သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တူရကီက ငလ်င္ဒဏ္သင့္ေဒသကို ဝန္ႀကီး Blinken သြားေရာက္ၾကည့္႐ႈ


Annual Munich Security Conference

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ တူရကီႏိုင္ငံကို တနဂၤေႏြေန႔က သြားေရာက္ၿပီး၊ ေျမငလ်င္ဒဏ္ အပ်က္အစီးေတြကို ၾကည့္႐ႈခဲ့ပါတယ္။ ျပင္းအား ၇.၈ ႐ွိတဲ့ ေျမငလ်င္ေၾကာင့္ တူရကီနဲ႔ ဆီရီးယားႏိုင္ငံတို႔မွာ လူေပါင္း ၄၆၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး လူသန္းေပါင္းမ်ားစြာ အိုးမဲ့အိမ္မဲ့ ျဖစ္ေနၾကပါတယ္။

ဘလင္ကန္ဟာ တူရကီသမၼတ Recep Tayyip Erdogan နဲ႔ တူရကီႏိုင္ငံျခားေရးဝန္ႀကီး Mevlut Cavusoglu တို႔နဲ႔လည္း ေတြ႔ဆုံမယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ Cavusoglu ဟာ ၿပီးခဲ့တဲ့လ က ဝါ႐ွင္တန္ကို လာေရာက္ခဲ့ပါေသးတယ္။

ယူကရိန္းကို ႐ု႐ွားက က်ဴးေက်ာ္ဝင္ေရာက္တာ၊ ဆြီဒင္နဲ႔ ဖင္လန္ႏိုင္ငံတို႔က ေနတိုးအဖြဲ႕ဝင္‌ျဖစ္ဖို႔ ေလွ်ာက္ထားတာနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ တူရကီတို႔ သေဘာထား ကြဲျပားေနၾကတာကိုလည္း ေဆြးေႏြးၾကမယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ေဖေဖာ္ဝါရီ ၆ ရက္က လႈပ္ခဲ့တဲ့ ေျမငလ်င္ အပ်က္အစီးေတြၾကားမွာ ျဖစ္ေတာင့္ျဖစ္ခဲ အသက္႐ွင္ေနသူေတြကို ဆက္လက္ကယ္တင္လို႔ ရေနေပမဲ့၊ ကယ္ဆယ္ေရး လုပ္ငန္းေတြ ကို Kahramanmaras နဲ႔ Hatay ၂ နယ္ကလြဲၿပီး တနဂၤေႏြေန႔မွာ ရပ္မယ္လို႔ တူရကီ အေရးေပၚကယ္ဆယ္ေရးဌာနက ေျပာထားပါတယ္။

=== Unicode ====

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တူရကီနိုင်ငံကို တနင်္ဂနွေနေ့က သွားရောက်ပြီး၊ မြေငလျင်ဒဏ် အပျက်အစီးတွေကို ကြည့်ရှုခဲ့ပါတယ်။ ပြင်းအား ၇.၈ ရှိတဲ့ မြေငလျင်ကြောင့် တူရကီနဲ့ ဆီရီးယားနိုင်ငံတို့မှာ လူပေါင်း ၄၆၀၀၀ ကျော် သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြပါတယ်။

ဘလင်ကန်ဟာ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu တို့နဲ့လည်း တွေ့ဆုံမယ်လို့ မျှော်လင့်ထားကြပါတယ်။ Cavusoglu ဟာ ပြီးခဲ့တဲ့လ က ဝါရှင်တန်ကို လာရောက်ခဲ့ပါသေးတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်တာ၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့က နေတိုးအဖွဲ့ဝင်‌ဖြစ်ဖို့ လျှောက်ထားတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီတို့ သဘောထား ကွဲပြားနေကြတာကိုလည်း ဆွေးနွေးကြမယ်လို့ မျှော်လင့်ထားကြပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခဲ့တဲ့ မြေငလျင် အပျက်အစီးတွေကြားမှာ ဖြစ်တောင့်ဖြစ်ခဲ အသက်ရှင်နေသူတွေကို ဆက်လက်ကယ်တင်လို့ ရနေပေမဲ့၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို Kahramanmaras နဲ့ Hatay ၂ နယ်ကလွဲပြီး တနင်္ဂနွေနေ့မှာ ရပ်မယ်လို့ တူရကီ အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောထားပါတယ်။

XS
SM
MD
LG