ စစ်ကောင်စီတပ်တွေ အင်အားတိုး စစ်ကြောင်းဆင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။ အခု လဆန်းပိုင်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေ ကြေညာတဲ့အထဲမှာ ပုလောမြို့နယ်ပါဝင်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ် ပိုမိုစစ်ကြောင်းဆင်လာတာလို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။ ပုလောဘက်က တိုက်ပွဲသတင်းကို မမြသဇင်အောင်က ပြောပြပါမယ်။
ပုလောမြို့နယ် တိုကျေးရွာ သင်္ကန်းတောကျေးရွာဖက်ကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံ စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။
“ဟိုမှာလေ တိုရွာဘက်ကနဲ့ သမီးတို့ သင်္ကန်းတောရွာဘက်လေ လက်နက်ကြီးတွေ တအားထုပစ်နေတာပါရှင့်။”
ပုလောမြို့ဘက်မှာ စစ်ကောင်စီတပ်တွေက တပ်စွဲအထိုင်ချထားတယ်လို့ပြောပါတယ်။ အဲဒီကနေ တိုကျေးရွာဖက်ကို စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိ တောက်လျှောက် ပစ်ခတ်နေတာလို့ နောက်ထပ် စစ်ရှောင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ အခုရက်ပိုင်း နေ့စဉ် ရက်ဆက်ဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း ပြောပါတယ်။
“အဲ့ဒီတိုရွာကို စစ်သားဆင်းပြီးဆိုလို့ရှိရင် သူက လက်နက်ကြီးတွေ မတရားပိတ်ချတာ ၉ ရက်ဆက်တိုက်ဖြစ်ပြီး တစ်နေ့ တစ်နေ့ဆိုလို့ရှိရင် ၁၀လုံးပိုဖက်က ရှိတယ်ဗျာ အဲ့ဒီစစ်သားတွေ ဆင်းမလာပဲနဲ့ အဲ့ဒီလက်နက်ကြီးနဲ့ပဲ ပိတ်ချနေတာပေါ့နော် ဒီဖက်ကို ကျနော်တို့ သင်္ကန်းတောဆိုတဲ့ ရွာဖက်ကို အဲ့လိုကြီးဖြစ်နေပြီး ဒေါသထွက်စရာကောင်းနေပြီး ကျနော်တို့ အပြစ်မဲ့ပြည်သူတွေ တော်တော်ဒုက္ခရောက်ကုန်ပြီး သူတို့ ဆက်တိုက်လျှောက်ပတ်ချတာနဲ့ အိမ်မီးရှို့တာနဲ့ ဘာမှန်းလဲမသိတော့ပါဘူးဗျာ။”
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတဲ့ဘက်ကို လမ်းရှင်းတဲ့ သဘောနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို တိုက်ပွဲဖြစ်တိုင်းလည်း တိုကျေးရွာရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ဆိုပါတယ်။ တိုကျေးရွာဟာ ၄ကြိမ်ထက်မနည်း မီးရှို့ဖျက်စီးခံရပြီး နေအိမ် ၁၀၀ နီးပါးလောက် လောင်ကျွမ်းခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံက ပြောပါတယ်။
အိမ်ခြေ ၆၀၀ လောက်ရှိတဲ့ တိုကျေးရွာဟာ ပြီးခဲ့တဲ့ ၃လလောက်က ရွာတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသူရွာသားတွေက ခုချိန်ထိ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပါ။ စစ်ကောင်စီတပ်တွေဟာ စစ်ရေးအရ အဓိကချတဲ့ တိုကျေးရွာ တောင်ကုန်းနေရာမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတာကြောင့် ခုချိန်ထိ အမြဲတမ်းလိုလို တိုက်ပွဲဆက်တိုက်ဖြစ်နေတာလို့ မြိတ်ခရိုင် တပ်ရင်း(၁) ပြည်သူ့ကာကွယ်ရေးတပ် တပ်ထောက်ဗိုလ်ကြီးက ဗွီအိုအေကို ပြောပါတယ်။
အရင်က တိုကျေးရွာတဝိုက်မှာပဲ တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် အခုနောက်ပိုင်း နေရာပြန်ကြဲပြီး တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက် ကနေ ၁၁ ရက်နေ့အထိ ၅ရက်ဆက်တိုက် တိုကျေးရွာ မြဒေါင်ကျေးရွာ ထမင်းမစားကျေးရွာ စတဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး နှစ်ဖက် အထိအခိုက်လည်း ရှိတယ်လို့ ဆိုပါတယ်။ လက်နက်ကြီးပစ်ခတ်မှုနဲ့ တိုက်ပွဲတွေကြောင့် ၁၀ ရွာထက်မနည်းက လူဦးရေ တစ်သောင်းနီးပါးလောက် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြပြီး အကူအညီမျိုးစုံ လိုအပ်နေကြတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ် သတင်းပြန်ကြားရေးက ဗွီအိုအေကို ပြောပါတယ်။ အခုရက်ပိုင်း ပုလောနယ်တခွင် စစ်ရေးတင်းမာတဲ့ နေရာတိုင်းမှာ စစ်အင်အားတိုးချဲ့ပြီး စစ်ကြောင်းထိုးနေတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ် သတင်းပြန်ကြားရေးက ခုလို ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့နေရာတိုင်းနီးပါးကတော့ စစ်ဘေးရှောင်တွေရှိတယ်။ အဲ့စစ်ဘေးရှောင်တွေက တော်တော်များနေပြီးပေါ့နော်၊ သုံး၊ လေး၊ ငါးထောင် သောင်းဂဏန်းလောက်တော့ ရှိတော့မယ်နဲ့တူတယ်၊ တချို့တလေကျတော့လည်း ပြန်ပြေးပြီးတော့မှ နည်းနည်းငြိမ်သွားပြီဆိုလို့ရှိရင် ကိုယ့်အိမ်ကိုယ် ရွာပြန်ပြီးနေတာလည်းရှိတာပေ့ါနော် အဲ့လိုမျိုးပေ့ါ တည်ငြိမ်တာတော့ မရှိဘူးပေါ့ အဲ့လိုဖြစ်နေတာ။ စစ်ကြောင်းထိုးဖို့ဆိုတာက စစ်ကြောင်းကတော့ အခုဒီမှာ ရေလမ်း ကုန်းလမ်း အကုန်လုံးကို သူတို့ဘက်ကနေပြီးတော့ မာရှဲယ်လောထုတ်ပြီးတဲ့နေ့ကတည်းနေပြီးတော့ ချထားတာပေါ့နော် သူတို့စခန်းတွေ တပ်အင်အားတွေချထားတယ် ပြန့်ပြီးတော့ ချထားတယ် ရွာစဉ်ရွာတိုင်းနီးပါးမှာ ချထားတယ်။”
ပုလောမြို့နယ်တွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ မကြာမကြာ တိုက်ပွဲဖြစ်နေတဲ့နောက်၊ အခု လဆန်းပိုင်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေ ကြေညာတဲ့အထဲမှာ ပုလောမြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ပိုမိုဝင်ထွက်လာရာကနေ တိုက်ပွဲတွေပိုပြင်းထန်လာတာပါ။ ပုလောမှာ လတ်တလော လက်နက်ကြီးပစ်ခတ် စစ်ကြောင်းဆင်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။