သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား ကုမၸဏီပိုင္ ဘိုရင္း ၇၃၇ ေလယာဥ္ကို သိမ္းယူဖို႔ အေမရိကန္က ဝရမ္းထုတ္


႐ုရွားသူေဌးႀကီး အီေဂါ အီဗန္ႏိုဗစ္ခ်္ ဆက္ခ်င္ရဲ႕ Rosneft ေရနံကုမၸဏီ

=== [[ ZAWGYI ]] ===

႐ုရွား ကုမၸဏီပိုင္ ဘိုရင္း ၇၃၇ ေလယာဥ္ကို သိမ္းယူဖို႔ အေမရိကန္က ဝရမ္းထုတ္


ယူကရိန္း က်ဴးေက်ာ္စစ္အတြက္ တုံ႔ျပန္ ဒဏ္ခတ္တဲ့အေနနဲ႔ ႐ုရွားစြမ္းအင္ကုမၸဏီတစ္ခုက ပိုင္ဆိုင္တဲ့ ေဒၚလာ ၂၅ သန္းတန္ ဘိုးအင္း ၇၃၇ ေလယာဥ္တစီးကို သိမ္းဆည္းဖို႔ နယူးေယာက္မွာရွိတဲ့ ဖက္ဒရယ္တရား႐ုံးတခုက ခြင့္ျပဳလိုက္ပါတယ္။

ဒီေလယာဥ္ကို အေမရိကန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈ စာရင္းမွာပါဝင္တဲ့ ႐ုရွားသူေဌးႀကီး အီေဂါ အီဗန္ႏိုဗစ္ခ်္ ဆက္ခ်င္ Igor Ivanovich Sechin ရဲ႕ ေရနံကုမၸဏီက ပိုင္ဆိုင္ၿပီး သူ႔ ႐ုံးခ်ဳပ္က ေမာ္စကိုမွာ ရွိပါတယ္။

ခြင့္ျပဳခ်က္မရွိဘဲ ႐ုရွားႏိုင္ငံကို အေမရိကန္လုပ္ေလယာဥ္ ဝင္ေရာက္တာကို တားျမစ္ထားတဲ့ အေရးယူပိတ္ဆို႔မႈကို PJSC Rosneft ကုမၸဏီက ခ်ိဳးေဖာက္ခဲ့တယ္လို႔ အေမရိကန္အစိုးရ ေရွ႕ေနေတြက ဗုဒၶဟူးေန႔မွာ ‌ေျပာပါတယ္။ အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူမႈေတြကို ေပၚေပၚထင္ထင္ပဲ ေရွာင္တိမ္း က်ဴးလြန္ေနတဲ့ ႐ုရွားကုမၸဏီေတြနဲ႔ သူတို႔ရဲ႕ သူေဌးႀကီးေတြဟာ ထိုက္တန္တဲ့ ျပန္လည္ေပးဆပ္မႈေတြ လုပ္ရမယ္ဆိုတာကို အခု ဆုံးျဖတ္ခ်က္က ျပသလိုက္တာလို႔ ဆိုပါတယ္။

၂၀၂၂ ခုႏွစ္ ေဖေဖၚဝါရီလ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူေတြ စတင္ အသက္ဝင္ခ်ိန္က စၿပီး အဲဒီ ဘိုရင္းေလယာဥ္ဟာ ခုနစ္ႀကိမ္ထက္မနည္း ႐ုရွားႏိုင္ငံကို အဝင္-အထြက္ ျပဳလုပ္ခဲ့တယ္လို႔ ေျပာပါတယ္။ ဒီေလယာဥ္ဟာ အေမရိကန္ နယ္နိမိတ္ထဲမွာ ေနာက္ဆုံးရွိခဲ့တာကေတာ့ ၂၀၁၄ ခုႏွစ္ မတ္လကပါ။ အခုေလာေလာဆယ္မွာ ေလယာဥ္ဟာ ႐ုရွားခရီးစဥ္ သြားေနတယ္လို႔ ယူဆရေၾကာင္း အေမရိကန္ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဒီလို ေလယာဥ္ကို သိမ္းဆည္းဖို႔ ဝရမ္း ထုတ္ခံရတာနဲ႔ပတ္သက္ၿပီး ႐ုရွားကုမၸဏီဖက္ကို အီးေမးလ္ကေန ဆက္သြယ္ခဲ့ေပမယ့္ ျပန္လည္ ေျဖၾကားျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ရုရှား ကုမ္ပဏီပိုင် ဘိုရင်း ၇၃၇ လေယာဉ်ကို သိမ်းယူဖို့ အမေရိကန်က ဝရမ်းထုတ်


ယူကရိန်း ကျူးကျော်စစ်အတွက် တုံ့ပြန် ဒဏ်ခတ်တဲ့အနေနဲ့ ရုရှားစွမ်းအင်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ဒေါ်လာ ၂၅ သန်းတန် ဘိုးအင်း ၇၃၇ လေယာဉ်တစီးကို သိမ်းဆည်းဖို့ နယူးယောက်မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတခုက ခွင့်ပြုလိုက်ပါတယ်။

ဒီလေယာဉ်ကို အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာပါဝင်တဲ့ ရုရှားသူဌေးကြီး အီဂေါ အီဗန်နိုဗစ်ချ် ဆက်ချင် Igor Ivanovich Sechin ရဲ့ ရေနံကုမ္ပဏီက ပိုင်ဆိုင်ပြီး သူ့ ရုံးချုပ်က မော်စကိုမှာ ရှိပါတယ်။

ခွင့်ပြုချက်မရှိဘဲ ရုရှားနိုင်ငံကို အမေရိကန်လုပ်လေယာဉ် ဝင်ရောက်တာကို တားမြစ်ထားတဲ့ အရေးယူပိတ်ဆို့မှုကို PJSC Rosneft ကုမ္ပဏီက ချိုးဖောက်ခဲ့တယ်လို့ အမေရိကန်အစိုးရ ရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ ‌ပြောပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပေါ်ပေါ်ထင်ထင်ပဲ ရှောင်တိမ်း ကျူးလွန်နေတဲ့ ရုရှားကုမ္ပဏီတွေနဲ့ သူတို့ရဲ့ သူဌေးကြီးတွေဟာ ထိုက်တန်တဲ့ ပြန်လည်ပေးဆပ်မှုတွေ လုပ်ရမယ်ဆိုတာကို အခု ဆုံးဖြတ်ချက်က ပြသလိုက်တာလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ရုရှားအပေါ် ပိတ်ဆို့အရေးယူတွေ စတင် အသက်ဝင်ချိန်က စပြီး အဲဒီ ဘိုရင်းလေယာဉ်ဟာ ခုနစ်ကြိမ်ထက်မနည်း ရုရှားနိုင်ငံကို အဝင်-အထွက် ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီလေယာဉ်ဟာ အမေရိကန် နယ်နိမိတ်ထဲမှာ နောက်ဆုံးရှိခဲ့တာကတော့ ၂၀၁၄ ခုနှစ် မတ်လကပါ။ အခုလောလောဆယ်မှာ လေယာဉ်ဟာ ရုရှားခရီးစဉ် သွားနေတယ်လို့ ယူဆရကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို လေယာဉ်ကို သိမ်းဆည်းဖို့ ဝရမ်း ထုတ်ခံရတာနဲ့ပတ်သက်ပြီး ရုရှားကုမ္ပဏီဖက်ကို အီးမေးလ်ကနေ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

XS
SM
MD
LG